News

‘Harry Potter: Hogwarts Mystery’ ရဲ့ Trailer အသစ်ကို ကြည့်ပြီး ဂိမ်းထွက်မှာကို ရင်ခုန်စွာနဲ့ စောင့်လိုက်ကြရအောင်

၂၀၁၈ ကတော့ Potterheads တွေအတွက် ရှယ်နှစ်တစ်နှစ်ပါပဲ။ Warner Bros က Niantic နဲ့ပေါင်းပြီး Harry Potter: Wizards Unite ကိုထုတ်ဖို့ပြင်နေသလို သူ့ကိုယ်ပိုင် label ဖြစ်တဲ့ Portkey Games ကနေတစ်ဆင့် Harry Potter: Hogwarts Mystery ကိုလည်းပြင်ဆင်နေပါတယ်။ ဇန်နဝါရီလကုန်ပိုင်းလောက်တုန်းကတည်းက Hogwarts Mystery အကြောင်းကို ကြေညာခဲ့တာဖြစ်ပေမယ့် အခုမှသာ gameplay ပိုင်းကိုကျကျနနဖော်ပြထားတဲ့ Trailer ထွက်ရှိလာတာဖြစ်ပါတယ်။

ဒီဂိမ်းမှာ အရင်တုန်းက Harry Potter ဂိမ်းတွေလိုမျိုး ထင်ရှားတဲ့ဇာတ်ကောင်တွေနေရာကနေ ကစားရမှာမဟုတ်ပါဘူး။ ကိုယ်နှစ်သက်တဲ့ပုံစံနဲ့ character ကို ဖန်တီးဆော့ကစားရမှာဖြစ်ပါတယ်။ Wizard ဖြစ်ချင်သလား၊ Witch ဖြစ်ချင်သလား.. စိတ်ကြိုက်ပြင်လို့ရပါတယ်။ ဒါ့အပြင် ကိုယ်နှစ်သက်ရာ House ကိုလည်းရွေးချယ်လို့ရဦးမှာပါ.. Gryffindor, Hufflepuff, Ravenclaw, Slytherin.. ဘေဘီကြိုက်တာရွေးပါပဲ။ Spell တွေအသုံးပြုလို့ရမှာဆိုတာကတော့ Harry Potter ဂိမ်းဖြစ်တဲ့အတွက် အထူးတလည်ပြောပြနေစရာမလိုဘူးလို့ထင်ပါတယ်။ ထူးခြားတာလေးက ကစားသူရဲ့ရွေးချယ်မှုတွေက ဇာတ်လမ်းအပေါ်မှာ သက်ရောက်မှုရှိတာပဲဖြစ်ပါတယ်။ ဇာတ်အိမ်ကိုလည်း Harry တစ်ယောက် Hogwarts ကိုမရောက်ခင်အချိန်မှာ ဇာတ်အိမ်တည်ထားတဲ့အတွက် မြင်သမျှအားလုံးက အသစ်တွေဖြစ်နေမှာပါ။

ဒီဂိမ်းကို Anroid ရော၊ iOS အတွက်ပါထုတ်ပေးသွားမှာဖြစ်ပြီး လောလောဆယ်မှာတော့ Playstore မှာ Pre-Register လုပ်ခွင့်ပေးထားပါတယ်။ ဒါမှမဟုတ်ရင်လည်း သူ့ရဲ့ Official Website မှာ Pre-Register လုပ်ပြီး ဒီဂိမ်းနဲ့ပတ်သက်တဲ့သတင်းတွေကို စောင့်မျှော်နိုင်ပါတယ်။ ထွက်ရှိမယ့်အချိန်ကိုလည်း ၂၀၁၈ Q2 လို့ပြောထားတဲ့အတွက် လာမယ့် ၃ လခန့်အတွင်းမှာထွက်ရှိမယ်လို့ ယူဆရပါတယ်။ အောက်မှာ ဒီဂိမ်းရဲ့ Trailer အသစ်စက်စက်ကို ကြည့်လိုက်ကြပါဦး။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: