Reviews

Arenas များစွာ ပါဝင်ပြီး Heroes အသစ်များနဲ့ Mobile Platform ပေါ်ရောက်ရှိလာတဲ့ Hero Academy 2

စိတ်အားထက်သန်စွာနဲ့ စောင့်မျှော်နေခဲ့တဲ့ Hero Academy 2 ဂိမ်းဟာ ဆိုရင် အခု Mobile Platform များဖြစ်ကြတဲ့ Android နဲ့ IOS ပေါ် ရောက်ရှိလာခဲ့ပါပြီ။ စခန်းသွားဂိမ်းများ၊ PVP action ဂိမ်းများကို သဘာကျနှစ်သက်တဲ့ သူဆိုရင်တော့ မိတ်ဆွေအနေနဲ့ ဒီဂိမ်းလေးဟာ မိတ်ဆွေရဲ့ သက်ဆိုင်သူဖြစ်သွားပြီလို့တောင် ဆိုရမှာ ဖြစ်ပါတယ်။ ဘာလို့လည်း ဆိုရင် ဒီဂိမ်းရဲ့ battle များနဲ့ ပိုမို စိတ်ဝင်စားဖို့ကောင်းတဲ့ စွန့်စားခန်းများဟာ လည်း နောက်ဆက်တွဲ လိုက်ပါလာမှာ မို့လို့ပါ။ မိတ်ဆွေအနေနဲ့ ပြည့်စုံ ကောင်းမွန်တဲ့ စစ်နည်းဗျူဟာ များနဲ့ တိုက်ခိုက်ရတဲ့ ဂိမ်းကို လိုက်ရှာနေတဲ့ သူဆိုရင်တော့ ဒီဂိမ်းလေးဟာ မိတ်ဆွေအတွက် အကောင်းဆုံး ဖြစ်စေမှာပါ။

           

ဒီဂိမ်းမှာဆိုရင် မိတ်ဆွေအနေနဲ့ မိမိအတွက် တိုက်ခိုက်ပေးမယ့် Hero များကို မိမိစစ်တပ်အတွက် စုဆောင်းရမှာ ဖြစ်ပြီး မိမိရဲ့ ရန်သူနဲ့ စစ်မြေပြင်မှာ တိုက်ခိုက်ရမှာဘဲ ဖြစ်ပါတယ်။ ပိုမို မြန်ဆန်တဲ့ ဂိမ်းအသွားအလာနဲ့အတူ  စစ်နည်းဗျူဟာများဖြင့် တိုက်ခိုက်ခြင်းများလည်း ပါဝင်နေမှာ ဖြစ်ပြီး စစ်ပွဲများကတော့ မြေပြင် စစ်ဆင်ရေးများကို ဆင်နွှဲရမှာဘဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ ဒီဂိမ်းကို မိမိတစ်ယောက်ထဲ Solo သို့မဟုတ် အခြား ဆော့ကစားသူများနဲ့ တိုက်ခိုက်ခြင်းများကို လုပ်ဆောင်နိုင်တဲ့ အတွက် မိတ်ဆွေအနေနဲ့ သဘာကျနှစ်သက်မှာလည်း ယုံကြည်မိပါတယ်။

              

Cards ဂိမ်း အနေနဲ့ မြင်တွေ့ရမှာ ဖြစ်ပေမယ့် ဘယ်သူမဆို အကြိုက်တွေ့မှာပါ။ ဂိမ်း tutorials များဟာ အကောင်းမွန် ပြည့်စုံစွာ ပါဝင်နေတဲ့ အတွက်ကြောင့်လည်း ဆော့ကစားသူအဖို့ နားလည်ရ လွယ်ကူစေမှာ ဖြစ်ပြီး ပျော်ရွင်ဖွယ်ကောင်းတဲ့ နည်းဗျူဟာ ဂိမ်းလေးဖြစ်မှာပါ။ မိတ်ဆွေအနေနဲ့ တခြားသူများနဲ့ battle တိုက်ခိုက်ရတာ သဘာမကျဘူးဆိုရင်တော့ တစ်ယောက်ထဲ လွပ်လွပ်လပ်လပ် ဆော့ကစားလို့ရမယ့် စခန်းသွား ပုံစံနဲ့ ဆော့ကစားနိုင်ခြင်း ဟာလည်း အားသာချက်တစ်ခုလို့ ဆိုရမှာပါ။

သင့်အနေနဲ့ ဂိမ်းကောင်းလေးတစ်ခုကို ရှာဖွေနေသူ တစ်ယောက်ဆိုရင်တော့ ဒီဂိမ်းလေးကို အခမဲ့ Free to Play ဖြင့် App Store နဲ့ Google Play ပေါ်မှာ ရယူနိုင်ပြီ ဆိုတဲ့ အကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password