Reviews

မအားမလပ်အောင် ရောင်းကောင်းမယ့် စားဖိုမှူး Cooking Madness- A Chef’s Restaurant Games

အချက်အပြုတ်တွေကို ဝါသနာပါတဲ့ မိတ်ဆွေများအနေနဲ့ သဘာကျ နှစ်သက်မိမှာပါ။ cooking ဂိမ်းလို့ ပြောရမယ့် cooking madness အမည်ရတဲ့ ဂိမ်းလေးကို Playon မိတ်ဆွေများအတွက် မိတ်ဆက် တင်ပြပေးလိုက်ရပါတယ်။

အရာသာရှိတဲ့ ဟင်းလျာများကို ပြင်ဆင်၊ ချက်ပြုတ်ပြီး ဝယ်ယူသူ coustemers များကို အချိန်မှီ ပြင်ဆင် ရောင်းချဖို့ အတွက် အရေးကြီး လိုအပ်တာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် ဒီဂိမ်းလေးဟာ မိတ်ဆွေအတွက် time management လို့ ပြောရမယ့် အချိန်ကို စီမံ ခန့်ခွဲပြီးတော့ သတ်မှတ်ထားတဲ့ အချိန်မှာ ဆောင်ရွက်ရမှာ ဖြစ်တဲ့ အတွက် ဂိမ်းတစ်ခုလို့ ပြောလို့ရသလို မိမိဘဝမှာ အချိန်ဟာ ဘယ်လောက်တန်ဖိုး ရှိသလည်း ဆိုတာကိုပါ ဂိမ်းအားဖြင့် ထင်ဟပ်နေပါတယ်။

ဂိမ်းထဲမှာ ဆိုရင် မိတ်ဆွေအနေနဲ့ သွားလာရမယ့် ခရီးဟာ အများအပြားရှိနေမှာ ဖြစ်ပြီး တစ်နေရာနဲ့ တစ်နေရာ တူညီမှာ မဟုတ်ဘဲ စားသောက်ဆိုင်များ တစ်ခုပြီး တစ်ခုကျော်ဖြတ်ရင်း အောင်မြင်တဲ့ စားဖိုမှူးတစ်ယောက်အဖြစ် ရှင်သန် လှုပ်ရှားရမှာဘဲ ဖြစ်ပါတယ်။

ဂိမ်း control ပိုင်းကို ကြည့်လိုက်ရင်လည်း လွယ်ကူ ရိုးရှင်းတာကို တွေ့ရမှာပါ။ ရိုးရှင်းတဲ့ ပုံစံနဲ့ ဆော့ကစားနိုင်မှာ ဖြစ်ပြီး မိမိရဲ့ time management ကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ upgrade များကိုလည်း ဂိမ်းဆော့ရင်း ပြုလုပ်နိုင်မှာ ဖြစ်သလို game experience များကနေလည်း gems များရရှိဖို့ ရှိနေတဲ့ အတွက် လွယ်ကူ ရိုးရှင်းစေပါတယ်။ Endless fun Levels များပါဝင်တဲ့ အတွက် ဆော့ကစားသူများကို ပျင်းရိခြင်း ရှိစေမှာ မဟုတ်ဘူးဆိုတာကတော့ အာမခံနိုင်ပါတယ်ဗျာ။

သင့်ရဲ့ ပင်ပန်းနွမ်းနယ်တဲ့ အချိန်များမှာ ဒီဂိမ်းလေးဆော့ကစားခြင်းဖြင့် ဘဝအမောများ ဖြေဖျောက်နိုင်ပြီး ပျော်ရွင်ရယ်မောနိုင်ဖို့ အတွက် ဆုတောင်းစကားပါး လိုက်ပါရစေ။ ဂိမ်းကိုတော့ Free to Play အနေနဲ့ Google Play Store ပေါ်မှာ ရယူနိုင်တဲ့ အကြောင်း Playon မိတ်ဆွေများကို အသိပေးရင်း ဂိမ်းလေးအားဖြင့် ပျော်ရွှင် ရယ်မောကြည်နူး နိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ရပါတယ် . . . . . . . . . . ။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password