ArticleNews

GCN နဲ့ Huawei တို့ပူးပေါင်းကျင်းပမယ့် PUBG mobile (LAN) ပြိုင်ပွဲအကြောင်းသိပြီးကြပြီလား?

ကျွန်တော်တို့တော်တော်များများကြိုက်နှစ်သက်ကြတဲ့ Game Live stream video creator Game Cast Network Myanmar ဟာတော့ Huawei နဲ့ပူးပေါင်းပြီး “Huawei New Year Championship 2018” PUBG mobile (LAN) Tournament တစ်ခုကိုကျင်းပသွားတော့မှာပဲဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က Melia Hotel Yangon မှာကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့တယ်လို့သိရပါတယ်။ သတင်းစာရှင်းလင်းပွဲကိုတော့ AKgoLive, Myanmar 10k Gamer, Aung Paing Cho တို့အပါအဝင် နာမည်ကြီး Live Streamers တွေနဲ့အတူ စည်စည်ကားကားကျင်းပခဲ့တာဖြစ်ပါတယ်။

ကျင်းပသွားမယ့် PUBG mobile (LAN) Tournament ကိုတော့ မြန်မာနိုင်ငံသားဖြစ်ပြီး ကိုယ့်ကိုယုံကြည်မှုရှိသူတွေအားလုံးဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ဆုကြေးငွေ Prize Pool ကိုတော့ USD 5000 အထိသတ်မှတ်ပေးထားတယ်လို့သိရပါတယ်။ Tournament ကိုတော့ လာမယ့် ဒီဇင်ဘာလ ၂၄ ရက်နေ့ နဲ့ ၂၆ ရက်နေ့မှာ Qualifiers ပွဲစဉ်အဖြစ်ကျင်းပသွားမှာဖြစ်ပြီး Main Event ကိုတော့ ဒီဇင်ဘာ ၃၁ ရက်နေ့၊ Junction City မှာ ကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်။

ပြိုင်ပွဲအတွက်စာရင်းပေးသွင်းရမယ့် Registration ကိစ္စတွေကိုတော့ Game Cast Network Myanmar Facebook Page ကဆက်လက်ဖော်ပြပေးသွားမှာဖြစ်တာမို့ Like နဲ့ See first လုပ်ပြီး သတင်းအချက်အလက်တွေကိုစောင့်ဆိုင်းနိုင်ပါတယ်။ ကဲ… ဝင်ပြိုင်မယ်လို့ရည်ရွယ်ထားတဲ့ ချိဖ၊ ချိမ တို့ ဘာကြည့်နေတာလဲ… အခုပဲ Squad ရှာပြီး Train တော့လေ 😁)

***Updated***

အောက်ပါလင့်ခ်ကနေ သွားရောက် register လုပ်ဆောင်နိုင်ပါပြီ။

Register link – https://bit.ly/2QDvy23

Source 1, 2

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password