ArticleNews

Official release အနေနဲ့မကြာခင်ရောက်ရှိလာတော့မယ့် Laplace M

PC version အတွက်ထွက်ရှိခဲ့တဲ့ MMORPG ဂိမ်းအမျိုးအစား Laplace ကိုအခြေခံပြီး တစ်ဖန်ပြန်လည်ဖန်တီးထားတဲ့ Laplace M ဂိမ်းကတော့ မိုဘိုင်းလ်ဗားရှင်းအနေနဲ့ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ Laplace ကိုအခြေခံပြီးတစ်ဖန်ပြန်လည်ဖန်တီးထားတာဖြစ်တဲ့အတွက် PC မှာ Laplace ဆော့ဖူးသူဆိုရင် Laplace M ကို ကျွန်တော့်ထက်တောင်ရင်းနှီးနေပါလိမ့်မယ်။ Laplace မဆော့ဖူးထားတဲ့ Player ဆိုရင်တော့အောက်က in-game အကြောင်းအချုံလေးကိုဖတ်ရှု့စေချင်ပါတယ်။ 😁)

Laplace M ကတော့ pc version တုန်းကလိုပဲ MMO role-playing ဂိမ်းအမျိုးအစားဖြစ်ပြီး ဂိမ်းတစ်ခုလုံး Adventure အငွေ့အသက်လေးတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ မတူညီတဲ့နေရာဒေသတွေကိုသွားရမယ်၊ သွားရာလမ်းမှာ တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ရမယ်၊ ကိုယ်ပိုင် pet လေးတွေမွေးမြူနိုင်မယ် စတာတွေအပြင် ကိုယ်ကြိုက်နှစ်သက်သူနဲ့ပါ date လုပ်နိုင်တဲ့အထိ adventure ဆန်တဲ့ဂိမ်းလေးပါ။ (Dating feature နဲ့တင်ကျွန်တော်ကတော့ကြိုက်နေပါပြီ 🤣)… ပြီးတော့ ဂိမ်း Character တွေကလည်း Anime character ပုံစံလေးတွေဖြစ်နေပြီး အသုံးပြုနိုင်တဲ့ Spell ရုပ်ထွက်ကလည်းမခေလှတဲ့အနေအထားမို့ ကျွန်တော့်အတွက်တော့ နန်းဆန်တဲ့ဂိမ်းတစ်ခုပါပဲ။ 😄)

လက်ရှိမှာတော့ ဒီဂိမ်းဟာ စမ်းသပ်ကာလ Alpha အဆင့်ကိုကျော်လွန်လာပြီး လာမယ့် ဇန်နဝါရီလ ၁၀ ရက်နေ့မှာတော့ Closed beta ဆိုတဲ့စမ်းသပ်အဆင့်ကိုရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ ဒီ beta ပြီးရင်တော့ Official version အနေနဲ့ရောက်ရှိလာမှာဖြစ်တဲ့အတွက် စောင့်ရမှာအချိန်အရမ်းကြီးတော့ မကြာလှတော့ပါဘူး။ Beta အဆင့်မှာတော့ Language ပိုင်းကတရုတ်လိုဖြစ်နေပေမယ့် Official release အချိန်ကျရင်တော့ English ဘာသာနဲ့ရောက်ရှိလာမယ်လို့ မျှော်လင့်ထားနိုင်ပါတယ်။ လက်ရှိမှာတော့ အောက်ပါလင့်ခ်ကနေ Pre-register လုပ်နိုင်ပါပြီ။

Pre-register now!

ဂိမ်းရဲ့အနေအထားကို အခုထက်ပိုမိုသိရှိချင်ရင်တော့ အောက်ပါ ၁၀ မိနစ်ကျော်ကျော်လေးရှိတဲ့ gameplay ဗီဒီယိုကိုသွားရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။

Source

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password