Reviews

ဂိမ်းအနေနဲ့ထွက်ရှိလာတဲ့ Kingsman

Yo…..! အားလုံးပဲမင်္ဂလာပါဗျ။ Playon ရဲ့ Waziyn ပြန်လာပါပြီ 😉 ။ ဒီအတောအတွင်းစာမေးပွဲရှိတဲ့အတွက် article တွေခဏနားလိုက်ရလို့ ဂိမ်းတွေနဲ့အတော်လေးအဆက်ပြတ်သွားလေရဲ့😅။ ဒါပေမယ့် playon ရဲ့အခြား admin တွေဆီက article အလန်းစားတွေကြောင့်ပရိတ်သတ်ကြီးကတော့အဆက်မပြတ်ပါဘူး ဟုတ်တယ်ဟုတ် ? အခုလိုပြန်လာတဲ့အချိန်မှာစာရေးသူအနေနဲ့အားလုံးပြင်ထားပြီးပြီဖြစ်ပြီးတော့ review အလန်းစားတွေကိုအဆက်မပြတ်တင်ပေးသွားမှာမို့ playon ပရိတ်သတ်ကြီးဘက်ကလည်းစောင့်မျှော်အားပေးကြပါဦးခင်ဗျာ။

ပထမဆုံးအဖွင့်အနေနဲ့ နာမည်ကြီး Kingsman ရုပ်ရှင်တွေကို inspire လုပ်ပြီးထွက်ရှိလာတဲ့ Kingsman ဂိမ်းလေးနဲ့ပရိတ်သတ်ကြီးကိုမိတ်ဆက်ပေးသွားမှာပါ 😉 ။ Kingsman ရုပ်ရှင်အကြောင်းအတိုချုံးပြောရရင် ကျွန်တော်တို့ငယ်ဘဝရဲ့အသဲစွဲ ဂျိမ်းစ်ဘွန်း (007) ကားတွေကိုပြန်လည်ဆန်းသစ်ထားတဲ့ပုံစံနဲ့ဇာတ်ကားတွေဖြစ်ပါတယ်။ အင်္ဂလန်မှာရှိတဲ့လျှို့ဝှက် spy တွေအကြောင်းကိုသွက်သွက်လက်လက်အက်ရှင်တွေနဲ့ရိုက်ပြထားလို့လူကြီးရောလူငယ်ပါအကြိုက်တွေ့ခဲ့ပြီးအောင်မြင်ခဲ့ပါတယ်။ ဒုတိယဇာတ်ကားထွက်ပြီးမကြာသေးတဲ့အခုအချိန်မှာတော့ Kingsman mobile ဂိမ်းလေးထွက်ရှိလာပါပြီ။ ဒီဂိမ်းလေးကိုတော့ YesGenome, LLC ကနေအသက်သွင်းပေးထားတာပဲဖြစ်ပါတယ်ခင်ဗျ။

ဂိမ်းအနေနဲ့ကတော့ အရမ်းကြီးခွဲထွက်နေတဲ့ပုံစံမျိုးမဟုတ်ပဲအရင်ထွက်ပြီးသားဂိမ်းအချို့ရဲ့ပုံစံမျိုးကို Kingsman version နဲ့ထွက်လာတာဖြစ်ပါတယ်။ ဥပမာပြောရရင် Assasin’s Creed: Rebellion တို့ Fallout: Shelter တို့လိုဂိမ်းတွေနဲ့ဆင်တူပါတယ်။ ဒါပေမယ့် Secret agent Kingsman တွေရဲ့ version ဖြစ်တာကြောင့် feature တွေကတော့လုံးဝကွဲထွက်နေမှာပါ။ လန်ဒန်မြို့ကြီးရဲ့မြေအောက်မှာလျှို့ဝှက်စခန်းတွေတည်ဆောက်ရတာ၊ ကိုယ်သဘောကျတဲ့ Kingsman character တွေနဲ့ကစားနိုင်တာ၊ 007 လို Secret agent တွေဖြစ်တာကြောင့်လက်နက်ဆန်းတွေသုံးပြီးကစားနိုင်တာ…. စတာတွေကဒီဂိမ်းရဲ့ထူးခြားမှုတွေပါပဲ။

ကျန်တာကတော့ တခြားပုံစံတူ ဂိမ်းအချို့လိုပဲကိုယ့်ရဲ့စခန်းကိုပထမဆုံးတည်ဆောက်ရပါတယ်။ PvP feature အနေနဲ့အခြား player တွေရဲ့စခန်းတွေကိုလိုက် raid နိုင်ပြီးကိုယ့်ရဲ့စခန်းမှာလည်း defence တွေတည်ဆောက်ရမှာပါ။ Agent တွေဖြစ်တဲ့အတွက်ကြောင့် စခန်းကိုကာကွယ်တဲ့လက်နက်တွေကလည်းလက်နက်ဆန်းတွေဖြစ်နေမှာပါ။ တစ်ခုထူးခြားတာကရန်သူတွေကိုလုပ်ကြံတာအပြင် ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တွေကိုရှာဖွေရင်းနဲ့လည်း achievement တွေရရှိနိုင်ပါတယ်။ ကိုယ့်အကြိုက် Kingsman character တွေနဲ့ wepons တွေ defence တွေကိုအဆင့်မြှင့်ဆော့ကစားသွားရမယ့် RPG ပုံစံဂိမ်းလေးတစ်ခုဖြစ်ပါတယ်။

ဂိမ်းရဲ့ graphic ကတော့ပုံတွေထဲမှာတွေ့ရတဲ့အတိုင်း chibi လို အကောင်လေးတွေပုံစံနဲ့ဖြစ်ပြီးညံ့တဲ့ထဲတော့မပါပါဘူး။ တစ်ခုပြောဖို့ရှိတာကဒီဂိမ်းလေးက Unreleased ဂိမ်းလေးတစ်ခုဖြစ်ပြီးဆော့နေရင်း error လေးအနည်းငယ်ကြုံတွေ့နိုင်ဖွယ်ရှိပါတယ်။ ဒါပေမယ့်ဆော့ကြည့်ကြတဲ့ player တွေစကားအရတော့ကောင်းတယ်ဆိုတာပဲကြားရပါတယ်။ ဒီဂိမ်းလေးက Kingsman ပရိတ်သတ်တွေအတွက်မဆော့မဖြစ်ဆော့ကြည့်သင့်တဲ့ဂိမ်းတစ်ခုဖြစ်ပြီး ပရိတ်သတ်မဟုတ်ခဲ့ရင်လည်း secret agent ပုံစံ version ကြောင့်စမ်းကြည့်သင့်တဲ့ feature တွေနဲ့ဂိမ်းကောင်းလေးတစ်ခုဖြစ်ပါတယ်။ File size အနေနဲ့လည်း 72 MB ပဲရှိပြီး အောက်ပါ link ကနေဒေါင်းယူနိုင်ပါတယ်ခင်ဗျာ။ သာယာတဲ့ gaming နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ပါစေ။

Download link – Android/ iOS (Not Available Now)

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password