ArticleNews

ကြီးမားတဲ့ update တစ်ခုရောက်ရှိလာခဲ့တဲ့ Last Day on Earth

Zombie တွေကြားမှာ လိုအပ်တဲ့ပစ္စည်း resource တွေလိုက်လံစုဆောင်း၊ အခြေချစခန်းချ အစရှိတာတွေပြုလုပ်ပြီး ရှင်သန်နေထိုင်တဲ့ပုံစံမျိုးဆော့ကစားရတဲ့ Survival ဂိမ်းအမျိုးအစား Last Day on Earth ကိုတော့ပြီးခဲ့တဲ့ ရက်အနည်းအငယ်ကပဲ ကြီးမားတဲ့ update တစ်ခုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ Version 1.10.3 ဆိုတဲ့ update ပါ။

Version အသစ်မှာ ပြောင်းလဲသွားတဲ့အချက်တွေထဲကမှ Massive update တစ်ခုလို့ ခေါ်ဆိုနိုင်အောင်ပြုလုပ်လိုက်တာကတော့ မော်တော်ဆိုင်ကယ်ကို စီးနှင်းနိုင်တာပဲဖြစ်ပါတယ်။ လိုအပ်တဲ့ resource တွေသွားရှာတဲ့ ဘယ်နေရာမဆို ကိုယ့်ရဲ့ Bike ကြီးကိုမောင်းသွားနိုင်မှာပဲဖြစ်ပါတယ်။ စိတ်ဝင်စားစရာက မောင်းနေတဲ့ Bike နဲ့ zombie တွေ၊ တခြား player တွေကို ဝင်တိုက်ပြီးတိုက်ခိုက်နိုင်တာပါပဲ။ ဆိုင်ကယ်ကို လက်နက်အဖြစ်အသုံးချနိုင်မှာဖြစ်တာကြောင့် အရင်ကလို တွေ့တဲ့ Zombie နဲ့ ကိုယ်ပါလာတဲ့လက်နက်ကမမျှတဲ့အခါ ပတ်ပြေးနေရတဲ့အဖြစ်ကနေ လွတ်မြောက်သွားမှာပဲဖြစ်ပါတယ်။ ဆိုင်ကယ်ကို လက်နက်အဖြစ်အသုံးပြုနိုင်ပေမယ့် သူ့မှာလည်း အကန့်အသတ်ရှိနေပါတယ်။ ဘယ်လိုလဲဆိုတော့ ဆိုင်ကယ်နဲ့ဝင်တိုက်တာများရင် ပြန်လည် repair လုပ်ပေးရမှာဖြစ်သလို၊ Bike ကိုမောင်းနှင်မယ့် gas ကလည်းအလုံအလောက်ရှိနေရမယ့် ကန့်သတ်ချက်တွေဖြစ်ပါတယ်။

Gas အတွက် Gas Station ဆိုတဲ့နေရာတစ်ခုကို update မှာတစ်ခါတည်းထည့်သွင်းပေးထားမှာမို့ ရှာမတွေ့မှာတော့ စိတ်မပူပါနဲ့။ (ဒါပေမယ့် Zombie တွေကိုတော့ခက်ခက်ခဲခဲဖြတ်ကျော်ရမှာပါ။) Update အသစ်မှာဆိုရင် Off-Road မှာသွားနိုင်တဲ့ Bike, Military Motorcycle နဲ့ Police Bike ဆိုပြီး Bike အမျိုးအစား ၃ မျိုးကို ထည့်သွင်းထည့်သွင်းပေးထားတာဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ Bike ကို စိတ်ကြိုက် modified လုပ်တာ၊ ရေဆေးတာ၊ ဆေးသုတ်တာ၊ ပြန်လည်ပြင်ဆင်တာမျိုးတွေလုပ်ဖို့ garage ကိုတည်ဆောက်နိုင်မှာလည်းဖြစ်ပါတယ်။

ဒီကြီးမားတဲ့ပြောင်းလဲမှု update ကိုတော့ Bike အတွက် အစိတ်အပိုင်းလေးတွေ လိုက်စုနေရတုန်း Beginner player လေးတွေကတော့ ခံစားနိုင်မှာမဟုတ်ပါဘူးနော်။ (နှိမ်လိုက်ပြီ 😁😂) Update (သို့) Download ကိုတော့အောက်ပါလင့်ခ်ကနေ သွားရောက်ပြုလုပ်နိုင်ပါတယ် ခင်ဗျာ။

Download link – Android/ iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password