News

Taiwan, Japan, Hong Kong မှာ Android Platform အနေနဲ့ ထွက်ရှိလာတဲ့ DC Unchained

Super Heros Fan များအနေနဲ့အကြိုက်တွေ့စေမယ့် RPG ဂိမ်းအမျိုးအစားနဲ့အတူ Action ဂိမ်းပုံစံနဲ့ပါတွေ့မြင်ရမယ့် ဂိမ်းကတော့ ထိုင်ဝမ်၊ ဂျပန်နဲ့ ဟောင်ကောင် တို့မှာ စတင်ပြီးတော့ Android Platform ပေါ်ကိုရောက်ရှိနေပြီဆိုတာ မိတ်ဆွေများအတွက် သတင်းပေးပါရစေ။

အခုထွက်ရှိလာတဲ့ ဂိမ်းဖြစ်တဲ့ DC Unchained အနေနဲ့ကတော့ အရင် Marvel heros များနဲ့ ပုံဖော်ထားတဲ့ Marvel Future Fight ကို ပြန်လည်ချေပတဲ့အနေနဲ့ DC licence ရယူပြီး ထွက်ရှိလာတဲ့ ဂိမ်းတစ်ခုလို့ဆိုရမှာပါ။

ဒီဂိမ်းထဲမှာဆိုရင် မိတ်ဆွေအနေနဲ့ DC heros များဖြစ်တဲ့ Batman နဲ့ Superman နေရာကနေ ဆော့ကစားရမှာဘဲဖြစ်ပါတယ်။

အသေးစိတ်အနေနဲ့ မိတ်ဆွေဟာ သင်ကိုယ်တိုင် ရွှေးချယ်ပြီး Justice League မှာပါဝင်နိုင်သလို ဒါမှမဟုတ် ဗီလိန်ကို သဘောကျတဲ့သူအနေနဲ့ကတော့ ရင်ခုန်စရာကောင်းလှတဲ့ Super Villians Heros များဖြစ်တဲ့ Joker, Harley Quinn, Catwoman အစရှိတဲ့ Heros နေရာများမှ ဆော့ကစားနိုင်သလို Hero များစုံလင်စွာ ပါဝင်နေပြီး မိတ်ဆွေအနေနဲ့ ဘယ်အပိုင်းကို ရွှေးချယ်သည် ဖြစ်စေ ပထမဆုံးအနေနဲ့ ကိုယ်ရွှေးချယ်ထားတဲ့ Heros များအကြောင်းကို ရှာဖွေစူးစမ်းပြီး အခြား Hero Characters များကို စုဆောင်းရမှာဘဲ ဖြစ်ပါတယ်။

ဘယ်လိုပုံစံနဲ့ ထွက်ပေါ်လာမလဲ ဆိုတာကတော့ ကျွန်တော်ကိုယ်တိုင် ရင်ခုန်စိတ်လှုပ်ရှားခြင်းနဲ့အတူစောင့်မျှော်နေပါတယ်။ Android Platform အနေနဲ့ကတော့ ခုလောလောဆယ် အပေါ်က ဖော်ပြထားတဲ့ သုံးနေရာမှာ ရရှိနိုင်ပြီဖြစ်တဲ့အတွက် မကြာမှီ ကျွန်တော်တို့အနား ရောက်ရှိဖို့ လက်တစ်ကမ်းမှာသာ လိုတော့တယ်လို့ မှတ်ချက်ပြုလိုက်ပါရစေ။ ဒါ့ကြောင့် Playon က မိတ်ဆွေများကို သတင်းစကားပါးရင်း Google Play Store မှာ စောင့်မျှော်နိုင်ဖို့ သတင်းစကား တစ်ရပ်အဖြစ် တင်ဆက် ပေးလိုက်ရပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: