Kung Fuလောကမှာဆရာတစ်ဆူဖြစ်တဲ့ Bruce Lee နေရာကရန်သူတွေကိုဖိုက်နေရသလိုခံစားမှုမျိုးပေးမယ့် KungFu Warrior!

ဒီဂိမ်းရဲ့ Main Character ကကျွန်တော့်အမြင်မှာBruce Lee ရုပ်နဲ့ကွက်တိပါပဲ။ တကယ့်Bruce Leeအစစ်မဟုတ်ပေမယ့်လည်း Bruce Lee နဲ့တော်တော်တူတာကြောင့် Bruce Lee လို့သတ်မှတ်ပါရစေ။ Main Character ကိုနာမည်မပေးထားတာကြောင့်သူ့အကြောင်းပြောရင် Bruce Lee နာမည်ကိုသုံးခွင့်ပေးပါလို့မိတ်ဆွေအားတောင်းဆိုပါရစေ။

ဒီဂိမ်းက Story Line ကလာတဲ့ဂိမ်းဖြစ်တဲ့အတွက် Story အကြောင်းလေးအရင်ပြောပါရစေ။ သေးငယ်တဲ့ရွာတစ်ရွာကစတာပါ။ ရွာကသေးပေမဲ့ အလွန်အေးချမ်းပါတယ်။ ပြည်တွင်းစစ်တို့၊ အချင်းချင်းရန်ဖြစ်တာတို့ဆိုတာမရှိသလောက်ပါပဲ။ အဲ့ဒီရွာငယ်မှာ Bruce Lee နေတာပါ။ ရွာငယ်မှာနေရင်း ရွာတစ်ခုခုဖြစ်ရင်ကာကွယ်မယ့် အကြီးအကဲတစ်ယောက်ဆီမှာ Kung Fu ပညာကို Bruce Lee တစ်ယောက်ဆည်းပူးနေပါတယ်။ အချိန်ကြာလာတဲ့အမျှ Bruce Lee ရဲ့ Kung Fu စွမ်းရည်တွေတိုးတက်လာပြီး သူ့ကိုသင်ပေးတဲ့ဆရာကိုလည်း Bruce Lee တစ်ယောက်တစ်နေ့ထက်တစ်နေ့လေးစားချစ်ခင်လာပါတယ်။

ဒါပေမဲ့တစ်နေ့မှာတော့ ဓားပြအဖွဲ့တစ်ဖွဲ့က အေးချမ်းနေတဲ့ရွှာလေးရဲ့ ငြိမ်းချမ်းမှုကိုနှောက်ယှက်ဖို့ရောက်ရှိလာပါပြီ။ အိမ်တွေကိုမီးရှို့၊ ရတနာတွေကိုယူ၊ လူတွေကိုသတ် စတာတွေကိုမတရားလုပ်တာကြောင့် ရွာရဲ့အကြီးအကဲဖြစ်သူ Bruce Lee ရဲ့ဆရာက ကာကွယ်မှုတွေပြုလုပ်ပါပြီ။ လူရမ်းကားတွေကစကားနဲ့ပြောလို့မရတာကြောင့် Bruce Lee ဆရာကတော့လူရမ်းကားတွေနဲ့ဖိုက်ရပါပြီ။ Bruce Lee ကသူ့ရဲ့အဖိုးတန်တပည့်ဖြစ်တာကြောင့် ဓားပြတွေကိုမဖိုက်ခိုင်းပဲနောင်လာနောင်သားတွေကိုကာကွယ်ဖို့တာဝန်ပေးလိုက်ပါတယ်။

Bruce Lee ရဲ့ဆရာကနောက်ဆုံးရွာကိုလာသောင်းကျန်းတဲ့ဓားပြတွေအကုန်လုံးကိုနှိမ်နှင်းနိုင်လိုက်ပါတယ်။ ဒါပေမဲ့အခကြေးငွေအဖြစ်သူ့ရဲ့အသက်ကိုတော့ပေးဆပ်လိုက်ရပါတယ်။ သူ့ဆရာသေသွားတဲ့သတင်းကို ကြားတော့ Bruce Lee တစ်ယောက်စတင်ဝမ်းနည်းကြေကွဲပါပြီ။ ပြီးတော့သူ့ဆရာအတွက်ဓားပြတွေအားလုံးကိုသတ်မယ်လို့ Bruce Lee တစ်ယောက်ဆုံးဖြတ်လိုက်ပါတယ်။ Bruce Lee ဆရာ သတ်လိုက်တာဓားပြအကုန်မဟုတ်ပါဘူး။ဓားပြတွေကအဖွဲ့အစည်းအကြီးကြီးနဲ့ကိုရှိတာပါ။

                                      

ဒီဂိမ်းမှာမိတ်ဆွေကဓားပြတွေကိုလက်စားခြေမယ့် Bruce Lee  နေရာကဆော့ရမှာပါ။ လမ်းတစ်လျှောက်တွေ့သမျှဓားပြတွေကိုအကုန်လိုက်ချရမှာပါ။ Mission Level တွေကိုအများကြီးခွဲထားပါတယ်။ Level တွေမြင့်လာတာနဲ့အမျှတွေ့ရမယ့် ဓားပြတွေကလည်းပိုကြမ်းလာမှာဖြစ်ပါတယ်။ Boss ကောင်ကြီးတွေနဲ့ 1 vs 1 ဖိုက်ရတာကိုလည်းတွေ့ရမှာပါ။ Combat တွေလည်းတော်တော်မိုက်တာတွေ့ရမှာပါ။ 2D graphic နဲ့အလန်းစားလေးဖြစ်နေပါတယ်။ မိတ်ဆွေဆော့ကြည့်ရင်မိုက်တာကိုတွေ့ရပါလိမ့်မယ်။ Boss အနေနဲ့က 11 မျိုး၊ Combat Attack က မတူညီတဲ့ 15 မျိုးတို့ကိုမိတ်ဆွေတွေ့ရဦးမှာပါ။

Free To Play ပါ။ Android နဲ့ IOS နှစ်မျိုးလုံးကစားနိုင်ပြီး ဆော့လို့ကောင်းတဲ့ 2D ဂိမ်းလေးဖြစ်တာကြောင့်မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Image Source:

https://play.google.com/store/apps/details?id=com.trinitigame.android.kungfuwarrior&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password