News

Android Platform ပေါ် ရောက်ရှိလာမယ့် Pokemon မဟုတ်တဲ့ Nexomon

အခုတစ်ခါ ဖော်ပြပေးမယ့် ဂိမ်းကတော့ Pokemon series ရဲ့ လွှမ်းမိုးမှုနဲ့အတူ role playing ဂိမ်းအမျိုးအစားတစ်ခု အဖြစ် Android Platform ပေါ်ရောက်ရှိလာဖို့ ရှိနေတဲ့ Nexomon အမည်ရတဲ့ ဂိမ်းလေးဘဲ ဖြစ်ပါတယ်။

အခုလောလောဆယ်မှာကတော့ Android Platform အတွက် စမ်းသပ်မှုတွေ ပြုလုပ်နေပြီး မကြာမှီ အချိန် ရောက်ရှိလာတော့မှာပါ။ IOS မှာ ထွက်ရှိပြီးသားဖြစ်တဲ့ ဂိမ်းဖြစ်တဲ့အတွက် Android Platform ပေါ်ရောက်ရှိလာတဲ့ အချိန်မှာလည်း ကောင်းမွန်မှုရှိနေမှာပါ။

ဒီဂိမ်းကတော့ Single Player Mode ဖြစ်တဲ့အတွက် မိတ်ဆွေအတွက် ဇာတ်လမ်းသွား ပုံစံနဲ့ ဖြစ်မှာပါ။ ဂိမ်းထဲမှာကတော့ သင့်အနေနဲ့ ကျော်ဖြတ်ရမယ့် အပိုင်းအခြား နေရာတွေကတော့ ဆယ်ခု မက ရှိနေပါတယ်။ မိတ်ဆွေအနေနဲ့ ဂိမ်းထဲမှာ trainer တစ်ယောက်အဖြစ်နဲ့ Pokemon series ထဲက အကောင်များကို ဖမ်းယူပြီး ၄င်းတို့ကို abilities များတိုးတက်အောင် လေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။

အစောပိုင်းက ပြောပြထားသလိုဘဲ ဒီဂိမ်းဟာ Pokemon series ကို အခြေခံထားတဲ့ ဂိမ်းဖြစ်တဲ့အတွက် Pokemon ပရိသတ်တွေအတွက် သဘာကျစရာဖြစ်မှာပါ။ သတိထားရမယ့် အချက်ကတော့ ဒီဂိမ်းမှာ မိတ်ဆွေအနေနဲ့ ကြမ်းတမ်း စွမ်းဆောင်ရည် မြင့်မားတဲ့ Monsters အကောင်များကို ဖမ်းယူ စုဆောင်းပြီး လေ့ကျင့်ပေးရမှာကတော့ မိတ်ဆွေအတွက် အရေးကြီးပါတယ်။ များပြားတဲ့ monsters အကောင် ၃၀၀ ကျော်ဟာလည်း ဂိမ်းထဲမှာပါဝင်နေပြီး မိတ်ဆွေအနေနဲ့ အကောင်တိုင်း အတွက် စွမ်းဆောင်ရည်များ မြင့်မားအောင် ပုံစံသွင်း လေ့ကျင့်ပေးရာမှာကတော့ တာဝန်ကြီးတစ်ခုဖြစ်ပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ Nexomon King မွန်းစတား အကောင်ကို အနိုင်ယူရမှာလည်း ဖြစ်ပါတယ်။

အခုလောလောဆယ်အနေနဲ့ Android Platform မှာ ရောက်ရှိဖို့တော့ လိုအပ်အုန်းမှာ ဖြစ်ပါတယ်။ ဒါပေမယ့် App Store မှာ Free to Play အနေနဲ့ ရယူနိုင်ပြီ ဆိုတဲ့ အကြောင်း သတင်းစကားပါးရင်း Android Platform ပေါ်ရောက်ရှိမယ့် နေ့ကို ရင်ခုန်စွာနဲ့ စောင့်စားကြပါစို့လို့ တိုက်တွန်းရင်း . . . . . . . . . . . ။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: