Reviews

အမှောင်ထုဖုံးလွှမ်းမိုးနေတဲ့ကမ္ဘာကြီးကို အလင်းရောင်ပြန်ရအောင် လုပ်ပေးရမယ့် Light a Way

တရားဝင်မဖြန့်ချီခင်ကတည်းက Pre-register လုပ်ထားသူပေါင်း ၅သိန်းကျော် ရှိနေတဲ့ ဂိမ်းဖြစ်ပါတယ်။ ဂိမ်းထဲမှာ သင်လုပ် ရမယ့် တာဝန်က အမှောင်ထုကို ဖယ်ရှားပြီး အလင်းရောင်တွေ ဆောင်ကျဉ်းပေးမယ့် ကာကွယ်သူတွေအဖြစ် ဆောင်ရွက်ရမှာပါ။ အပြင်အဆင်နဲ့ ဒီဇိုင်းက ထူးခြားပြီး ဆွဲဆောင်မှုရှိလို့ ပုံတွေ မြင်ရုံ နဲ့တင် သင်အရမ်းကို စိတ်ဝင်စားသွားမှာပါ။

အမှောင်ထုက နေကို လွှမ်းခြုံသွားပြီးနောက် အလင်းတွေ အားလုံးကို ဝါးမျိုဖို့ အတွက် အမှောင်မိစ္ဆာတစ်ဖန် ပြန်ပြီးပေါ်ပေါက်လာပါတယ်။ သင်က ကာကွယ်စောင့်ရှောက်သူတစ်ယောက် အဖြစ်နဲ့ အမှောင်နတ်ဆိုး ဖုံးလွှမ်းထားတဲ့ နယ်မြေတွေကိုအလင်းရောင် သယ်ဆောင်လာပေးရမှာပါ။ သင့်ရဲ့ အလင်းစွမ်းအင်တွေနဲ့ ကမ္ဘာကြီးကို တစ်ဖန်ပြန်လင်းအောင် ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ Lumis လေးတွေနဲ့ မိတ်ဆွေဖွဲပြီး အလင်းရောင် ပြန်ရရှိဖို့ တိုက်ပွဲတွေဆင်နွှဲရမှာပါ။

ကိုယ်ပိုင် ကာကွယ်စောင်ရှောက်သူ အဖွဲ့ ဖွဲ့ခြင်း

သင့်ရဲ့ ကိုယ်ပိုင် ဇာတ်ကောင်တွေကို ပုံစံ တစ်မျိုးစီရှိတဲ့ Auros တွေဆီကနေ နည်းဗျူဟာမြောက်စွာ ရွေးချယ်ပြီး အဖွဲ့ဖွဲ့ ပေးရမှာပါ။

ချစ်စရာကောင်းတဲ့ အပေါင်း ဖော်လေးများ

သင်ရဲ့ ခရီးလမ်းမှာ ကူညီပေးဖို့အတွက် skill ပေါင်း ၂၄၀ ရှိတဲ့ Lumi သူငယ်ချင်းလေးတွေကို စုဆောင်းပြီး မှော် အလင်းရောင်စွမ်းအင် ဖန်တီးရမှာပါ။

အလင်း လက်နက်များ

သင့်ရဲ့ သူရဲကောင်းလေးတွေ အရိပ်တွေရဲ့ တိုက်ခိုက်မှု ကို ခုခံနိုင်ဖို့ အတွက် အလင်းကျောက်တုံးကြီးတွေနဲ့ အတွင်းအားတွေ တိုးမြှင့်ပေးရမှာပါ။

ကမ္ဘာကြီးကို ကယ်တင်ပြီး အလန်းစား ဆုလာဒ်တွရယူကာ အင်အားကောင်းတဲ့ အလင်းစွမ်းအင်ကို နိုးထဖို့အတွက် Light a Way က စွမ်းအင်ပြည့်ဝတဲ့ သင့်ကို လိုအပ်နေပါတယ်။ စိတ်ဝင်စားရင် အောက်မှာ နမူနာ video လေးကြည့်နိုင်ပါတယ်။

Android, iOS နှစ်မျိုးစလုံးအတွက် အခမဲ့ကစားနိုင်ပါတယ်။ ပါဝင်ထားတဲ့ ဇာတ်ကောင်လေးတွေက ချစ်ဖို့ကောင်းပြီး graphic designs တွေကလည်းအရမ်းကို မိုက်ပါတယ်။ Play Store ရော App Store မှာရော rating 4.6 ထိရရှိထားတဲ့အတွက် ကစားကြည့်သင့်တဲ့ ဂိမ်းလေးတွေထဲက တစ်ခုပဲဖြစ်ပါတယ်။

 

Download link – Android/IOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: