Features

ဘော်ဒါတွေနဲ့ တူတူဖြဲလို့ရတဲ့ Local Multiplayer ဂိမ်းများ

ကဲ.. သင်္ကြန်ပိတ်ရက်မှာ ရေပက်ခံမထွက်ပဲ ဘော်ဒါတစ်ယောက်ယောက်အိမ်မှာစုပြီး နှပ်ကြမယ်ဆိုတဲ့ ညီကိုတွေအတွက် (မယုံမရှိနဲ့.. အဲလိုဂြိုဟ်သားတွေတကယ်ရှိတယ်) အခန်းထဲမှာထိုင်နေတဲ့သူတွေချည်း အင်တာနက်မလိုပဲ ချိတ်ဆက်ဆော့ကစားလို့ရမယ့်ဂိမ်းအချို့ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ တတ်နိုင်သလောက် Free-to-Play တွေကိုဖော်ပြပေးထားပေမယ့် အချို့ Paid ဂိမ်းတွေက ကောင်းလွန်းအားကြီးလို့ တပါတည်းဖော်ပြပေးထားပါတယ်။ ဒါပေမယ့်မပူပါနဲ့.. ကျွန်တော် Must Play လို့ပြောမယ့်ဂိမ်းတွေက File Size သေးတဲ့ Free-to-Play တွေပါ.. အဲဒါတွေကစားရင် ရှယ်ပျော်ဖို့ကောင်းရမယ်လို့လည်း အာမခံလိုက်ပါတယ်။

 

BombSquad (Must Play)

BombSquad

ဒီတစ်ခုကိုတော့ ရှယ် Recommend လုပ်ပါတယ်။ BombSquad ဟာ Mini Game တွေအများကြီးပါဝင်ပြီး ကစားသူ ၈ ယောက်အထိ တပြိုင်တည်း ချိတ်ဆက်ကစားလို့ရတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Deathmatch တီးချင်သလား၊ အလံလုပြီး ပြေးရတာမျိုးကစားချင်သလား၊ ဒါမှမဟုတ် Ice Hockey ကစားချင်သလား.. BombSquad မှာအကုန်ရှိပါတယ်။ Graphic ကလည်း Console Quality နီးနီးပါပဲ။ ကစားနည်းကရိုးရှင်းသလို ပျော်စရာလည်း အင်မတန်ကောင်းပါတယ်။

BombSquad က Android အတွက်ကတော့ Application သပ်သပ်ရှိပေမယ့် iOS သမားတွေက အခြားနည်းလမ်းနဲ့ ဆော့ကစားရမှာ ဖြစ်ပါတယ်။ Play Store နဲ့ App Store တို့ကနေ BombSquad Remote ဆိုတဲ့ Application ကို သင့်ဖုန်းထဲ ထည့်သွင်းလိုက်ရင် သင့်ဖုန်းကို Game Remote အနေနဲ့ အသုံးပြုပြီး Mac နဲ့ Windows ကွန်ပြူတာတွေပေါ်မှာ Run ထားတဲ့ BombSquad ကို ချိတ်ဆက်ဆော့ကစားလို့ရမှာ ဖြစ်ပါတယ်။ ချိတ်ဆက်မယ့်သူတွေအားလုံးက Wifi Network တစ်ခုတည်းပေါ်မှာရှိနေရင် ချိတ်ဆက်ဆော့ကစားလို့ရပါပြီ.. အင်တာနက်လုံးဝမလိုပါဘူး။ လိုအပ်တဲ့ Download Links အားလုံးကို လုပ်ရမယ့် Step တွေနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။

1. Mac သမားတွေကတော့ Mac Store မှာ BombSquad လို့သာရိုက်ရှာလိုက်ရုံပါပဲ။ Windows သမားတွေကတော့ ဒီနေရာ ကိုသွားပါ။ ပြီးတော့ အဲမှာပြထားတဲ့ File တွေထဲက “BombSquad_Windows” နဲ့စတဲ့ File ကိုဒေါင်းယူလိုက်ပါ။

2. ပြီးရင် BombSquad Remote ကို မိမိ Device ပေါ်မူတည်ပြီး ဒီနေရာတွေမှာသွားဒေါင်းပါ~ Android, iOS

3. BombSquad ကို Install ထားတဲ့ PC/Mac နဲ့ သင်တို့ရဲ့ဖုန်းတွေ Wifi Network တစ်ခုတည်းပေါ်မှာရှိနေအောင်လုပ်ပါ။

4. ပြီးရင်တော့ ချိတ်ဆက်ပြီး ဆော့ကစားလို့ရပါပြီ။ ဒီဂိမ်းလေးက ကစားရဖို့ နည်းနည်းလေးလက်ဝင်ပေမယ့် ပေးလိုက်ရတဲ့အချိန်နဲ့ ရှယ်တန်ပါတယ်။ တစ်နေကုန်ထိုင်ဆော့ရင်တောင် ပျင်းဖို့မကောင်းတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။

 

Spaceteam (Must Play)

ဒီတစ်ခုကလည်း လူ ၃ ယောက်နဲ့အထက်ဆော့ရင် အမှန်အကန်ပျော်ဖို့ကောင်းတဲ့ဂိမ်းလေးပါ။ Spaceteam မှာ အချိန်နဲ့အမျှ အလိုအလျှောက် ပျက်စီးယိုယွင်းလာတဲ့ အာကာသယာဉ်လေးကို မပျက်စီးသွားအောင် ထိန်းသိမ်းပြုပြင်ပြီး မောင်းနှင်ကြရမှာပါ။ ကစားသူတွေရဲ့ဖုန်းပေါ်မှာက တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ Control Board တွေပေါ်နေမှာပါ။ ယာဉ်ပျံကိုပြုပြင်ဖို့ ညွှန်ကြားချက်တွေက ပေါ်ချင်တဲ့ဖုန်းပေါ်မှာ Random ပေါ်မှာဖြစ်ပါတယ်။ အဲဒီညွှန်ကြားချက်မှာပါတဲ့ခလုပ်က ကိုယ့်ဆီမှာရှိရင်တော့ ပြဿနာမဟုတ်ပေမယ့် သူများဖုန်းပေါ်မှာရှိနေတတ်တာလည်းရှိပါတယ် (ဒီလိုမျိုးက ပိုအဖြစ်များပါတယ်)။ အဲဒီအခါကျရင် သတ်မှတ်ထားတဲ့အချိန်အတွင်းပြီးစီးဖို့အတွက် ပေါ်လာသမျှညွှန်ကြားချက်တွေကို အော်ဟစ်ပြောဆို၊ ကြားတဲ့သူကပြေးနှိပ်.. အဲဒီနည်းနဲ့ ဆော့ကစားရမှာပါ။ ဒီဂိမ်းကို ကစားသူ ၈ ယောက်အထိတစ်ပြိုင်တည်းကစားလို့ရပါတယ်။ Wifi ရော Bluetooth နဲ့ပါ ချိတ်ဆက်ဆော့ကစားလို့ရပါတယ်။ လူများများနဲ့ဆော့လေ ပျော်ဖို့ပိုကောင်းလေပါပဲ။

Download Links: Android, iOS

 

Asphalt 8, Mini Motor Racing

asphalt 8

ဘော်ဒါတွေနဲ့ Local ချိတ်ပြီး ကားမောင်းပြိုင်ချင်တယ်ဘာညာဆိုရင်တော့ အပေါ်မှာပြောထားတဲ့ဂိမ်းတွေကိုသာပြေးဒေါင်းလိုက်ပါ။ Asphalt Series ကတော့ ထွေထွေထူးထူးမိတ်ဆက်ပေးစရာတောင် မလိုလောက်ပါဘူး။ Mini Motor Racing ကတော့ Minimalize လုပ်ထားတဲ့ ချစ်စရာ Graphic နဲ့ဂိမ်းလေးပါ။ ဒီဂိမ်းနှစ်ခုလုံးမှာ Wifi Network ကနေတစ်ဆင့် Local Multiplayer ချိတ်ဆက်ကစားလို့ရပါတယ်။ အဲဒီတော့ ကိုယ့်ဘော်ဒါတွေက Racing Game လေးတွေဖက်အားသန်တယ်ဆိုရင် ဒီဂိမ်းတွေခေါ်ဆော့လို့ရပါတယ်။

Asphalt 8 (Free): Android, iOS
Mini Motor Racing ($2.99): Android, iOS

 

Dungeon Hunter 4

dungeon hunter 4

RPG ဂိမ်းတွေကို Local Co-Op ကစားချင်သပဆိုရင် Dungeon Hunter 4 ကိုစမ်းကြည့်ပါလို့ အကြံပေးချင်ပါတယ်။ Local Wifi Network ကနေတစ်ဆင့် အခြားကစားသူ ၄ ယောက်အထိ ချိတ်ဆက်ပြီး ကစားလို့ရပါတယ်။ Multiplayer ဆော့လို့ရတဲ့ Game Mode တွေကလည်းအများကြီးဆိုတော့ အိမ်တွင်းအောင်းဖြစ်တဲ့တစ်နေ့တာလုံး ပျင်းရမှာမဟုတ်ပါဘူး။

Download Links: Android, iOS

 

Doodle Army 2: Mini Militia

Doodle Army 2: Mini Militia

Heavy ဂိမ်းတွေဖက်သွားပြီးပြီဆိုတော့ File Size လည်းသေး၊ ကစားရတာလည်း ပေါ့ပေါ့ပါးပါးရှိတဲ့ဂိမ်းတွေဖက်ကိုသွားချင်ပါတယ်။ Doodle Army 2: Mini Militia ကတော့ ကာတွန်းဆန်ဆန်လေးဖြစ်ပြီးတော့ အပေါ်အောက် platform တွေကြားထဲမှာ ခုန်ပျံကျော်လွှားပြီး ရန်သူတွေကို လိုက်လံပစ်ခတ်ရမှာဖြစ်ပါတယ်။ Local Wifi နဲ့ Bluetooth တွေကိုသုံးပြီး Player ၈ ယောက်အထိ ချိတ်ဆက်ဆော့ကစားလို့ရပါတယ်။ အစပိုင်းမှာ control စနစ်နဲ့ကျင့်သားရအောင် နည်းနည်းကျင့်ယူရပေမယ့် အသားကျသွားရင် ငှက်လေးတွေလို ဟိုခုန်ကူး ဒီခုန်ကူးနဲ့ ရှယ်အရသာတွေ့သွားပါလိမ့်မယ်။

Download Links: Android, iOS

 

 

ကဲ.. အပေါ်မှာတော့ တတ်နိုင်သလောက် Free-to-Play တွေထဲက ရွေးချယ်ပြောပြပေးသွားတာပါ။ Paid Game တွေထဲမှာလည်း အင်မတန်ကောင်းတဲ့ Local Co-Op ရတဲ့ဂိမ်းတွေရှိပါတယ်။ Badland တို့၊ Worms 3 တို့၊ Terraria တို့၊ Minecraft တို့ဆိုရင်လည်း ရှယ်ကောင်းတဲ့ Local Multiplayer ရတဲ့ဂိမ်းတွေပါ။ ကစားမယ့်သူအားလုံး ဝယ်ရမှာဘာညာကြောင့်သာ အကျယ်တဝင့်မပြောတော့တာပါ။ အပေါ်မှာပြောခဲ့သလောက်နဲ့တင် မကြာခင်လာမယ့် အားလပ်ရက်ရှည်အတွက် ကောင်းကောင်းလုံလောက်ပါတယ်။ အားလုံးပဲ Happy Holiday ပါလို့… 😆

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: