တောနက်ထဲမှာ ကောင်လေးတစ်ယောက်နေရာ ကနေဆော့ကစားရမယ့် Limbo!

Best Downloadable, Best Puzzle Game, The Best Indie Game, Digital Game of the Year, Best Independent Game, Best Downloadable Game, Best Horror Game စတဲ့ဆုတွေအပြင် ဆုပေါင်း 100 ကျော်ကိုပိုင်ဆိုင်ထားတဲ့ဂိမ်းဖြစ်ကြောင်းဦးစွာပြောပါရစေ။ ဒီဂိမ်းမှာမိတ်ဆွေက ကောင်လေးတစ်ယောက်နေရာကဆော့ရမှာပါ။ ငယ်ရွယ်တဲ့ကောင်လေးလို့ပြောရင်ပိုမှန်ပါလိမ့်မယ်။ မိတ်ဆွေဆော့ရမယ့်ကောင်လေးက တောနက်ကြီးထဲမှာလမ်းပျောက်နေတာပါ။ တောထဲမှာလမ်းပျောက်နေတာကြောင့် ဘယ်သွားလို့သွားရမလဲသိမှာမဟုတ်ပါဘူး။ တောကြီးကနက်တဲ့အပြင် အရမ်းကိုလည်းမှောင်မည်းနေပါတယ်။

 

ဒီဂိမ်းထဲမှာတောတစ်တောလုံးကိုအမှောင်ထုကြီးကစိုးမိုးထားတာကြောင့်မိတ်ဆွေက မိတ်ဆွေရဲ့ Character ကောင်လေးရဲ့မျက်နှာကိုတောင်မြင်ရမှာမဟုတ်သလို၊ အရှေ့မှာရှိနေတဲ့ ပစ္စည်းတွေကိုလည်းမြင်ရမှာမဟုတ်ပါဘူး။ လုံးဝကြီးမမြင်ရမှာတော့မဟုတ်ဘူးဗျ၊ အချိန်ကညသန်းခေါင်နဲ့ မနက်မိုးလင်း ပြောရရင် အရုဏ်ဦးအချိန်ပေါ့၊ အဲ့ဒီအချိန်နှစ်ခုကြားမှာဆိုတော့ လ ကထွက်လာတဲ့အလင်းရောင်အနည်းငယ်တော့ရှိနေမှာပါ။ အဲ့ဒီအလင်းရောင်ရဲ့အကူအညီကြောင့်မိတ်ဆွေ Character ကောင်လေးရဲ့ ပုံရိပ်ကိုမြင်နိုင်ပြီး၊ လမ်းတစ်လျှောက်မှာရှိနေတဲ့ပစ္စည်းတွေရဲ့ပုံရိပ်တွေကိုလည်းမြင်နိုင်မှာဖြစ်ပါတယ်။ Black And White Graphics ဂိမ်းလေးပေါ့ဗျာ။

မိတ်ဆွေက ဒီဂိမ်းမှာကောင်လေးနေရာကနေ တောလမ်းတစ်လျှောက်သွားနေရမှာပါ။ တောနက်ခရီးဖြစ်တဲ့အတွက်ဖြောင့်ဖြူးမှာတော့မဟုတ်ပါဘူး။ လမ်းတစ်လျှောက်မှာသစ်ပင်တွေ၊ သစ်ကိုင်းအကျိုးတွေ၊ မြစ်ချောင်းတွေ၊ ထောင်ချောက်တွေ၊ ချောက်ကမ်းပါးတွေ၊ မိတ်ဆွေရဲ့ကောင်လေးကို အန္တရာယ်ပေးမယ့် လူတချို့တွေအပြင် သတ္တဝါအကြီးကြီးတွေကိုပါတွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီအန္တရာယ်ရှိတဲ့အတားအဆီးတွေအများကြီးကို ဖြတ်ကျော်ပြီးဆော့ရမယ့်ဂိမ်းဖြစ်ပါတယ်။ တချို့ထောင်ချောက်တွေဆို ရုတ်တရက်ကြီးတွေပေါ်လာတာကြောင့် ဘလိုင်းကြီးသေသွားတာမျိုးလည်းရှိနိုင်ပါတယ်။ ဂိမ်းအမျိုးအစားက Adventure ဆိုပေမယ့် Puzzle Type လည်းရောထားတာကြောင့် တချို့နေရာတွေမှာဆို ခေါင်းတော့နည်းနည်းစားမှာပါ။

 

 

Endless ဂိမ်းအမျိုးအစားတော့မဟုတ်ပါဘူး။ ဒီဂိမ်းကိုထုတ်ထားတဲ့ Developer တွေကဒီဂိမ်းရဲ့ Level အပြီးအစီးကိုဆော့မယ်ဆိုရင် 7 နာရီလောက်ပဲကြာပါတယ်လို့ဖော်ပြထားပါတယ်။ ဒါပေမဲ့ တကယ်ဆော့ကြည့်ရင် ကြာချိန်က11 နာရီအထက်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ထောင်ချောက်တွေရုတ်တရက်ပေါ်လာလို့ ခဏခဏသေမှာရယ်၊ တချို့နေရာတွေမှာဘာလုပ်ရမှန်းမသိလို့တိုင်ပတ်နေမှာရယ်ကြောင့်ပါ။ Graphics ပိုင်းက Black And White အမျိုးအစားဖြစ်ပြီး ရိုးရိုးရှင်းရှင်းမို့လို့ သိပ်ပြောစရာတော့မရှိပါဘူး။ ဒီဂိမ်းမှာကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ Sound System ကိုအနည်းငယ်ပြောပါရစေ။ လွှစက်နဲ့ဖြတ်တဲ့အခါလွှစက်ဖြတ်တဲ့အသံတွေ၊ ပစ္စည်းတွေပြုတ်ကျတဲ့အသံတွေ၊ သစ်ကိုင်းပြုတ်ကျတဲ့အသံတွေ၊ မြစ်ချောင်းနားမှာဆိုရင်လည်း ရေရဲ့အသံတွေ၊ မိတ်ဆွေရဲ့ Character ကောင်လေးရဲ့ခြေသံတွေ၊ စတာတွေကိုကြည်ကြည်လင်လင်ကြားနေအောင် ဖန်တီးပေထားပါတယ်။ အဲ့ဒါတွေကိုတိတ်ဆိတ်နေတဲ့နေရာမှာကြားရအောင်ဖန်တီးပေးထားတာပါ။ တိတ်ဆိတ်နေတယ်လို့လည်းပြောလို့မရဘူးဗျ။ ဘာလို့လဲဆိုတော့အနောက်ကမသိမသာလေးနဲ့တီးလုံးတစ်ခုထပ်လိုက်ပေးထားလို့ပါပဲ။ အဲ့ဒီတီးလုံးတွေ၊ အသံအနေအထားတွေ၊ နဲ့ Black And White ပုံစံတွေကိုတစ်ခါတည်းပေါင်းထားတာကိုတွေ့လိုက်ရရင်တော့ အနည်းငယ် ကြောက်ရွံတဲ့ခံစားမှုမျိုးကိုခံစားရမှာပါ။ ညဖက်တစ်ယောက်တည်း နားကြပ်တပ်ပြီးဆော့ရင်ပိုပြီးပေါ်လွင်မှာပါ။

Free To Play တော့မဟုတ်ပါဘူး။ Dollar 3.99$ တည်းဖြင့် Play Store နဲ့ App Store နှစ်မျိုးလုံးမှာရယူနိုင်ပြီးဆော့လို့ကောင်းတဲ့ ဂိမ်းလေးတစ်ခုဖြစ်တာကြောင့်မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Image Source :

https://play.google.com/store/apps/details?id=com.playdead.limbo.full

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password