ArticleNews

LifeAfter ကို ကစားပြီး စိတ်လှုပ်ရှားစရာတွေနဲ့ ရင်ဆိုင်မယ်

ဒီတစ်ခေါက်မှာတော့ Playon က ဘော်ဒါတို့ကို LifeAfter ဆိုတဲ့ survival game လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ LifeAfter က Rules of Survial, Identity V စတဲ့ဂိမ်းတွေကိုထုတ်ခဲ့တဲ့ NetEase ရဲ့ ဂိမ်းတစ်ခုဖြစ်ပြီး ဗိုင်းရပ်စ်ပိုးတစ်ခုရဲ့တိုက်ခိုက်ခြင်းခံနေရတဲ့ ကမ္ဘာကြီးမှာအခြေတည်ထားပါတယ်။ မျက်လုံးထဲမြင်အောင်ပြောရမယ်ဆိုရင် Resident Evil လိုပေါ့နော်။ ထူးခြားချက်က ဒီဂိမ်းဟာ တစ်နေရာတည်းမှာ ရပ်ပြီး ကစားရတဲ့ဂိမ်းပုံစံမဟုတ်ပါဘူး။ Open world ဂိမ်းဖြစ်တာကြောင့် နေရာစုံလျှောက်သွားရင်းအသစ်အဆန်းတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။

ဂိမ်းထဲက နေရာတိုင်းလိုလိုက ဗိုင်းရပ်စ်တွေကြောင့် ငရဲကြီးတစ်ခုလိုဖြစ်နေပါတယ်။ ညရောက်ပြီးဆိုတာနဲ့ ထိတ်လန့်ကြောက်ရွံ့ဖယ် မနှစ်မြို့စရာကြီးတွေက သင့်ဆီကို ချည်းကပ်လာမှာပါ။ ဂိမ်ထဲမှာ သင့်ဆီကို ချည်းကပ်ပြီး လှမ်းလာနေတဲ့အမည်မသိ အကောင်တွေ ရဲ့ အသံတွေကိုလည်း တစ်စတစ်စ ကြားနေရမှာပါ။ အဲ့ဒီလို ငရဲနဲ့တူတဲ့နေရာကြီးမှာ သင်ဘယ်လောက်ကြာကြာ ရှင်သန်နိုင်မလဲ။

နမူနာ gameplay ဗီဒီယိုလေးကို အောက်မှာကြည့်လိုက်ပါဦး။

Graphic က အရမ်းကိုကောင်းပြီး ဇာတ်ကောင်တွေကလည်း အရမ်းအရမ်းကို သေသေသပ်သပ်ရှိတဲ့အပြင် Gameplay ပုံစံကလည်း တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတာကြောင့် ကစားကြည့်သင့်တဲ့ဂိမ်းတစ်ခုအဖြစ် highly recommend ပေးချင်ပါတယ်။

ဂိမ်းရဲ့ English ဗားရှင်းကို ကုမ္ပဏီဘက်က မိုလ်ဘိုင်းဖုန်းတွေအတွက် ထုတ်လုပ်ပေးပြီးပါပြီ။ သူ့ကို Android ရော iOS ရောအတွက် ဒေါင်းလုတ်လုပ်ယူနိုင်ပါပြီ။ iOS အတွက် ဂိမ်းကို iOS 9.0 နဲ့အထက် မှာထောက်ပံ့ပေးပါတယ်။ Android အသုံးပြုသူတွေအတွက်လည်း ဗားရှင်း 4.0 နဲ့ အထက်ရှိရင် Google Play Store ကနေ ဒေါင်းလုတ်လုပ်နိုင်ပါပြီ။

Source – Touch Arcade, Sportskeeda

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password