MMORPG ဂိမ်းလေးတစ်ခုဖြစ်တဲ့ Lineage 2 : Revolution

နိုဝင်ဘာ ၁၅ ရက်မှထွက်ရှိထားတဲ့ဂိမ်းလေးဖြစ်တာကြောင့် ထွက်ရှိထားတာ ၁ ရက် သာရှိပါသေးတယ်။ MMORPG (Massively multiplayer online role-playing) ဂိမ်းလေးဖြစ်တာကြောင့် မတူညီတဲ့ ခံစားမှုမျိုးရရှိစေမှာတော့ အမှန်ပဲဖြစ်ပါတယ်။ သမိုင်းအသစ်တစ်ခုဖန်တီးပြီး ကမ္ဘာပေါ်ကိုကျရောက်မယ့် ဘေးအန္တရာယ်တွေကိုဖယ်ရှားရမှာကတော့ မိတ်ဆွေရဲ့တာဝန်သာဖြစ်ပါတယ်။

ဒီဂိမ်းမှာမိတ်ဆွေရဲ့ ရန်သူတွေကတော့ ဘီလူးတွေ၊ မှော်ပညာရှင်တွေ၊ သားရိုင်းကောင်တွေ ဖြစ်နေပြီး မိတ်ဆွေရဲ့ Character တွေကတော့လူ ဖြစ်နေမှာပါ။ လူဖြစ်နေပေမဲ့ မိတ်ဆွေကိုင်ရမယ့်လက်နက်တွေက Extraordinary ကောင်ကြီးတွေကိုနှိမ်နှင်းနိုင်မှာကြောင့် မိတ်ဆွေဘက်ကလည်းပေါ့သေးသေးတော့ မဟုတ်ပါဘူး။ မိတ်ဆွေကဒီဂိမ်းမှာတော့ ကမ္ဘာပတ်ပြီး လျှောက်သွားနေရမှာဖြစ်ပါတယ်။ ဒီအတိုင်းကြီးပျော်သလိုသွားနေရမှာမဟုတ်ဘဲ ပေးထားတဲ့ Quest လေးတွေကိုဆော့နေရမှာဖြစ်ပါတယ်။

မြေပုံက အကျယ်ကြီးဖြစ်နေမှာဖြစ်ပြီး သွားရာလမ်းတစ်လျှောက်မှာ ရန်သူပြည့်နှက်နေမှာပါ။ ရန်သူတွေပြည့်နှက်နေသလို မိတ်ဆွေလိုပဲကမ္ဘာပတ်သွားလာနေတဲ့ Global က Player တွေကိုလည်းတွေ့ရဉီးမှာဖြစ်ပါတယ်။ ရန်သူတွေမှာခေါင်းဆောင်အကြီးစားတွေလည်းပါဝင်ပါသေးတယ်။ ဒါ့အပြင် မိတ်ဆွေကို Quest လုပ်ခိုင်းမယ့်လူတွေပါရှိနေမှာပါ။

 

 

မိတ်ဆွေစိတ်ပါရင် Global က Player တွေနဲ့ သူငယ်ချင်းလုပ်ပြီး တစ်ဖွဲ့တည်းအတူတူဆော့နိုင်မှာဖြစ်ပါတယ်။ မသိတဲ့လူတွေနဲ့ မဆော့ချင်ဘူးဆိုရင်တော့ မိတ်ဆွေရဲ့သူငယ်ချင်းတွေနဲ့ Clan ထောင်ပြီးဆော့နိုင်ဉီးမှာဖြစ်ပါတယ်။ In-game ရဲ့ဘယ်ဘက်ထောင့်ဆုံးမှာတော့ မိတ်ဆွေ Character ရဲ့ level အတန်းလေးရှိနေမှာဖြစ်ပါတယ်။ လမ်းခရီးတစ်လျှောက်က ရန်သူတွေကိုသတ်နိုင်တာပဲဖြစ်ဖြစ်၊ လုပ်ခိုင်းတဲ့ Quest တွေကိုပြီးမြှောက်အောင်လုပ်ဆောင်နိုင်တာပဲဖြစ်ဖြစ် Level တက်သွားမှာဖြစ်ပါတယ်။ Level များလာရင် ခံနိုင်ရည်အားပိုကောင်းလာမှာဖြစ်ပြီး မိတ်ဆွေရဲ့ ရရှိနိုင်တဲ့ အခွင့်အရေးတွေ၊ ဆုကြေးတွေကလည်း ပိုများ၊ ပိုကောင်း လာမှာဖြစ်ပါတယ်။

 

 

ရန်သူတွေထဲမှာ အကောင်အကြီးစား၊ အကြမ်းစားတွေရှိနေတာကြောင့် မနိုင်ဘူးထင်ရင်သွားမစဖို့အကြုံပြုပါရစေ။ PvP (Player Vs Player) ကစားနိုင်တဲ့ဂိမ်းလေးဖြစ်ပါတယ်။ 50 Vs 50 အထိကစားနိုင်တဲ့ဂိမ်းလေးဖြစ်တာကြောင့် MMO (Massive Multiplayer Online) ဂိမ်းလို့အမည်တွင်နေတာလည်းဖြစ်ပါတယ်။ Unreal Engine 4 နဲ့ဖန်တီးထားတာဖြစ်ပြီး Graphics ပိုင်းကတော့ မိတ်ဆွေစိတ်မပျက်စေရဘူးဆိုတာ အာမခံပါတယ်။ ရန်သူတွေကအများကြီးရှိနေပြီး မိတ်ဆွေသွားနိုင်တဲ့နေရာကလည်းများစွာရှိနေတာကြောင့် ခဏဆော့ရုံနဲ့ပြီးသွားမယ့်ဂိမ်းတော့မဟုတ်ပါဘူး။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်ပြီး MMORPG ဂိမ်းကောင်းလေးတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအားသတင်းပေးလိုက်ပါတယ်။

 

 

Image Source : Lineage 2 : Revolution

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password