ဒီဇင်ဘာ ၁၄ ရက်နေ့မှာ Android နဲ့ IOS Platform နှစ်ခုပေါ်ကိုရောက်ရှိလာမယ့် Jumanji : The Mobile Game!

Dwayne Johnson(The Rock), Karen Gillan, Kelvin Hart, Jack Black အစရှိတဲ့ Movie Star တွေပါဝင်သရုပ်ဆောင်ထားတဲ့ Jumanji : Welcome to the Jungle ဇာတ်ကားကိုအခြေခံထားတဲ့ဂိမ်းလေးဖြစ်ပါတယ်။ Jumanji : Welcome to the Jungle ဇာတ်ကားအတိုင်းပဲ တောနက်ကြီးထဲမှာဆော့ကစားသွားရမှာဖြစ်ပါတယ်။ တည်နေရာသာမက ဆော့ရမယ့် Character တွေကလည်း ဇာတ်ကားအတိုင်းဖြစ်နေမှာပါ။ ဒါနဲ့စကားမစပ် Jumanji : Welcome to the Jungle ဇာတ်ကားက ဒီဇင်ဘာ ၂၀ ရက်နေ့မှာရုံတင်ပြသမှာပဲဖြစ်ပါတယ်။ Game Release Date က ၁၄ ရက်နေ့ဖြစ်နေတာကြောင့် ဇာတ်ကားမကြည့်ရသေးခင် Game ကိုအရင်ကစားနေရမှာလည်းဖြစ်ပါတယ်။

Android နဲ့ IOS Platform နှစ်ခုလုံးမှာဆော့ကစားနိုင်ပေမယ့် Playstore နဲ့ App Store ကိုတော့မရောက်ရှိသေးပါဘူး။ မကြာခင်မှာရောက်ရှိလာမယ်လို့တော့ဖော်ပြထားပါတယ်။ ကြိုပြီး Pre-register လုပ်ထားလို့လဲရပါတယ်။

Pre-Register Now!

 

ဂိမ်းထွက်ရှိတဲ့ရက်ကျရင် Playon က ဂိမ်း review ရေးဖို့အစီအစဉ်ရှိတာကြောင့် စိတ်ဝင်စားရင်တော့စောင့်ကြည့်ကြပါလို့အကြံပေးပါရစေ။

 

 

 

 

Source : NewsNexa

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password