Reviews

Pokemon Go ပုံစံနဲ့ထွက်လာတဲ့ Jurassic World ဂိမ်းသစ်

မျိုးတုန်းသွားတဲ့ ဒိုင်နိုဆောတွေရဲ့ DNA နဲ့အခုခေတ်မှာ ဒိုင်နိုဆောတွေပြန်လည်ဖန်တီးတဲ့ဇာတ်လမ်းတွေကိုအားလုံးကြည့်ဖူးကြမှာပါ။ မဖြစ်နိုင်သေးတဲ့စိတ်ကူးယဉ်မှုတစ်ခုကို ပီပီပြင်ပြင် ပုံဖော်နိုင်လို့ လူတိုင်းနှစ်သက်တဲ့ Jurassic World ရုပ်ရှင်တွေပါပဲ။ အခုသင်ဟာ သင့်ဖုန်းနဲ့အတူ Jurassic World ကိုအလည်အပတ်သွားနိုင်ပြီပဲဖြစ်ပါတယ်။ Ludia Inc. ကနေ Jurassic World ဂိမ်းကို mobile ပေါ်ကိုယူဆောင်လာခဲ့ပါပြီ။ သင်ဟာဒိုင်နိုဆောတွေကိုကြောက်တတ်ရင်တော့ဆော့မကြည့်ပါနဲ့လို့တစ်ခါတည်းမှာလိုက်ပါရစေ။

Game ရဲ့ playstyle အနေနဲ့ အရင်ကတော်တော်လေးနာမည်ကြီးခဲ့တဲ့ Pokemon Go ဂိမ်းနဲ့ဆင်တူတယ်ဆိုပေမဲ့ သူ့မှာပြောင်းလဲထားတဲ့အချက်တွေပါဝင်နေပါတယ်။ ဥပမာ Pokemon Go မှာသင်ကလမ်းလျှောက်ပြီး Pokemon အကောင်လေးတွေဖမ်းရပေမဲ့ ဒီဂိမ်းမှာတော့သင်ဟာ Drone နဲ့ပျံသန်းပြီးသင့်ပါတ်ဝန်းကျင်က ဒိုင်နိုဆောတွေရဲ့ DNA ကိုယူရုံပါပဲ။ အဲ့ဒီ DNA နဲ့မှသင့် base မှာဒိုင်နိုဆောတွေမျိုးပွားယူရမှာပါ။

ရှာဖွေရင်းရရှိလာတဲ့ DNA တွေကိုဒိုင်နိုဆောအသစ်တစ်ကောင်အဖြစ်မျိုးစပ်လို့ရသလို ရှိပြီးသားဒိုင်နိုဆောတွေကို Level တင်ရင်း မျိုးစိတ်ပိုမိုမြင့်မားတဲ့ဒိုင်နိုဆောတွေအဖြစ် Evolve လုပ်နိုင်ပါသေးတယ်။ ဒိုင်နိုဆောတစ်ကောင်နဲ့တစ်ကောင်မျိုးစပ်ပြီးပိုကြမ်းတဲ့ဒိုင်နိုဆောတွေရလာမှာပါ။

မိမိပိုင်ဆိုင်ထားတဲ့ဒိုင်နိုဆောတွေကို တိုက်ခိုက်ရေးအဖွဲ့တစ်ခုအဖြစ်ဖွဲ့စည်းပြီးအခြား player တွေနဲ့ယှဉ်ပြိုင်တိုက်ခိုက်ရတာက ဒီဂိမ်းရဲ့အဓိက feature တစ်ခုပါပဲ။ သူများတွေထက်အသာရဖို့ကတော့ DNA ရှာဖွေခြင်းနဲ့ ဒိုင်နိုဆောမျိုးစပ်ခြင်းမှာသင်ဘယ်လောက်လုပ်နိုင်မလဲဆိုတဲ့သင့်ရဲ့အရည်အချင်းပေါ်မူတည်နေပါတယ်။ (ခြွင်းချက်အနေနဲ့ In-App purchases တွေကတော့ထုံးစံအတိုင်းပါဝင်နေမှာပါ)။

Pokemon Go နဲ့နောက်ထပ်မတူတဲ့အချက်ကတော့ ဒီဂိမ်းရဲ့ Map မှာ Random ပေါ်လာမဲ့ supply drop တွေပါဝင်လာပါတယ်။ Drone အတွက် battery နဲ့ in game reward များကို supply drop များမှရရှိနိုင်မှာပါ။ ဒီဂိမ်းဟာ Jurassic World ပရိတ်သတ်တွေအတွက်ဆော့သင့်တဲ့ဂိမ်းတစ်ခုဖြစ်ပြီး ပရိတ်သတ်မဟုတ်သူတွေ အတွက်တောင် စမ်းကြည့်သင့်တဲ့ Playstore ရဲ့ နံပါတ်တစ် simulation ဂိမ်းတစ်ခုဖြစ်ပါကြောင်း….။ အောက်ပါ Link မှာဒေါင်းယူနိုင်ပါတယ်။

Download – Android/ IOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: