News

နောက်လမှာ Android နဲ့ iOS ပေါ်ကို ရောက်ရှိလာတော့မယ့် Kingdom Rush: Vengeance

မိုဘိုင်းလ်ရဲ့ အကောင်းဆုံးလို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ Tower Defense Franchise မကြာခင်အချိန်မှာ ရောက်ရှိလာပါတော့မယ်။ 😃😃)

သူ့ကို Kingdom Rush: Vengeance လို့ခေါ်ဝေါ်ပြီး Kingdom Rush franchise ရဲ့ စတုထ္ထအကြိမ်မြောက် ဂိမ်းဖြစ်တယ်လို့သိရပါတယ်။ Android နဲ့ iOS ပေါ်ကို နိုဝင်ဘာလ ၂၂ရက်နေ့မှာ ရောက်ရှိမယ်လို့ မျှော်မှန်းထားပြီး အခု အချိန်မှာတော့ App Store နဲ့ Google Play တို့မှာ pre-register လုပ်ဖို့အတွက် ဖွင့်ပေးထားပြီးဖြစ်ပါတယ်။ Player အနေနဲ့ ဒေါ်လာ 4.99 ပေးပြီး pre-register လုပ်ပေးရမှာပါ။

အခြား kingdom rush ဂိမ်းတွေနဲ့မတူတာကတော့ Vengeance က လူဆိုးလေးတွေအကြောင်း ကို ပုံဖော်ထားတဲ့ ဂိမ်းဖြစ်ပါတယ်။ ဒီဂိမ်းထဲမှာ ဆိုးရွားတဲ့အရာတွေကို ဖန်တီးဖို့အတွက် kingdom rush ပထမဆုံး စီးရီး ထဲက အမှောင်နတ်ဆိုး Vez’nan ကို တစ်ဖန်ပြန် လည် မြင်တွေ့ရမှာပါ။ ဒီဂိမ်းထဲမှာ player က Vez’nan ကို ရပ်တန့်ရမယ့်အစား သူ့နေရာကနေ ဝင်ကစားပေးရမှာပါ။ဂိမ်းထဲမှာ tower ၁၆ ခု ကို တည်ဆောင်နိုင်မှာဖြစ်ပြီး tower တစ်ခုချင်းစီမှာ မတူကွဲပြားတဲ့ ပြိုင်စံရှားစွမ်းရည် ၁၆ ခု စီပါဝင်ပါတယ်။

Kingdom Rush: Vengeance ရဲ့ developer Ironhide က Kingdom Rush, Kingdom Rush: Frontiers နဲ့ Kingdom Rush: Origins တို့ကိုဖန်တီးခဲ့တဲ့သူဖြစ်ပါတယ်။ သူထုတ်လုပ်ခဲ့တဲ့ ဂိမ်းတွေ အားလုံးလိုလို ဟာလည်း တကယ့်ကို ဆွဲဆောင်မှုရှိပြီး နာမည်ကြီးခဲ့တဲ့ ဂိမ်းတွေကြီးပါပဲ။ အဲ့တာကြောင့် ဒီတစ်ခေါက် ထွက်လာမယ့် Kingdom Rush: Vengeance ကိုလည်း လူကြိုက်များကြဦးမှာပါ။ သူ့ရဲ့ နမူနာ ဗီဒီယိုလေးကို အောက်မှာ ကြည့်သွားလို့ ရပါတယ်…

ပြီးခဲ့တဲ့ နှစ်က စပြီး Ironhide စတူဒီယိုဘက်မှ မိုဘိုင်းလ် ဖုန်းတွေ အတွက် သူတို့ရဲ့ ပထမဆုံး RTS (Real-time strategy) ဂိမ်းကို Iron Marines နာမည်နဲ့ ချပြခဲ့ပါတယ်။ အခြား ထွက်ရှိခဲ့ဖူးတဲ့ Kingdom Rush ဂိမ်းတွေလိုပဲ Kingdom Rush: Vengeance ကို steam မှာ ကစားလို့ ရမရ ဆိုတာကိုတော့ လက်ရှိမှာ မသိရသေးပါဘူး။ မိုဘိုင်းလ် ပေါ်မှာ ကစားလို့ရမယ် ဆိုတာကိုပဲ သိရှိရပါသေးတယ်။ အဲ့တာကြောင့် နောက်ထပ် သေချာတဲ့ သတင်းတွေ ထွက်ရှိလာခဲ့ရင် ထပ်မံအကြောင်းကြားတင်ပြပေးသွားပါဦးမယ်။

Source, Ref

Pre-register link – Android/ iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password