News

Mobile ဂိမ်းကစားဖို့ ဒေါ်လာ 89,000 သုံးခဲ့တဲ့ အမျိုးသား

အခုတစ်ခေါက်မှာတော့ Playon ကဘော်ဘော်တို့ကို အထူးအဆန်းလေးဖြစ်သွားအောင် mobile ဂိမ်းကြောင့် အလုပ်လည်းပြုတ် လူလည်း မွဲသွားရတဲ့ သူတစ်ယောက် အကြောင်းကို မိတ်ဆက် ပေးချင်ပါတယ်။ စိတ်ဝင်စားဖို့လည်းကောင်း ဗဟုသုတလည်းရစေမယ့် အဖြစ်အပျက်လေး ဖြစ်တာကြောင့် အားလုံးကြိုက်နှစ်သက်ကြမယ်လို့ ယုံကြည်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက အမေရိကန် Utah မှာရှိတဲ့ North Logan City စာကြည့်တိုက်ရဲ့ ဒါရိုက်တာဖြစ်သူ Adam Winger ဆိုသူဟာ တိကျရှင်းလင်းတဲ့ အကြောင်း ပြချက်မရှိပဲ ရာထူးမှနှုတ်ထွက်ခဲ့ရပါတယ်။သူ့ရဲ့ ဖြစ်စဉ်နဲ့ပတ်သတ်ပြီး အဖြေရှာမရခဲ့တာ တစ်နှစ်နီးပါး ကြာခဲ့ပြီးနောက်မှာတော့ ဘာကြောင့်လဲဆိုတဲ့ အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း သိခဲ့ရပါတယ်။ ဘော်ဒါတို့ရေ .. ဘာကြောင့်လို့ ထင်ကြလဲ??

အကြောင်းအရင်းကတော့ အခြားမဟုတ်ပါဘူး။ Adam Winger က ပြည်သူ့ဘဏ္ဍာငွေထဲက ဒေါ်လာ 89,000 ကို mobile ဂိမ်းတစ်ခုဖြစ်တဲ့ Game of War မှာ အသုံးပြုခဲ့ တာကြောင့် ဖြစ်ပါတယ်။ အခုနှစ်အစောပိုင်းတုန်းက ထုတ်ပြန်ခဲ့တဲ့ The Herald Journal ရဲ့ ဖော်ပြချက်အရ Winger အသက် ၃၈ နှစ်ဟာ Amazon, iTunes နဲ့ Google Play တို့မှ gift cards ပေါင်း ရာနဲ့ချီကို ဝယ်ယူခဲ့ပြီး အဆိုပါ app-purchase များအားလုံးကို Game of War—a free-to-play ထဲမှာ အသုံးပြုခဲ့တာ ကိုတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။သူက များပြားလှတဲ့ purchases တွေကို Amazon account နှစ်ခုနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ကုန်ကျစရိတ်တွေကို invoices မှာ ပေါင်းထည့်ကာ ခြေရာ လက်ရာ ဖျောက်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်လမှာ Winger ဟာ အပြစ်ရှိကြောင်း ထွက်ဆိုခဲ့ပြီး လွန်ခဲ့တဲ့ရက်အနည်းငယ်က ထောင်ဒဏ် ရက် ၃၀ နဲ့ community service တွေအတွက် နာရီ ၁၀၀ ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရပါတယ်။ ဒါ့အပြင် လျှော်ကြေးငွေ ဒေါ်လာ 78,000 ကိုလည်း ပေးဆောင်ဖို့ အမိန့်ချခံရခဲ့ပါတယ်။ ပေးဆောင်ရမယ့် များပြားလှတဲ့ လျော်ကြေးငွေတွေအတွက် Winger ဟာ အိမ်ကိုရောင်းခဲ့ရရုံတင်မက သူ့ရဲ့ အငြိမ်းစားလစာငွေအားလုံးကိုပါ အသုံးပြုခဲ့ရပါတယ်။

Mobile ဂိမ်းကြောင့် ဘဝပျက်လုနီးပါး ဖြစ်ခဲ့ရတဲ့ Winger ရဲ့ ဘဝကတော့ တကယ့်ကို အံ့သြ စရာကောင်းလွန်းပါတယ်။ အဲ့တာကြောင့် ဘော်ဒါတို့တွေလည်း Winger ရဲ့ အဖြစ်ကို သင်ခန်းစာယူပြီး သူ့လိုမဖြစ်စေဖို့အတွက် အခု အကြောင်းအရာလေးကို ရေးသားဖော်ပြပေးလိုက် ရတာဖြစ်ပါတယ်။ 😃)

Ref: Kotaku

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: