Reviews

အဆုံးမရှိတဲ့ ခရီးတစ်ခုကို ခေါ်ဆောင်သွားပေးမယ့် Icy Bounce

ရေခဲပြင် အတုံးလေးများပေါ်မှာ ခုန်တက်ပြီး တစ်နေရာမှ တစ်နေရာသို့ သွားရမယ့် ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ တိကျတဲ့ ချိန်ဆ တွက်ချက်ခြင်းများနဲ့ ခုန်ကျော်ရမယ့် ပျော်ရွင်ဖွယ်ရာ ဂိမ်းတစ်ခု အနေနဲ့ သူငယ်ချင်း ဘော်ဒါများအကြား ကျော်ဖြတ်နိုင်မှု အများဆုံးအဖြစ် ဖန်တီးပုံဖော်ရင်း ခရီးတစ်ခု ကို သွားရောက်ကြဖို့ အတွက်ဖိတ်ခေါ်လိုက်ရပါတယ်။

တစ်ကြိမ်တစ်ခါ အမှားလုပ်မိတာနဲ့ ရောက်နေတဲ့ နေရာကနေ မူလအစဆီ ရောက်သွားမှာဖြစ်လို့ အလေတကြီး မဟုတ်ဘဲ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ဆော့ကစားရမှာဖြစ်ပါတယ်။ စိတ်ဝင်စားမှုနဲ့အတူ ဂိမ်းရုပ်ထွက်ပိုင်းမှာပါ ပြောစရာမရှိတဲ့ ဂိမ်းကတော့ မိတ်ဆွေအနေနဲ့ တစ်ခါစဆော့လိုက်ပြီဆိုတာနဲ့ မိမိရရှိထားတဲ့ အမှတ် score ထက် ပိုသာတဲ့ point တွေရရှိဖို့အတွက် နောက်တစ်ခါ ထပ်ကြိုးစားမိမှာကတော့ လက်တွေ့ပါဘဲဗျာ။

မတူညီတဲ့ locations များနဲ့အတူ နေရာတစ်ခုချင်းစီရဲ့ graphic ရုပ်ထွက်ပိုင်းဟာလည်း ကောင်းမွန်လှတဲ့အတွက် ရယူဖို့ ထိုက်တန်တဲ့အပြင် ပြိုင်ဆိုင်ရင်း ရယ်မောရင်းနဲ့ ဘဝအမောတွေ ဖြေဖျောက်နိုင်ကြပါစေ။

Free to Play ရရှိတဲ့ ဂိမ်းအနေနဲ့ကတော့ ကောင်းလွန်းပါ့လို့ ပြောစမှတ် ပြုရမှာပါ။ Playon မိတ်ဆွေများအနေနဲ့လည်း ဂိမ်းကောင်းတစ်ခုဖြစ်တဲ့ Icy Bounce အမည်ရတဲ့ ဂိမ်းလေးကို Google Play Store နဲ့ App Store မိုလ်ဘိုင်း platform များမှာ Free to play အနေနဲ့ ရယူနိုင်ပါပြီ။ ဂိမ်းနဲ့အတူ အပျော်များ စီးမျှောနိုင်ကြပါစေလို့ ဆန္ဒပြုရင်း . . . . မိတ်ဆွေများအတွက် အသိပေးလိုက်ရပါတယ်ခင်ဗျာ။

Google Play Store

App Store

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: