News

John Wick နဲ့ အခြေခံအားဖြင့်တူတဲ့ John on Fire

ဒီတစ်ခေါက်မှာတော့ Playon က shooter ပရိသတ်တွေအတွက် John Wick ဗီဒီယိုဂိမ်း နဲ့ အခြေခံအားဖြင့်တူတဲ့ John on Fire ဆိုတဲ့ ဗီဒီယိုဂိမ်းလေးနဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။အခြေခံအားဖြင့် တူတယ်ဆိုတော့ လုံးဝ ဥဿုံကြီး တူတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူးနော်။ အခြေခံ သဘောတရားအရ တူတယ်လို့ ဆိုလိုတာပါ။

ဂိမ်းထဲမှာ player က မြေအောက် အငြိမ်းစားလုပ်ကြံသတ်ဖြတ်သူကြီး ဂျွန်(John)နေရာကနေ ပါဝင်ကစားရမှာပါ။ မြေအောက် အငြိမ်းစား လုပ်ကြံသတ်ဖြတ်သူကြီး ဂျွန်ဟာ သူ့ကို အလုပ်ခန့်ခဲ့တဲ့ အဖွဲ့အစည်းကို ပြန်လည် ဖြုတ်ချဖို့ အငြိမ်းစားဘဝကနေ လုပ်ကြံသတ်ဖြတ်သူအဖြစ်ပြန်လည် လှုပ်ရှားခဲ့ပါတယ်။

John on Fire ကို beta အဖြစ် Android ပေါ်မှာ စတင်ကစားလို့ ရနေပါပြီ။ Gameplay ပုံစံအရ player က လက်နက်တွေ အများကြီးရှိတဲ့ ပတ်ဝန်းကျင် တစ်ခုမှာ ကစားရမှာပါ။ Shooter ဂိမ်းဆိုတော့ ပစ်ရမယ် ခက်ရမယ်ပေါ့။ အဲ့ဒီမှာ လူတွေကို အစုလိုက် အပြုံလိုက်သတ်ပြီး မှုခင်းပြစ်မှုတွေ အများကြီးကို လုပ်ရမှာပါ။ ကစားရင်း ကစားရင်းနဲ့ တဖြေးဖြေး အနိုင်ရဖို့ခဲယင်းတဲ့ မစ်ရှင်တွေနဲ့ အင်အားကြီး ရန်သူတွေကို တွေ့လာမှာပါ။ သူ့ကို အခုအချိန်မှာ beta အနေနဲ့ Google Play ကနေ ဒေါင်းလုတ်ရယူနိုင်ပါပြီ။ နမူဗီဒီယိုလေးကိုလည်း တစ်ချက် ရှိုးကြည့်လိုက်ပါဦး။

Shooter ဂိမ်းကောင်းတစ်ခုဆိုတာတော့ ကြည့်လိုက်တာနဲ့သိပေမယ့် graphics ကိုတော့ အက်မင် သိပ် စိတ်တိုင်းမကျပါဘူး။-_- John Wick နဲ့ကွာတဲ့ အချက်တွေတော့ရှိပါသေးတယ်။

Source – https://www.droidgamers.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password