ဒေါသထွက်ပြီးလူသတ်ချင်နေတဲ့အချိန်တွေမှာအကောင်းဆုံးဂိမ်းတစ်ခုဖြစ်တဲ့ Kick the Buddy!

မိတ်ဆွေဆီမှာ ရှိသမျှ Stress တွေအကုန်မဟုတ်ရင်တောင် တစ်ဝက်ကျော်ကျော်လောက်ပျောက်အောင်လုပ်ဆောင်ပေးနိုင်တဲ့ ဂိမ်းလေးတစ်ခုဖြစ်ကြောင်း ဉီးစွာပြောပါရစေ။ ဒီဂိမ်းမှာ Level တွေအဆင့်ဆင့်ခွဲထားတာတော့မရှိပါဘူး။ မိတ်ဆွေလုပ်ရမှာက တစ်ခုပဲရှိပါတယ်။ အဲ့ဒါကတော့ Buddy ဆိုတဲ့ Character လေးကိုနှိပ်စက်ရမှာဖြစ်ပါတယ်။ မိတ်ဆွေရဲ့ မကျေနပ်ချက်တွေကို Buddy ဆီမှာပုံချရ မှာဖြစ်ပါတယ်။

နှိပ်စက်တဲ့နေရာမှာလည်း လက်ဗလာတော့မဟုတ်ပါဘူး။ နှိပ်စက်တဲ့ ကိရိယာမျိုးစုံနဲ့ နှိပ်စက်ရမှာဖြစ်ပါတယ်။ လက်ပစ်ဗုံး၊ လွှ၊ သေနတ်၊ ဒုံးကျည် စတာတွေအပြင် နိုင်ငံတစ်ခုလုံးကို ဖြိုခွဲနိုင်တဲ့ Nuclear ပါ ပါဝင်တာကြောင့် မတွေးရဲစရာပါပဲ။ ကျွန်တော်ပြောခဲ့တဲ့ လက်နက်တွေအပြင် အခြားသော အကြမ်းစားလက်နက်တွေလည်းများစွာရှိနေသေးတာကိုတွေ့ရမှာပါ။ လက်နက်တွေအပြင် နတ်ဘုရားတွေ၊ ရာသီဥတုတွေ၊ စက်ရုပ်တွေ စတဲ့ပစ္စည်းတွေနဲ့ လည်း အသေအကြေနှိပ်စက်နိုင်ပါသေးတယ်။

 

 

မိတ်ဆွေနှိပ်စက်ရမဲ့ Buddy က မသေမျိုးမဟုတ်တဲ့အတွက် လက်နက်ပေါင်းစုံ၊ နှိပ်စက်နည်းပေါင်းစုံတွေနဲ့ နှိပ်စက်တာတွေကြားထဲမှာတော့ သေမှာပါပဲ။ ဒါပေမဲ့ သေဆုံးပြီး အချိန်ခဏတာအကြာမှာပဲ ပြန်ရှင်လာမှာဖြစ်ပါတယ်။ မိတ်ဆွေက Buddy ကို လွှ နဲ့ပဲဖြတ်ဖြတ်၊ သေနတ်နဲ့ပဲပစ်ပစ် သွေးတော့ထွက်လာမှာမဟုတ်ပါဘူး။ သွေးမထွက်လာလို့ အားမလိုအားမရ ဖြစ်နေတယ်ဆိုရင်တော့ Buddy ထဲကိုသွေးထည့်လို့ရပါတယ်။ Profile Tab လေးရဲ့ဘေးနားက Add Blood ကိုနှိပ်ရင်ရပါပြီ။ USD $4.99 နဲ့ Buddy ထဲကိုသွေးထည့်ရမှာဖြစ်ပါတယ်။ သွေးထည့်လိုက်ပြီဆိုရင်တော့ မိတ်ဆွေ ဘာနဲ့နှိပ်စက် နှိပ်စက်သွေးတွေ ထွက်လာမှာဖြစ်ပါတယ်။

 

 

နှိပ်စက်ရမဲ့ ကိရိယာလက်နက်တွေက အများကြီးရှိပေမဲ့ အားလုံးကတော့ Unlock ဖြစ်နေမှာမဟုတ်ပါဘူး။ အချို့သာ Unlock ဖြစ်နေမှာဖြစ်ပြီး ကျန်တာတွေအားလုံးကိုတော့ မိတ်ဆွေကိုယ်တိုင်ပဲ Unlock လုပ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Buddy အတွက် Costume များစွာဖန်တီးပေး ထားတာကိုလည်းတွေ့ရမှာပါ။

Free To Play ဖြစ်ပါတယ်။ IOS Platform တစ်မျိုးတည်းမှာသာကစားနိုင်တဲ့ဂိမ်းလေးဖြစ်ပါတယ်။ အနိုင်ကျင့်ရာရောက်တဲ့ ဂိမ်းဖြစ်ပေမဲ့ Stress တွေ၊ မကျေနပ်ချက်တွေကို လျော့ပါးသွားအောင်လုပ်ဆောင်ပေးနိုင်တာကြောင့် မိတ်ဆွေအား သတင်းပေးလိုက်ပါတယ်။

 

 

Image Source : https://itunes.apple.com/us/app/kick-the-buddy/id1278869953?mt=8

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password