ArticleReviews

စိတ်ဝင်စားဖို့ကောင်းတဲ့ ခရီးကို သူငယ်ချင်းတွေနဲ့အတူတူ သွားရမယ့် Leo and Tig

ဒီတစ်ခေါက်မှာတော့ ပေါပေါ့ပါးပါးနဲ့ offline ကစားလို့ရမယ့် ဂိမ်းကောင်းလေးတစ်ခုနဲ့ ဘော်ဒါတို့ကို မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဂိမ်းထဲမှာ ချစ်ဖို့ အရမ်းကောင်းတဲ့ ဇာတ်ကောင်လေးတွေကိုတွေ့ရမှာဖြစ်တာကြောင့် ကစားရတာ အသည်းယားစရာလေးပါ။ ဒုန်းဒုန်း ဒိုင်းဒိုင်း ရွှီးရွှီး ဝုန်ုးဝုန်း တွေကို ကစားရတာ ငြီးငွေ့နေသူတွေအတွက် အပြောင်းအလဲလေး ဖြစ်သွားအောင် မိတ်ဆက်ပေးတာ ဖြစ်ပါတယ်။

ဒီဂိမ်းလေးက ပြောရမယ်ဆိုရင် adventure ဂိမ်းလေးပါ။ ဒီထဲမှာ ကျားသစ်အပေါက်ကလေး Leo နဲ့ သူရဲ့ အချစ်ဆုံးသူငယ်ချင်း ကျားပေါက်လေး Tig ကို တွေ့ရမှာပါ။ သူတို့အပြင် အခြား ချစ်စရာ အကောင်လေးတွေလည်း အများကြီးပါသေးတယ်။တစ်ယောက်ချင်း ကို မိတ်ဆက်ပေးသွားပါမယ်နော်။

စွန့်စားခန်း ခရီးစဉ်အတွင်းမှာ Leo နဲ့ Tig က တစ်ယောက်ကို တစ်ယောက် အကူအညီပေးရင်း အရမ်းကို ရင်းနှီးသွားမယ့် သူငယ််ချင်းတွေ ဖြစ်ကြပါတယ်။

Leo

ကျားသစ်ကလေး Leo က အရွယ်မရောက်သေးတဲ့ ချစ်စရာ ကျားသစ်ပေါက်ကလေးပါ။ သူက အရမ်းကို စပ်စုတတ်ပါတယ်။ ပြီးတော့ လျင်မြန်တယ်။ ကြိုးစားတယ်။ သတ္တိရှိတယ်။ တီထွင်ဉာဏ်ရှိတယ်။ စတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ပါတယ်။ Leo က သူငယ်ချင်းတွေ အကူအညီလိုတဲ့အချိန်မှာ ကူညီပေးဖို့ ဝန်မလေးတဲ့ သစ္စာရှိတဲ့ သူငယ်ချင်းကောင်းပါ။ စိတ်ဝင်စားဖို့ကောင်းပြီး အရိုးရှင်းဆုံး အရာဝတ္ထုတွေကို နေ့စဉ်နေ့တိုင်း ရှာဖွေတတ်ပါတယ်။

 

Tig


Tig ကလည်း ဘေဘီ ကျားပေါက်လေးတစ်ကောင်ပါပဲ။ သူက သန်မာတယ်။ ကြင်နာတတ်တယ်။ စိတ်ထားနူးညံ့တယ်။ Tig ဟာလည်း Leo လိုပဲ စပ်စုတတ်ပါတယ်။ ဒါပေမယ့် သူက နည်းနည်း သူရဲဘောကြောင်ပြီး နှေးကွေးပါတယ်။ ဒါပေမယ့် အကူအညီလိုတဲ့အခါ ကူညီပေးဖို့ ဝန်မလေးတဲ့ သစ္စာရှိတဲ့ သူငယ်ချင်းကောင်းပါပဲ။

 

Mapa Pandiga


Mapa Pandiga က ဝက်ဝံ အမဲ ရောင်တစ်ကောင်ပါ။ သူက ပညာရှိပြီး တည်ငြိမ်ပါတယ်။ ဒဏ္ဏာရီအကြောင်းတွေကိုကောင်း မွန်စွာသိရှိပြီး Leo, Tig နဲ့ အခြား သူငယ်ချင်းတွေကို ပြောပြဖို့ ဝန်မလေးတဲ့သူပါ။

 

Mila


မြွေပါမလေး Mila က Leo နဲ့ Tig တို့ထက် နည်းနည်း ငယ်ပါတယ်။ သူမက လျင်မြန်ပြီး ပျော်တတ်ပေမယ့် နည်းနည်းဇီဇာကြောင်ပြီး နုံအပါတယ်။ သူမက သူ့မထက် အသက်ကြီးသူတွေနဲ့ အပေါင်းအသင်း လုပ်ချင်ပြီး ယောကျာ်းလေး သူငယ်ချင်းတွေနဲ့ အတူတူ ကစားရမှာကိုလည်း မကြောက်တတ်တဲ့သူပါ။ အဲ့တာကြောင့် Mila ကလည်း အခု စွန့်စားခန်း ခရီးစဉ်မှာ တစ်စိတ်တစ်ဒေသ ပါပါတယ်။

 

Yara


Yura ကတော် လင့်ကြောင့်မြီးတို အမလေးပါ။ လင့်ကြောင်မီးတိုဆိုတာကတော့မြောက်အမေရိက၊ ဥရောပနှင့် အာရှမြောက်ပိုင်း တွင် တွေ့တဲ့ ကြောင်အမျိုးအစားတစ်မျိုးပါ။ သူမက ဆယ်ကျော်သက်အရွယ်ဖြစ်ပြီး Leo နဲ့ Tig တို့ထက် အသက်ကြီးပါတယ်။ ထက်မြတ်ပြီး ဆုံးဖြတ်ချက်ခိုင်မာတဲ့ ယုံကြည်မှုရှိတဲ့ ကြောင်မလေးတစ်ကောင်ပါ။ သူမက လှပပြီး ဆွဲဆောင်မှုလည်းရှိပါတယ်။ သူမထက်ငယ်တဲ့ ကလေးတွေကို စနောက်ရတာနှစ်သက်ပြီး အရေးအကြောင်းဆိုရင် သူငယ်ချင်းတွေကို ကူညီဖို့ လုံးဝကို ဝန်မလေးတတ်သူပါ။

အပေါ်မှာ ဖော်ပြသွားတဲ့ ဇာတ်ကောင်လေးတွေကတော့ ဂိမ်းထဲမှာ ကစားရင် တွေ့ရမယ့် အကောင်လေးတွေဖြစ်ပါတယ်။ ဘော်ဘော်တို့ရော သူတို့ထဲက ဘယ်သူ့ကို အချစ်ဆုံးလဲ???

သူတို့တွေချည်းပဲ ပါမှာမဟုတ်သေးဘူးနော်။ အခြား အကောင်လေးတွေလည်း ပါဦးမှာပါ။ အောက်မှာ နမူနာလေးကို တစ်ချက်ရှိုးလိုက်ပါဦး။

ဘယ်လိုလဲ??? ကစားဖို့ စိတ်ဝင်စားကြလား။ စိတ်ဝင်စားရင် စမ်းပြီး ကစားကြည့်နိုင်ပါတယ်နော်။ ဂိမ်းထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ mini game လေးတွေလည်းပါပါတယ်။ Graphicsကလည်း လုံးဝကို အကြည်နော်။ Download လုပ်ခကတော့ အခမဲ့ပါ။ Android ရော iOS ရော နှစ်မျိုးစလုံးနဲ့ကစားလို့ရပါတယ်။ ဒေါင်းလုတ် လုပ်တဲ့ အကြိမ်အရေအတွက်ကတော့ ခုချိန်မှာ ၁၀ သန်းအထိ ရှိသွားပြီလို့ သိရပါတယ်။

Download link – Android/ iOS

Source

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password