News

January လထဲမှာ ထွက်ရှိလာမယ့် Lord of Dice

Asian Mobile game တစ်ခုလို့ဆိုရတဲ့ Lord of Dice အမည်ရတဲ့ ဂိမ်းဟာ Kakao Games ထုတ်လုပ်ရေးကနေ မကြာမှီ ဒီဇန်နဝါရီ လထဲမှာ ထွက်ရှိမှာ ဖြစ်တဲ့အကြောင်း ကြေညာလိုက်ပါတယ်။ ဒီဂိမ်းကတော့ စိတ်လှုပ်ရှား ပျော်ရွှင်မှု လိုချင်တဲ့ ဘယ်သူ့ကို မဆို ဖိတ်ခေါ်လို့နေပါတယ်။ Board game ကဒ်ပြားချပ်များနှင့် ဆော့ကစားရတဲ့ ဂိမ်းပုံစံနဲ့ RPG ဂိမ်းပုံစံ နှစ်ခုကို ပေါင်းစည်းပြီး တွေ့ရမယ့် ဂိမ်းတစ်ခု ဆိုရင်လည်း မမှားပါဘူး။

ဒီဂိမ်းထဲမှာဆိုရင်တော့ Dicers လို့ခေါ်တဲ့ Heros များကို ရှာဖွေစုဆောင်းပြီး လေးထောင့်အကွက်ပုံစံနဲ့  သင်ရဲ့ သွားရာ လမ်းကြောင်းကို ဖော်ဆောင်ရမှာဖြစ်ပါတယ်။ အကယ်၍ ရန်သူရဲ့ နယ်မြေထဲမှာ မိတ်ဆွေအနေနဲ့ သွားရောက်မိပြီ ဆိုရင်တော့ Dice Battle ဖြစ်ပွားမှာ ဖြစ်ပါတယ်။

Dices လို့ခေါ်တဲ့ Heros ပေါင်း ၂၀၀ ကျော်ပါဝင်နေပြီးတော့ တစ်ခုချင်းစီတိုင်းမှာ မတူညီတဲ့ ပင်ကိုယ် စွမ်းဆောင်မှုများနဲ့ စွမ်းရည်များ ပိုင်ဆိုင်ထားလို့နေပါတယ်။ ဒီအရာကို ကြည့်ခြင်းအားဖြင့် မိတ်ဆွေအနေနဲ့ လက်တွေ့ကျတဲ့ နည်းဗျူဟာများ နဲ့ မိတ်ဆွေစိတ်ကြိုက် Team တစ်ခုကို ဖန်တီးနိုင်မှာလည်းဖြစ်ပါတယ်။

မိတ်ဆွေအနေနဲ့ RPG ဂိမ်းများ၊ Board ဂိမ်းများနဲ့ anime အမျိုးအစားဂိမ်းများကို သဘောကျနှစ်သက်သူ ဆိုရင်တော့ ဒီလထဲမှာ ထွက်ရှိတော့မယ့် Lord of Dice ဂိမ်းဟာ သင့်အတွက် လို့ဆိုရမှာဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေအနေနဲ့ အခုဂိမ်းကို pre register  လုပ်နိုင်ပြီ ဖြစ်လို့ မိတ်ဆွေများအတွက် ဖော်ပြပေးလိုက်ပါတယ် . . . . . . . . ။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password