Arena of Valor မှာ Hero အဖြစ်ပါဝင်လာတော့မယ့် Joker

ဒီရက်ပိုင်းမှာ Mobile Gamer တွေကြားမှာ ရေပန်းစားနေတဲ့ဂိမ်းတစ်ခုကတော့ Arena of Valor ပဲဖြစ်ပါတယ်။ Tencent က သူ့ရဲ့ဂိမ်း NA Release အတွက် ဒီနောက်ပိုင်းမှာ မီးကုန်ယမ်းကုန်ကို Promotion ဆင်းနေတာ အင်တာနက်ပေါ်မှာ သွားလေရာနေရာတိုင်း AOV အကြောင်းကိုမြင်နေရတဲ့အထိပါပဲ။ အခုလည်း NA Release ကိုပိုပြီး Hype ဖြစ်အောင် Joker သတင်းနဲ့ မြူဆွယ်နေပြန်ပါပြီ။ Arena of Valor ရဲ့ Twitter စာမျက်နှာမှာ တင်ခဲ့တဲ့ဗီဒီယိုမှာပါတဲ့ Creepy ဖြစ်တဲ့ရယ်သံကြီးကတော့ Joker ကလွဲပြီး အခြားသူမဖြစ်နိုင်ပါဘူး။ ဒါအပြင် သူ့ရဲ့ Facebook စာမျက်နှာမှာတင်ထားတဲ့ Joker နဲ့ပတ်သက်ပြီး Tease လုပ်တဲ့ ပိုစ့်တစ်ခုကိုလည်း မြင်တွေ့ရမှာပါ။

အခြား Region Release တွေအရဆိုရင်တော့ Arena of Valor ထဲကိုရောက်လာမှာ Joker တစ်ယောက်တည်းမဟုတ်ပါဘူး။ Tencent နဲ့ DC Comics ကြားကသဘောတူညီချက်အရ ဂိမ်းထဲကို Joker နဲ့ Batman တို့အပါအဝင် Superman နဲ့ Wonder Woman လို အထင်ကရ DC Heroes တွေကို ထည့်သွင်းပေးသွားဦးမှာဖြစ်ပါတယ်။ Mobile MOBA တွေကစားတဲ့ DC ပရိသတ်တွေအတွက်ကတော့ သတင်းကောင်းပဲဖြစ်ပါတယ်။

Arena of Valor ကို အောက်တိုဘာလလယ်တုန်းက မလေးရှား၊ စင်ကာပူနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ Release လုပ်ခဲ့ပေမယ့် US Store Account သုံးတဲ့ ကျွန်တော့်လို User တွေကတော့ မြင်သာမြင်ရပြီး မကြင်ရသေးပဲ NA Release လုပ်မယ့်ရက်ကိုပဲ စောင့်မျှော်နေရပါတယ်။ ဒါပေမယ့် အခုလို သတင်းတွေကြားရတော့ စောင့်ရကျိုးနပ်တယ်လို့ပဲပြောရမှာပါ။ Arena of Valor ရဲ့ NA Release လုပ်မယ့်ရက်ကိုသိရှိခဲ့ရရင် ဒီကနေဆက်လက်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password