Shard of Whispers တွေကိုနှိမ်နှင်းပြီး အမှောင်လောကကိုဖယ်ရှားရမဲ့ Lionheart : Dark Moon!

လွန်ခဲ့တဲ့ ၃ ရက်တုန်းက ကျွန်တော် Lionheart : Dark Moon ဆိုတဲ့ဂိမ်းလေးကိုမိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ သတင်းအနေနဲ့သာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ Playon ကိုမကြာခဏလာလည်ကြတဲ့ လူတွေဆို ဒီဂိမ်းလေးနဲ့ ရင်းနှီးပြီးဖြစ်မှာပါ။ အခု review လေးမှာစုံစုံလင်လင်ဖော်ပြပေးသွားမှာကြောင့် မသိလိုက်တဲ့လူတွေအတွက်လည်း စိတ်ပူစရာမရှိပါဘူး။

Lionheart : Dark Moon ဆိုတဲ့ဂိမ်းလေးဟာ ကျွန်တော်မိတ်ဆက် ခဲ့တဲ့အချိန်တုန်းက Coming Soon ဖြစ်နေပြီး အခုတော့ ထွက်ရှိနေပြီဖြစ်ပါတယ်။ RPG ဂိမ်းအမျိုးအစားဖြစ်ပြီး Stunning Graphic တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ Story Line နဲ့သွားနေရမှာဖြစ်ပြီး Character တွေကိုလည်း 3D Animation နဲ့ဖန်တီးထားတာကြောင့် ကြည့်ရတာတော်တော်အဆင်ပြေ မှာဖြစ်ပါတယ်။


ဒီဂိမ်းမှာမိတ်ဆွေရဲ့တာဝန်ကတော့ ခေါင်းစဉ်ကအတိုင်းပဲ Shard of Whispers တွေကိုနှိမ်နှင်းရမှာဖြစ်ပါတယ်။ အဲ့ဒီအကောင်တွေကိုမနှိမ်နှင်းဘူးဆိုရင်တော့ အမှောင်လောက ကကြီးစိုးလာမှာဖြစ်ပြီး ကမ္ဘာကြီးအတွက်လည်း အန္တရာယ်ကျရောက်မှာဖြစ်ပါတယ်။ အမှောင်လောက က Shard of Whispers တွေကအရေအတွက်အများကြီးရှိနေမှာဖြစ်သလို၊ အမျိုးအစားတွေလည်းအများကြီးရှိနေမှာပါ။ အကောင်အသေးလေးတွေပါဝင်မှာဖြစ်သလို၊ အကောင်အကြီးကြီးအဖြစ်တည်ရှိနေတဲ့ Boss လည်းပါဝင်မှာဖြစ်ပါတယ်။ Boss ကအကောင်က အကြီးဆုံးဖြစ်နေမှာဖြစ်သလို အကြမ်းဆုံးလည်းဖြစ်နေမှာပါ။

 

 

မိတ်ဆွေဘက်မှာလည်း Hero အမျိုးအစားများစွာပါဝင်မှာဖြစ်လို့ ကြောက်စရာတော့မရှိပါဘူး။ Hero အမျိုးအစားက ၁၀၀ ကျော်ပါဝင်တာကိုတွေ့ရမှာပါ။ Hero တစ်ယောက်ချင်းစီမှာလည်း သူ့ သမိုင်းနဲ့ သူရှိနေမှာဖြစ်ပါတယ်။  ဒါ့အပြင်တစ်ယောက်ချင်းစီမှာလည်း Special Power တစ်မျိုးစီရှိနေမှာကြောင့် မိတ်ဆွေဘက်မှာလည်း အင်အားတောင့်တယ်လို့ ဆိုနိုင်ပါတယ်။ Story Mode ဂိမ်းလေးဖြစ်တာကြောင့် ဂိမ်းတစ်ခုလုံးမှာ ဇာတ်လမ်းဖြစ်စဉ်တွေကို စကားပြောတဲ့အနေနဲ့တွေ့ရမှာဖြစ်ပါတယ်။ စကားပြောတဲ့ အခန်းတွေကို မကျော်ပဲကြည့် မှသာ ဇာတ်လမ်းဖြစ်စဉ်တွေကို သိရှိမှာဖြစ်ပြီး နောက် Level မှာဘာဖြစ်မလဲဆိုတဲ့ Tips တွေရရှိမှာဖြစ်ပါတယ်။

Battle Field ထဲမှာလည်း တစ်ကောင်ချင်းမဟုတ်ပဲ အဖွဲ့လိုက်ချရမှာပါ။ မိတ်ဆွေဘက် ကတစ်ချက်၊ ရန်သူဘက်ကတစ်ချက်နဲ့ချနေရမှာဖြစ်ပါတယ်။ အဖွဲ့လိုက်တိုက်ရမှာဖြစ်တာကြောင့် Hero တွေကို Position ချတဲ့နေရာ ကအရေးကြီးဆုံးဖြစ်ပါတယ်။ Position ကို Strategy သေချာသုံးပြီး ချ မှသာအနိုင်ရဖို့ အခွင့်ရေးပိုများမှာဖြစ်ပါတယ်။ ဒါ့အပြင်ဆော့ရမဲ့ Dimension တွေကလည်း များစွာပါဝင်တာကိုတွေ့ရမှာပါ။ Strategy သုံးရမှာကြောင့် မိတ်ဆွေရဲ့ ဦးနှောက်ကို refresh လုပ်တဲ့အခါမှာအသုံးဝင်မဲ့ဂိမ်းလေးဖြစ်ပါတယ်။ မိတ်ဆွေက ဒီဂိမ်းမှာ က အင်အားကြီးတဲ့ အဖွဲ့တစ်ဖွဲ့ နဲ့ Strategy ကောင်းကောင်းရှိပြီဆိုရင်တော့ နိုင်ဖို့ ၉၉ ရာခိုင်နှုန်းက မိတ်ဆွေဘက်မှာရှိနေမှာဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပါတယ်။ ထွက်ရှိတာမကြာသေးတဲ့ ဂိမ်းလေးဖြစ်ပြီး RPG ဂိမ်းကောင်းလေးတစ်ခုဖြစ်တာကြောင့်မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Image Source :

https://play.google.com/store/apps/details?id=ca.emeraldcitygames.erpg

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password