News

အသွင်ပြောင်းရောက်ရှိလာတဲ့ World of Warships Blitz

အခု ဖော်ပြပေးမယ့် အကြောင်းအရာကတော့ စစ်ပွဲမှာ မိမိကိုယ်တိုင် ရောက်ရှိ တိုက်ခိုက်နေသလို ဖြစ်ပေါ်စေမယ့် ဂိမ်းကောင်းလေးဘဲဖြစ်ပါတယ်။ MMO action ဂိမ်းအဖြစ်တွေ့ရမယ့် World of Warships Blitz ဟာဆိုရင် developer အနေနဲ့ အရင်က အောင်မြင်ခဲ့တဲ့ PC version ကနေ ပြန်လည် ပြီး Android platform ပေါ်ကို ယူဆောင်လာရခြင်းလည်း ဖြစ်ပါတယ်။Developer အနေနဲ့ ဒီဂိမ်းကို naval strategy ရေတပ်မှာ အသုံးပြုတဲ့ နည်းဗျူဟာများ ထည့်သွင်းထားပြီး PC version ရဲ့ action ပုံစံများကိုလည်း အသုံးပြုထားပါတယ်။ မိတ်ဆွေအနေနဲ့ online ချိတ်ဆက်ထားခြင်းဖြင့် မိမိရဲ့ မိတ်ဆွေသူငယ်ချင်းများ ဒါမှဟုတ် Globel က အသုံးပြုသူများနဲ့ တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းရဲ့ Battle ကတော့ ကျယ်ပြန့်တဲ့ ပင်လယ်ပြင်ကြီးမှာ ဒုတိယ ကမ္ဘာစစ်ပွဲတုန်းက ရေတပ်တိုက်ပွဲလို့ ဆိုရလှအောင် အမြောက်အများနဲ့ တိုက်ခိုက်ရမှာဘဲ ဖြစ်ပါတယ်။ဂိမ်းထဲမှာ မိတ်ဆွေအနေနဲ့ စစ်ပွဲသုံး ယာဉ်အမြောက်အများ ကိုမြင်တွေ့ရမှာဖြစ်ပြီး မိတ်ဆွေအနေနဲ့ ပစ်ခတ် တိုက်ခိုက်ရမှာဘဲ ဖြစ်ပါတယ်။ 1 vs 1 battleship တိုက်ပွဲသာမက အကြီးမားဆုံးတိုက်ပွဲ လို့ ပြောနိုင်မယ့် 7 vs 7 battleships ပုံစံမျိုးကိုလည်း ထည့်သွင်းထားတဲ့အတွက်ကြောင့် စိတ်ဝင်စားဖွယ် ကောင်းလို့နေပါတယ်။

PC version နဲ့ အနည်းငယ်တူသယောင် ရှိပေမယ့် အခုဂိမ်းကတော့ မိုလ်ဘိုင်း Platform မှာ ပိုမို အဆင်ပြေစေမယ့် ဂိမ်းအဖြစ် အသွင်ပြောင်း သယ်ဆောင်လာခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ဂိမ်းကတော့ လွတ်လွတ်လပ်လပ် ရှိမှာ ဖြစ်ပြီး မိတ်ဆွေစိတ်ပူမယ့် Energy system ကလည်း ပါဝင်မှာ မဟုတ်ဘဲ no timers လို့ပြောရမယ့် အချိန်ကလည်း မကန့်သတ်ထားပါဘူး။ ဒါလေးတွေကြောင့်လည်း ဆွဲဆောင်မှု တစ်ခု အနေနဲ့ ဖြစ်ပေါ်နေပါတယ်။

ဒီဂိမ်းကိုတော့ Free to play အနေနဲ့ App Store နဲ့ Google Play Store ပေါ်မှာ ရယူနိုင်ပါပြီ ဆိုတဲ့ အကြောင်း Playon မိတ်ဆွေများအတွက် ဂိမ်းကောင်းလေးတစ်ခုကို ဖော်ပြပေးလိုက်ရပါတယ်. . . . . . . . ။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password