News

ဖေဖော်ဝါရီလအတွက် သတင်းကောင်း Final Fantasy XV: Pocket Edition

နောက်ဆုံးတော့ ကျွန်တော်တို့ မျှော်လင့်စောင့်စားနေတဲ့ Carbi Art Style နဲ့ပြုလုပ်ထားတဲ့ ဂိမ်းတစ်ခုဖြစ်တဲ့ Final Fantasy XV: Pocket Edition ကတော့ mobile platform များမှာ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ Square Enix အနေနဲ့ အကောင်းဆုံး ပြင်ဆင်ပြီး ရောက်ရှိလာတဲ့ ဂိမ်းဟာ စောင့်မျှော်နေနဲ့ mobile gamer များအတွက် စိတ်ကျေနပ်မှုများကို ဖန်တီးပေးနိုင်မလား ဆိုတာကတော့. . . . . . . . . . ။

ဂိမ်း control ကတော့ Tap ပုံစံနဲ့ ဆော့ကစားရမှာဖြစ်ပြီး အခြား သူများနဲ့ စကားပြောများ၊ လမ်းလျှောက်သွားရမှာတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ quest အတွင်းမှာ အမျိုးအစားများစွာ ရှိတဲ့ monsters အကောင်များနဲ့လည်း battles များကြုံတွေ့ရမှာလည်း ရှိနေပါတယ်။

ဂိမ်း story ကတော့ ပြောင်းလဲမှာမဟုတ်ပါဘူးတဲ့ ခင်ဗျာ။ Main Game ဆော့ကစားသူများအနေနဲ့လည်း အခုတစ်ခါရောက်ရှိလာတဲ့ Art Style ကိုလည်း နှစ်သက်သဘာကျမှာပါ။ ဒီဂိမ်းကတော့ ဇာတ်လမ်းသွား Episodes အခန်းများနဲ့ ထွက်ရှိလာမှာ ဖြစ်တဲ့အတိုင်း ပထမပိုင်း chapter 1 ကိုတော့ Free to play အနေနဲ့ ဆော့ကစားနိုင်ပြီလည်း ဖြစ်ပါတယ်။ ပြီးတဲ့ ကျန် အပိုင်း ၉ ပိုင်းကိုတော့ IAP နဲ့ ဝယ်ယူရမှာပါ။ ဒါပေမယ့် အခမဲ့ရရှိတဲ့ Chapter 1 ကိုတော့ ကျွန်တော်တို့အနေနဲ့ လက်မလွှတ်သင့်တဲ့ အရာတစ်ခုလို့တော့ မှတ်ချက်ပြုပါရစေ။

Playon မိတ်ဆွေများအနေနဲ့လည်း ချစ်စရာကောင်းလှတဲ့ Carbi Art ပုံစံနဲ့ ပြုလုပ်ထားတဲ့ Pocket Edition လေးကို အခုဘဲ ဒေါင်းလုတ်ရယူရင်း ဂိမ်းလေးနဲ့အတူ စီးမျှောကြပါစို့လို့ တိုက်တွန်း လိုက်ရပါတယ်။ Playon အနေနဲ့လည်း ဂိမ်းကောင်းလေးများကို ဆက်လက်တင်ဆက်ပေးသွားမှာ ဖြစ်လို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။

Mobile Platform

Google Play Store

App Store

Image Source :

SquareEnixFinalFantansyXV:Pocket Edition

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: