“Survival of the Fittest” ဆိုတဲ့အဓိပ္ပါယ်ကိုအပြည့်အဝ နားလည်စေနိုင်မယ့် Last Day On Earth : Survival!

Zombie တွေပြည့်နှက်နေတဲ့တောနက်ကြီးထဲမှာ တတ်နိုင်သလောက် ရှင်သန်နိုင်အောင်ကြိုးစားရမယ့်ဂိမ်းလေးဖြစ်ပါတယ်။ Zombie တွေကြီးပဲရှိတာလားဆိုတော့လည်းမဟုတ်ပြန်ပါဘူး။ တောနက်ကြီး ဖြစ်တဲ့အတွက် သားရိုင်းကောင်တွေလည်းရှိနေဦးမှာလည်းဖြစ်ပါတယ်။ အဲ့ဒီသားရိုင်းကောင်တွေ၊ Zombie တွေကြားမှာ မိတ်ဆွေကရှင်သန်အောင်ဆော့ကစားရမှာပဲဖြစ်ပါတယ်။

Zombie တွေမှာလည်းအမျိုးအစားအများကြီးရှိတာကိုတွေ့ရမှာပါ။ မိတ်ဆွေစစဆော့ချင်းတွေ့ရမယ့် Zombie တွေက Movement speed အရမ်းနှေးနေမှာဖြစ်သလို အာရုံခံမှုတွေလည်း သိပ်မကောင်းပါဘူး။ အဲ့ဒါကြောင့် စစချင်း မှာတော့ မိတ်ဆွေအတွက် အန္တရာယ်တော့အရမ်းရှိနေမှာမဟုတ်ပါဘူး။

ဂိမ်းစစချင်းမှာ မိတ်ဆွေဆော့ရမယ့် Character က Naked နီးပါးဖြစ်နေပြီး ဘာမှကိုမရှိတာပါ။ စစချင်းမိတ်ဆွေဆီမှာ ပိုင်ဆိုင်တာဆိုလို့ ဘောင်းဘီတို တစ်ထည်သာဖြစ်ပါတယ်။ မိတ်ဆွေရင်ဆိုင်ရမယ့် ရန်သူတွေကို တိုက်ခိုက်ဖို့ လက်နက်လည်း ဘာတစ်ခုမှရှိနေမှာမဟုတ်ပါဘူး။ အင်္ကျီ၊ လက်နက် အပြင်အခြားအသုံးအဆောင်တွေကို မိတ်ဆွေကိုယ်တိုင်ပဲလိုက်ရှာရမှာဖြစ်ပါတယ်။ လိုက်ရှာရမယ် လို့ပြောတာထက်ပစ္စည်းတွေကိုလိုက်ကောက်နေရမယ်လို့ပြောရင်ပိုမှန်မှာပါ။ ဘာလို့လဲဆိုတော့ မိတ်ဆွေလိုအပ်မယ့် လက်နက်၊ အသုံးအဆောင်တွေက မိတ်ဆွေရဲ့အနီးအနား (သို့) သွားရမယ့်လမ်းတစ်လျှောက်မှာရှိနေမှာမို့လို့ပါ။ ဒါ့အပြင် Zombie တွေ၊ သားရိုင်းကောင်တွေ ကိုသတ်ပြီးတော့လည်းရနိုင်ပါသေးတယ်။

မိတ်ဆွေ ဘယ်ဘက်ထောင့်ဆုံးမှာ မိတ်ဆွေရဲ့ သွေးတန်းကြီးကိုပြထားမှာဖြစ်ပါတယ်။ အဲ့ဒီ သွေးတန်းကုန်သွားရင်တော့ မိတ်ဆွေရဲ့ Character သေဆုံးမှာဖြစ်ပါတယ်။ သေဆုံးသွားရင်တော့ အစကနေပြန်ဆော့ရမှာဖြစ်ပါတယ်။ မိတ်ဆွေရဲ့ Health တန်းကြီးက External Damage ပဲဖြစ်ဖြစ် Internal Damage ပဲဖြစ်ဖြစ် သက်ရောက်တာနဲ့ လျော့သွားမှာဖြစ်ပါတယ်။ External Damage ဆိုတာကတော့ Zombie တွေ၊ သားရိုင်းကောင်တွေ နဲ့တိုက်ခိုက်ရာမှရရှိလာတဲ့ ဒဏ်ရာပဲဖြစ်ပါတယ်။ Internal Damage ဆိုတာကတော့ သက်ရှိတွေရဲ့ဖြစ်စဉ်ဖြစ်တဲ့ ဆာလောင်မှု နဲ့ အညစ်အကြေးစွန့်ပစ်တာပဲဖြစ်ပါတယ်။ မိတ်ဆွေဆီကို Internal Damage သက်ရောက်နေပြီဆိုရင်တော့ အစားစားတာဖြစ်ဖြစ်၊ အညစ်အကြေးစွန့်တာဖြစ်ဖြစ် တစ်ခုခုကို အမြန်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ သားရိုင်းကောင်တွေကိုသတ်နိုင်ရင် မိတ်ဆွေကအသားရရှိမှာဖြစ်ပါတယ်။ အဲ့ဒါကတော့မိတ်ဆွေရဲ့ အစာပါပဲ။

ဒီဂိမ်းဟာ Online ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ Online ဂိမ်းဖြစ်တာကြောင့် မိတ်ဆွေက Global က Player တွေနဲ့တွေ့ ရမှာကတော့ အမှန်ပါပဲ။ Clan တွေထောင်ပြီး တခြား Player တွေနဲ့လည်း ဆော့နိုင်မှာဖြစ်ပါတယ်။ မိတ်ဆွေ Clan ထဲက မဟုတ်တဲ့ အခြား Player တွေနဲ့သွားရာလမ်းမှာတွေ့ခဲ့ရင်တော့ ဖိုက်ရမှာပဲဖြစ်ပါတယ်။ ဒီဂိမ်းမှာ No Mercy, No Love ပါပဲ။

ကိုယ့်အတွက် အန္တရာယ်ဖြစ်မယ် ထင်ရင် အကုန်သာ သတ်ပါ မိတ်ဆွေ!!!

မိတ်ဆွေ Survive လုပ်နေတာမပျင်းရအောင် မတူညီတဲ့ နေရာတွေအများအပြားရှိနေတာကိုတွေ့ရမှာပါ။ မတူညီတဲ့ နေရာတွေမှာ မတူညီတဲ့ Zombie အမျိုးအစားတွေ၊ သားရိုင်းကောင်တွေကို တွေ့ရမှာဖြစ်လို့ ပျော်စရာကောင်းတဲ့ဂိမ်းလေးလည်းဖြစ်ပါတယ်။ နေရာအသစ်တွေမှာ Zombie တွေရဲ့ Sense တွေ၊ Movement speed တွေကပိုကောင်းလာမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဂိမ်းမှာထူးခြားတာက အိမ်ဆောက်လို့ရတာပါ။ မိတ်ဆွေ ပစ္စည်းလိုက်ကောက်ရာ ကနေရရှိလာတဲ့ သစ်သားတွေနဲ့ဆောက်ရမှာဖြစ်ပါတယ်။ အဲ့ဒီတော့ တိုက်ခိုက်ရတာပျင်းလာပြီဆိုရင်မိတ်ဆွေက သစ်သားတွေကို စုပြီး တစ်အိုးတစ်အိမ် ထူထောင်နိုင်မှာပဲဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာဆော့ကစားနိုင်တဲ့ဂိမ်းလေးလဲဖြစ်ပါတယ်။ Survival, Strategy and Role Playing သုံးမျိုးပေါင်းစပ်ထားတဲ့ဂိမ်းလေးဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Image Source :  Google Playstore

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password