အောင်မြင်သောဂိမ်းများရဲ့ပဲ့ကိုင်ရှင်

“Laura Shigihara” ထူးခြားတဲ့ပါရမီပါလာသူ။ လူတွေကို လွမ်းသလိုလို ဆွေးသလိုလိုဖြစ်လာအောင် လုပ်ဆောင်နိုင်သူ။ သူမကတော့ အမေရိကန်ပြင်သစ်ကပြားမိခင်ဖြစ်သူနဲ့ ဂျပန်လူမျိုးဖခင်တို့မှမွေးဖွားလာတဲ့ ဂျပန်အမေရိကန်ပြင်သစ် ကပြားမလေးတစ်ဦးပါ။ မွေးကတည်းကထူးထူးခြားခြားပါရမီပါလာတဲ့သူမဟာ ၁၁နှစ်သမီးအရွယ်တည်းက Piano စတီးခဲ့တာဖြစ်ပြီး Guitar နဲ့ Drum ကိုလည်း Self Learning လုပ်ခဲ့ပါတယ်။ Hara ဟာ College တက်နေစဉ်ကာလမှာလည်း Video Game တွေရဲ့ Soundtrack တွေကိုပေါင်းစပ်ခြင်းနဲ့ ကိုယ်ပိုင်သီချင်းရေးခြင်းကိုလည်းဝါသနာထုံခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ Japan Recording Company တစ်ခုနဲ့ သီချင်းတွေဖန်တီးဖို့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ သို့ပေမယ့်လည်း Hara ဟာ ဂျပန်မှာနေဖို့ရေစက်ပါခဲ့ပုံမရပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် Recording Company နဲ့လက်တွဲဖြုတ်ပြီးနောက်မှာတော့ မိခင်ရှိရာ US သို့ပြန်လာခဲ့ပါတယ်။

US သို့ပြန်လာပြီးမကြာခင်မှာပဲ Sound Director ရာထူးအတွက် Company တစ်ခုရဲ့ကမ်းလှမ်းခြင်းကိုခံရပါတယ်။ အဲ့ဒီနောက်မှာတော့ Hara ဟာ Studio Album တစ်ခုကိုထုတ်လုပ်ခဲ့တဲ့အပြင် သူမရဲ့ပထမဦးဆုံး Video Game Soundtrack အနေနဲ့ Wobbly Bobbly လို့အမည်ရတဲ့ ဂိမ်းလေးအတွက် သီချင်းတွေကိုရေးသားခဲ့ပါတယ်။ သူမဟာ Video Game တွေကြားမှာနေရတာကို တော်တော်လေးနှစ်သက်ခဲ့ပုံရပါတယ်။ အစပိုင်းမှာတော့ သူမဟာဘာအကျိုးအမြတ်မှမယူပဲ Company အတွက် Free လုပ်ပေးခဲ့တာလို့ဆိုပါတယ်။ Hara ရဲ့အရည်အချင်းကို သဘောပေါက်တဲ့ သူမရဲ့ Company အနေနဲ့လည်း အလကားမနေခဲ့ပါဘူး။ သူမကို Project အသစ်တွေကမ်းလှမ်းပြီးအကျိုးအမြတ်ရယူစေခဲ့ပါတယ်။ ရရှိလာတဲ့အကျိုးအမြတ်တွေနဲ့သူမဟာ Portfolio တစ်ခုတည်ထောင်ပြီး Plants vs. Zombies, Ghost Harvest, World of Warcraft, Minecraft, To the Moon အစရှိတဲ့နာမည်ကြီးဂိမ်းတွေအပါအဝင်ဂိမ်းပေါင်း၂၀ကျော်အတွက်သီချင်းတွေကိုသူမကိုယ်တိုင်ရေးသားပြီးသီဆိုခဲ့ပါတယ်။

အလုပ်အချိန်ဇယားတွေနဲ့ ပြည့်နှက်နေတဲ့သူမဟာ အားလပ်ချိန်လေးမှာတောင်အလကားမနေခဲ့ပါဘူး။  Melolune လို့အမည်ရတဲ့ RPG ဂိမ်းကိုထုတ်လုပ်ခဲ့တဲ့အပြင် Composer တစ်ဦးဖြစ်တဲ့ Akira Yamaoka ရဲ့ Charity Album တစ်ခုဖြစ်တဲ့ Play for Japan မှာလည်း Participate လုပ်ခဲ့ပါတယ်။ သီချင်းရေးစပ်ခြင်းနဲ့ သီဆိုခြင်းမှာ ထူးထူးခြားခြားပါရမီပါလာတဲ့သူမဟာ နောက်ဆုံးမှာတော့ သူမရဲ့ ကိုယ်ပိုင် Video Game ဖြစ်တဲ့ Rakuen ကို 2017 May မှာထုတ်လုပ်နိုင်ခဲ့ပါတယ်။ Rakuen ဟာသံစဉ်တွေနဲ့ ဇာတ်လမ်းသွားကိုအဓိကအသားပေးဖန်တီးထားတာဖြစ်လို့ Hara ရဲ့ အရေးအသားတွေ တီထွင်ဖန်တီးဉာဏ်တွေကို အပြည့်အဝမြင်တွေ့ရမှာပါ။ Rakuen ရဲ့အဓိက Theme Song ဖြစ်တဲ့ Jump ဟာဆိုရင်ကျွန်တော်တို့ကိုအရမ်းလှပတဲ့နေရာလေးတစ်ခုဆီကိုခေါ်ဆောင်သွားနိုင်မှာအသေအချာပါပဲ။

Hara ရဲ့ဖန်တီးမှုတွေပါဝင်ခဲ့တဲ့နာမည်ကြီးဂိမ်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။

  • Cube Land (Minecraft)
  • To the Moon Original Soundtrack (Freebird Games) with Kan Gal
  • From the Ground Up (Minecraft)
  • Celestial Beings (Celestial Mechanica)
  • Plants vs. Zombies: The Soundtrack (Plants vs. Zombies)
  • Blood Elf Druids (World of Warcraft)
  • Melolune: The Original Soundtrack Part 1 (Melolune, an original game made by Shigihara using the RPG Maker XP engine)
  • My Blue Dream
  • Everything’s Alright (To the Moon)
  • Partnered with C418 in “Tsuki no Koibumi” (C418’s, one)
  • Featured in C418’s “Tsuki no Koibumi 2” (C418’s 148)
  • First Day (High School Story)
  • Aether C (The Basement Collection)
  • Kami Kabuto Hero (Rakuen Original Sountrack)

Rakuen ရဲ့ Soundtrack တစ်ခုလုံးကို http://store.steampowered.com/app/559210/Rakuen/ ဒီ Link လေးမှာနားထောင်နိုင်ပါတယ်။

Image Source:

http://store.steampowered.com/app/559210/Rakuen/

https://www.last.fm/music/Kan+R.+Gao,+feat.+Laura+Shigihara

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password