Knives Out – A Perfect PUBG Clone

PUBG ဝက်ဝက်ကွဲအောင်မြင်သွားတော့ သူ့ခြေရာလိုက်နင်းတဲ့ Clone တွေမှိုလိုပေါက်လာတာ ဆန်းတော့မဆန်းလှပါဘူး၊ ဆူလွယ်နှပ်လွယ်တဲ့ စားကျက်အသစ်တစ်ခု တွေ့သွားကြတာကိုး။ အခုဆိုရင် PUBG စတိုင် Battle Royale ဂိမ်းတွေ Mobile Platform အတွက်ထွက်ရှိထားတာ ဒုနဲ့ဒေးနဲ့ပါ။ ဒါပေမယ့် Knives Out လိုမျိုး လုံးဝ Perfect ကြီး ကော်ပီကူးထားတဲ့ဂိမ်းမျိုး ထွက်လာမယ်လို့ မထင်ထားခဲ့တာတော့ အမှန်ပါပဲ။

Perfect လို့ဆိုတာမှာ ကောင်းတဲ့အဓိပ္ပာယ်ကို ဆိုလိုတာဖြစ်ပါတယ်။ လက်ရှိမြင်မိသလောက် PUBG Clone တွေက အကုန်လုံးနီးပါး Downscale လုပ်ထားပြီး Map Size ရော Player Size ပါ လျှော့ချထားတတ်ကြပါတယ်။ အဲဒါကို တရုတ် Developer Netease က လာထားစမ်းဆိုပြီး သူ့ဂိမ်းကို Full Scale ထုတ်ချလိုက်ပါတယ်။ ဟုတ်ပါတယ်၊ Knives Out မှာ တစ်ပွဲကို Player အယောက် ၁၀၀ အထိ တစ်ပြိုင်တည်းဆော့ကစားလို့ရမှာဖြစ်ပါတယ်၊ PUBG နဲ့အတူတူပါပဲ။ အဲဒီတော့ Player ၁၀၀ ဆန့်ဖို့အတွက် ကစားရတဲ့မြေပုံကြီးကလည်း အကြီးကြီးဖြစ်သွားပါတယ်၊ Game Description အရဆိုရင် Map Size က ၆၄၀၀x၆၄၀၀ မီတာရှိပါတယ်၊ Mobile ဂိမ်းတစ်ခုအနေနဲ့ဆိုရင်တော့ အကြီးကြီးပါပဲ။ ကစားပုံကစားနည်းကလည်း PUBG နဲ့အတူတူပါပဲ။ ပွဲစတာနဲ့ ကွင်းပြင်ကြီးထဲကို လေထီးနဲ့ခုန်ဆင်း၊ လက်နက်တွေလိုက်ကောက်၊ အချိန်နဲ့အမျှကျဉ်းလာမယ့် Play Area ထဲမှာ ရန်သူတွေကို လိုက်ရှာပြီးပစ်ခတ်ရမှာဖြစ်ပါတယ်။ Battle Royale ထုံးစံအတိုင်း Last Survivor ဖြစ်အောင် ကြိုးစားရပါ။

Player Size ရော၊ Map Size ပါကြီးတာကြောင့် အချိန်တိုတိုနဲ့တစ်ပွဲပြီးမှာတော့မဟုတ်ပါဘူး (အစောကြီးသေတာကလွဲရင်ပေါ့)။ တစ်နေရာတည်းမှာ ကျကျနနထိုင်ပြီး ဆော့ကစားမှ အဆင်ပြေလောက်မှာပါ။ Keyboard ၊ Mouse နဲ့ထိန်းချုပ်ရတာကို ပိုသဘောကျသူတွေအတွက်ကတော့ ဒီဂိမ်းက PUBG အစားထိုးမဖြစ်နိုင်လောက်ပါဘူး။ ဒါပေမယ့် သူ့မှာက ရောက်လေရာမှာ ဆော့ကစားလို့ရတဲ့ အားသာချက်ရှိနေပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် PUBG နဲ့ တော်တော်နီးစပ်တဲ့ဂိမ်းတစ်ခုဖြစ်တဲ့အတွက် PUBG မဝယ်ခင်မှာ အစမ်းသဘောဆော့ကြည့်လို့ရပါတယ်။ Knives Out ဟာ တရုတ်ပရိသတ်တွေကြားမှာအောင်မြင်သလောက် Global ပရိသတ်တွေဆီမှာ အောင်မြင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ လောလောဆယ်မှာတော့ iOS ပေါ်မှာပဲ ဆော့ကစားလို့ရဦးမှာဖြစ်ပါတယ်။

 .         

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password