Legendary Hero ပေါင်းများစွာပါဝင်ပြီး Role Playing ဂိမ်းတစ်ခုဖြစ်တဲ့ Juggernaut Wars – Raid Dungeons and Slay Dragons!

Defense Of The Ancient 2 ဆော့ဖူးတဲ့လူတွေဆို Juggernaut ဆိုတာကို Hero တစ်ယောက်အနေနဲ့ပြေးမြင်ကြမှာပါ။ Juggernaut ဆိုတဲ့အဓိပ္ပါယ်ကတော့ကြီးမားတဲ့ခွန်အားပါ။ ဒီမှာတော့ Juggernaut ဆိုတာကို Hero တစ်ယောက်အနေနဲ့ တွေ့ရမှာမဟုတ်ပါဘူး၊ ဂိမ်းတစ်ခုလုံးကိုကိုယ်စားပြုတဲ့ အနေနဲ့တွေ့ရမှာပါ။ ခွန်အားကြီးမားတဲ့Character တွေအချင်းချင်းတိုက်ခိုက်ရမှာကြောင့် Juggernaut Wars လို့အမည်တွင်နေတာလည်းဖြစ်ပါတယ်။ Action နဲ့ Role Playing ပုံစံကိုပေါင်းစပ်ဖန်တီးထားတဲ့ဂိမ်းလေးလည်းဖြစ်ပါတယ်။

ဒီဂိမ်းမှာ မိတ်ဆွေက Legendary Hero တွေနေရာကနေပြီး ရန်သူတွေဖြစ်တဲ့ သားရိုင်းကောင်တွေ၊ နဂါးတွေ၊ မှော်ဆရာတွေ ကိုတိုက်ခိုက်ရမှာပဲဖြစ်ပါတယ်။ မိတ်ဆွေကရန်သူတွေနဲ့ တိုက်ခိုက်တဲ့အခါ Battle Field ထဲကို Legendary Hero ၅ ကောင်အထိတစ်ပြိုင်နက်ခေါ်ဆောင်ပြီးတိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။ ရန်သူကလည်းတစ်ကောင်တည်းရှိနေမှာမဟုတ်တာကြောင့်ပါ။ မိတ်ဆွေရဲ့ Hero တွေကရန်သူတွေကိုတစ်ချက်ချလိုက်၊ ရန်သူတွေကမိတ်ဆွေ Hero တွေကိုချလိုက်နဲ့ ဖြစ်နေမှာပါ။ အဲ့ဒါကတော့ Auto ချနေမှာပါ၊ မိတ်ဆွေကထိုင်ကြည့်နေရုံပါပဲ။ စစချင်း Level တွေမှာတော့ အနည်းငယ် လွယ်နေမှာကြောင့်ထိုင်ကြည့်နေလည်းကိစ္စမရှိပေမဲ့၊ နောက်ပိုင်း Level တွေမှာထိုင်ပဲကြည့်နေရင်တော့ ရှုံးဖို့က 98% လောက်ကိုသေချာပါတယ်။ နောက်ပိုင်း Level တွေကျရင်ရန်သူတွေက ပိုပိုကြမ်းလာမှာမလို့ပါ။

Level အကြောင်းလေးပြောပါရစေ။ Level တွေအနေနဲ့ကတော့ မတူညီတဲ့ နေရာ 30 ကျော်လောက်ကိုဖြတ်သန်းရမှာပါ။ နေရာတစ်ခုဆီမှာ Level 6 ခုလောက်ရှိနေတာကိုတွေ့ရမှာပါ။ အဲ့တော့မိတ်ဆွေက Juggernaut Wars ကိုအကြာကြီးဆော့ရမှာပါ။

 

ခုနပြောနေတဲ့ Battle အကြောင်းလေးပြန်လှည့်ပါရစေ။ Battle တစ်ပွဲမှာ Round 3 ခုပါဝင်ပါတယ်။ Round 1 ခုပြီးသွားတိုင်းမိတ်ဆွေ Hero တွေရဲ့ သွေးကပြန်ပြည့်မှာမဟုတ်ပါဘူး၊ လျော့နေတဲ့ သွေးအတိုင်းနောက် Round တစ်ခုမှာဆက်ဖိုက်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့အရမ်းကြီးစိုးရိမ်စရာတော့မရှိပါဘူး။ ဘာလို့လဲဆိုတော့ မိတ်ဆွေဘက်မှာ Hero 5 ကောင်တောင်ရှိနေမှာဖြစ်ပြီး မိတ်ဆွေရဲ့ Hero 5 ကောင်လုံးသေမှ Game Over မှာမလို့ပါ။ တိုက်ခိုက်တဲ့အခါမှာလည်း အရင်ဆုံး Hero Position ချပြီးမှာတိုက်ခိုက်ရင်နိုင်ဖို့အခွင့်အရေးပိုများပါတယ်။ Position တွေက Front Line နဲ့ Back Line နှစ်မျိုးပဲရှိတာပါ။ အဝေးကပစ်တဲ့ကောင်တွေကို Back Line မှာထားပြီး အနီးကပ်ဓားတို့၊ ပုဆိန်တို့နဲ့ချတဲ့ကောင်တွေကိုတော့ Front Line မှာထားရုံပါပဲ။ 5 ကောင်ရှိတယ်ဆိုရင် 3 ကောင်ကိုရှေ့တန်း(Front Line)မှာထားပြီး။ ၂ ကောင်ကို နောက်တန်း(Back Line) မှာထားရင်အဆင်ပြေပါပြီ။ Heroပေါင်း ၅၀ ကျော်ထဲကမှစစချင်းမိတ်ဆွေကိုပေးထားမှာက ၅ ကောင်ပဲဖြစ်ပါတယ်။ ကျန်တဲ့ Hero တွေကိုတော့မိတ်ဆွေကိုယ်တိုင်ပဲ Unlock လုပ်ရမှာဖြစ်ပါတယ်။

Hero တွေအတွက် items တွေလည်းရှိပါတယ်။ ဒါ့အပြင် Hero တွေရဲ့ Power တွေကို ပိုကြမ်းအောင် upgrade လုပ်နိုင်သလို၊ Level တွေကိုလည်း မိတ်ဆွေကိုယ်တိုင်မြင့်ပေးနိုင်ပါတယ်။ အဲ့ဒါတွေကို Battle တွေလိုက်ချခြင်းဖြင့်လည်းရနိုင်ပါတယ်။ Battle တစ်ပွဲနိုင်ရင် မိတ်ဆွေ Battle Field ကိုခေါ်ဆောင်သွားတဲ့ Hero တွေအကုန် Level Exp: တက်သွားမှာဖြစ်ပါတယ်။ ပြီးတော့ Hero တွေအတွက်လိုအပ်တဲ့ Items အချို့ရရှိမဲ့အပြင် Coin အချို့လည်းရရှိမှာဖြစ်ပါတယ်။ ဒီဂိမ်းဟာ Player Vs Player(PvP) ဂိမ်းလေးဖြစ်ပါတယ်။ အဲ့ဒါကတော့စစချင်းမှာသိသာမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ မိတ်ဆွေရဲ့ In-game Level 20 ရောက်မှသာ တခြား Global ကလူတွေနဲ့စကားပြောနိုင်မှာမလို့ပါ။ အဲ့တော့ PvP mode က Level 20 အထက်တွေနဲ့ပဲသက်ဆိုင်တယ်လို့ပြောပါရစေ။ စစချင်းဆော့ရင်တော့ မိတ်ဆွေက Campaign Mode မှာပဲ Monster တွေကိုဖိုက်ရမှာဖြစ်ပါတယ်။ Campaign Mode ဆိုလို့အသစ်မထင်သွားပါနဲ့၊ ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ Level အကြောင်းနဲ့ Battle အကြောင်း ဆိုတာ Campaign Mode ကိုအခြေခံပြီးပြောထားတာမို့ မိတ်ဆွေအဲ့ဒါဖတ်ပြီးရင်တော့ဆော့ရမဲ့ပုံစံတွေသိနေမှာပါ။ မိတ်ဆွေရဲ့ In-game Level တက်လာတာနဲ့အမျှ တခြား Event တွေအများကြီးပွင့်လာမှာကြောင့် စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။ Outstanding Graphic နဲ့ Special Effect တွေသုံးပြီးဖန်တီးထားတဲ့ဂိမ်းလေးပဲဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS နှစ်မျိုးလုံးမှာကစားနိုင်ပြီး မပျင်းရအောင် Level အများအပြားနဲ့ Event တွေအများကြီးလုပ်ပေးထားတာကြောင့်မိတ်ဆွေအားဆော့ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။

 

 

Image Source :

https://play.google.com/store/apps/details?id=com.my.juggernautwars

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password