
EDM Festival, Stage Show, Club စတဲ့နေရာတွေကိုသပ်သပ်ကြီးသွားစရာမလိုပဲအိမ်မှာတင်အချိန်မရွေးအပြတ်ကဲနိုင်တဲ့ ဂိမ်းဖြစ်ကြောင်းဦးစွာပြောပါရစေ။ Just Dance Now ဆိုတဲ့ဂိမ်းရဲ့ Choreography တွေကိုမိတ်ဆွေပျော်ပျော်ကြီးခံစားနိုင်မှာဖြစ်ပါတယ်။ In-game မှာ Character တွေအများကြီးရှိနေမှာဖြစ်ပါတယ်။ အဲ့ဒီ Character တွေက နောက်ခံသီချင်းတွေနဲ့အတူ မိုက်စားကကွက်တွေနဲ့ကနေမှာပါ။ အဲ့ဒီ Character တွေကတဲ့အတိုင်းမိတ်ဆွေကလိုက် ကရုံပါပဲ။ကရ မဲ့ပုံစံတွေကအောက်ဆုံးမှာကကွက်တွေအနေနဲ့ပေးထားမှာ ဖြစ်ပါတယ်။ အဲ့ဒီကကွက်လေးတွေအတိုင်းမိတ်ဆွေကလိုက်ကရုံပါပဲ။ ဘယ်လောက်မှန်ကန်အောင်ကနိုင်လဲဆိုတာကြည့်ပြီး Score တွက်သွားမှာဖြစ်ပါတယ်။နောက်ခံသီချင်းကအပိုဒ်ရေ 300 ကျော်လောက်ရှိနေမှာပါ။
Disney’s Frozen ရဲ့ Let it go, Martin Garrix ရဲ့ Animal, Nicki Minaj ရဲ့ Starships, Psy ရဲ့ Gangnam Style, Silento ရဲ့ Watch Me, Sia ရဲ့ The Greatest, Mark Ronson ft Bruno Mars တို့ရဲ့ Uptown Funk, Will.i.am ft Justin Bieber တို့ရဲ့ That power စတဲ့သီချင်းတွေအပါအဝင်ပဲဖြစ်ပါတယ်။ သီချင်းတွေကို စစချင်းထဲကအားလုံးပေးထားမှာမဟုတ်ပါဘူး။ မိတ်ဆွေကိုယ်တိုင် In-Game Coin တွေနဲ့ Unlock လုပ်ရမှာပဲဖြစ်ပါတယ်။ ပေးထားတဲ့သီချင်းတွေနဲ့မ က ချင်ဘူးဆိုရင်လည်းကိုယ်ပိုင် Playlist နဲ့ ကနိုင်သေးတယ်နော့်။ 10 ယောက်ကနေ အယောက် 100 အထိပျော်ရွှင်စွာကခုန်နိုင်ပါတယ်လို့ ဖော်ပြထားပါတယ်။ ဒီဂိမ်းဟာ ဝိတ်ချနေသူတွေအတွက်လည်းသင့်လျော်တယ်ဗျ။ ဘာလို့လဲဆိုတော့ Just Dance Now ကမိတ်ဆွေရဲ့ Calorie တွေကို လောင်ကျွမ်းစေမှာမလို့ပါ။
I liked a @YouTube video https://t.co/oBbP7EDWJx Just Dance Now! “Want U Back” 5 Stars
— John Price (@ElectricGeckoPr) September 19, 2017
Computer, iPad, Apple TV, Smart TV စတာတွေနဲ့ ကိုလည်း Support ပေးထားတာကြောင့် Smart Phone နဲ့ဆော့ရတာသေးတယ်ထင်ရင် တခြား ဟာတွေနဲ့လည်းချိတ်ဆော့နိုင်ပါတယ်။ Free To Play ထက် Free To Dance လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ Android နဲ့ IOS နှစ်မျိုးလုံးကစားနိုင်ပါတယ်။ Smart Phone တွေအပြင် တခြား Device တော်တော်များများကို Support ပေးထားပြီး Calorie တွေကိုပါ လောင်ကျွမ်းစေနိုင်တဲ့ဂိမ်းဖြစ်တာကြောင့်မိတ်ဆွေအားအသိပေးလိုက်ပါတယ်။
Just Dance Now!
Source: Just Dance Now – Android Apps on Google Play