ArticleReviews

ဂိမ်းကစားရင်းနဲ့ ဂျပန်စာလေ့လာနိုင်မယ်ဆို စိတ်ဝင်စားကြလား? – Tokyo Ride

ဂျပန်ဘာသာစကားမှာဆိုရင် တရုတ်ကနေမွေးစားယူထားတဲ့ “Kanji”, သူ့ရဲ့မူရင်းအက္ခရာ “Hiragana” နဲ့ အင်္ဂလိပ်အက္ခရာကဆင်းသက်လာတဲ့ “Katakana” ဆိုပြီး Script အမျိုးအစား ၃ မျိုးခွဲခြားထားတာပဲဖြစ်ပါတယ်။ အဲ့ဒီ Script အမျိုးအစား ၃ မျိုးလုံးက တစ်မျိုးနဲ့ တစ်မျိုးရေးဆွဲနည်းတွေက မတူတဲ့အပြင် ကိုယ်စားပြုစာလုံးတွေကလည်း ကွဲပြားနေတာကြောင့် ကျွမ်းကျင်အဆင့်ဖြစ်ဖို့ တော်တော်လေးမလွယ်ကူလှတာကို လေ့လာဖူးသူတွေ သိကြမှာပါ။ မလွယ်ကူလှတဲ့ကြားက စာပါ ပြန်မလုပ်ဖြစ်ဘူးဆိုရင်တော့ GG ဖြစ်သွားပါပြီနော် 😂)

ဒီနေ့မှာတော့ Playon က ဂျပန်စာလေ့လာနေတဲ့ ဂိမ်မာတွေကို တစ်ထောင့်တစ်နေရာက ပံ့ပိုးပေးမယ့် Tokyo Ride ဆိုတဲ့ Casual ဂိမ်းလေးတစ်ခုနဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ သူ့ကိုတော့ တိုကျို Developer Sola K.K. ကဖန်တီးထားတာဖြစ်ပါတယ်။ Casual ဂိမ်းဆိုပေမယ့် Background story ရှိနေတာကြောင့်အထင်တော့မသေးစေချင် 😆)

Background Story

တစ်နေ့မှာ Riku လို့ခေါ်တဲ့ ပန်းရောင်ရှဉ့်လေးက Fuji တောင်ပေါ်မှာ အတွေးတွေလွှင့်မျောနေပြီး လက်မှာကိုင်ထားတဲ့ Nut (အခွံမာသီး) ကလေတိုက်ရာကိုပါသွားပါတော့တယ်။ အဲ့ဒါနဲ့ Riku ဟာမြန်မြန်ဆန်ဆန်ထပြီး သူ့ Nut အနောက်လိုက်ပါတော့မယ်။ ထူးခြားတာက Riku ဟာ ပျံသန်းနိုင်တဲ့ ရှဉ့်ဖြစ်တဲ့အတွက် မိုးပေါ်ကနေလိုက်မှာပဲဖြစ်ပါတယ်။

အဲ့မှာ မိတ်ဆွေက ပန်းရောင်ရှဉ့် Riku နေရာကနေ ပျံသန်းဆော့ကစားရမှာဖြစ်ပြီး လမ်းတလျှောက်မှာရှိတဲ့ ဂျပန်အက္ခရာတွေကို ဝင်တိုက်သွားရမှာပါ။ ကိုယ်ရွေးချယ်ဝင်တိုက်ရမယ့် အက္ခရာအတွက် Romanji ကိုအပေါ်မှာပေးထားမှာဖြစ်တာကြောင့် Beginner တွေလည်း အေးဆေးဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ၃ ခါမှားရင်တော့ Game over မှာပါနော် 😄)

In-game system လေးကိုတော့ အောက်က Trailer မှာလေ့လာနိုင်ပါတယ်။

ဒီဂိမ်းကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ကမှထွက်ရှိထားတာဖြစ်ပါတယ်။ ဂျပန်စာချည်းပဲပါဝင်တဲ့ Learning application ထက်စာရင် ဒီလို Casual ဂိမ်းပုံစံမျိုးနဲ့ လေ့လာသွားတာက ပိုပြီးမှတ်မိလောက်မယ်လို့တော့ ကျွန်တော့်အနေနဲ့ ယူဆမိပါတယ်။ Android, iOS နှစ်မျိုးလုံးမှာ Free to play ဖြစ်တဲ့အတွက် ဂိမ်မာမရွေး ဆော့ကစားနိုင်တဲ့ဂိမ်းလေးလည်းဖြစ်ပါတယ်။

Download link – Android/ iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password