Reviews

မြှားပစ် ပြိုင်ကြမယ် Darts of Fury

ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်မှုများကို ဖန်တီးရယူဖို့ အချိန်တန်ပြီလို့ ဆိုရမှာဘဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ playon မိတ်ဆွေများအတွက် ဂိမ်းကောင်းလေးတစ်ခုကို ယူဆောင်လာပြီ ဖြစ်လို့ ကျွန်တော်တို့နဲ့ အတူရှိနေဖို့ ခေါ်ဖိတ်လိုက်ရပါတယ်။

အားလပ်ချိန်များမှာ ဆော့ကစားလို့ အဆင်ပြေစေမှာ ဖြစ်ပြီး မိတ်ဆွေရဲ့ အလုပ် သို့မဟုတ် စိတ်ပင်ပန်း နွမ်းနယ်မှုများကို အနည်းငယ် ဖြေဖျောက်ပေးမယ့် မြှားပစ် ပြိုင်ရမယ့် ဂိမ်းလေးနဲ့ မိတ်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။

သတ်မှတ်ထားတဲ့ point ကို ထိထိမိမိ ပစ်ပြီး အမှတ်များများ ရယူနိုင်ဖို့ကတော့ စိန်ခေါ်မှု တစ်ရပ်လို့ဆိုရမှာလည်း ဖြစ်ပါတယ်။ ကဲ ဘယ်လိုလည်း ဆော့ကစားဖို့ အသင့် ဖြစ်နေပြီလား။ Real opponents တွေနဲ့ ယှဉ်ပြိုင်ရမှာဆိုတော့ နည်းနည်းတော့ ရင်ခုန်ဖို့ကောင်းနေပြီး ဒီဂိမ်းဟာ မြှားပစ် ဝါသနာရှင်များနဲ့ ဒီအားကစားနည်းကို Crazy ဖြစ်တဲ့သူတွေအတွက်တော့ အကောင်းဆုံးဖြစ်မယ့် ဂိမ်းအဖြစ် သတ်မှတ်ရမှာဖြစ်သလို မတူညီတဲ့ မြှားတိုများကို အရယူရင်း အောင်မြင်မှုများကို ရှာဖွေနိုင်ကြပါစေ။

In game အနေနဲ့ ကြည့်မယ်ဆိုရင် Action sport ဂိမ်းဖြစ်ပြီးတော့ ဆော့ကစားသူအနေနဲ့လည်း မိမိကိုယ်တိုင် ဆော့ကစားနေသလို ခံစားမှုကိုလည်းရရှိစေမှာ ဖြစ်ပါတယ်။ ကဲ လွတ်လပ်မှုကို ရှာနေတဲ့ သူဘဲ ဖြစ်ဖြစ် စိတ်အပန်းဖြေ အနားယူချင်သူများအဖို့ တစ်ကယ်အကျိုးခံစားရမယ့် ပျော်စရာဂိမ်းတစ်ခုဖြစ်တဲ့ ဒီဂိမ်းလေးကို ပိုင်ဆိုင်ဖို့ သင့်မှာ အခွင့်ကြုံလာပါပြီ။

 

Free to Play အနေနဲ့ မိုလ်ဘိုင်း Platform များဖြစ်တဲ့ Android နဲ့ IOS မှာ ရယူနိုင်ပြီဆိုတော့ မိတ်ဆွေအနေနဲ့လည်း မိမိရဲ့ အားလပ်ရက်များအတွက် ဂိမ်းကောင်းတစ်ခု အဖြစ်ရယူနိုင်ပါပြီဆိုတဲ့ အကြောင်း သတင်းကောင်းပါးရင်း ပျော်ရွှင်မှုများကို ရှာဖွေနိုင်ကြပါစေကြောင်း တောင်းဆုပြုရင်း . . . . ။

Google Play Store

App Store

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: