ပေါ့ပေါ့ပါးပါးအေးအေးဆေးဆေး ဆော့ကစားချင်သူ mobile game player မိတ်ဆွေများအတွက် Jetpack Joyride!

ပေါ့ပေါ့ပါးပါးအေးအေးဆေးဆေး ဆိုတဲ့အတိုင်း ဒီဂိမ်းကို install လုပ်ပြီးတာနဲ့ မိတ်ဆွေတို့ရောက်လေရာမှာဖုန်းထုတ်ပြီးဆော့နိုင်မှာပဲဖြစ်ပါတယ်။ ဒီဂိမ်းလေးရဲ့ အဓိကဇာတ်ကောင်က တော့ Jetpack ကိုစီးနေတဲ့ကောင်လေး Barry Steakfries ပဲဖြစ်ပါတယ်။ Barry Steakfries ဟာတစ်နေ့မှာအလုပ်မှစိတ်ပျက်လက်ပျက်ပြန်လာရင်း အဆောက်အအုံတစ်ခုမှာ Jetpack တစ်ခုကိုတွေ့ပြီးသူ့ရဲ့ငယ်အိပ်မက် ကိုသတိရ သွားပါတယ်။ Barry Steakfries ရဲ့ငယ်အိပ်မက်က တစ်ခြားတော့မဟုတ်ပါဘူး။ Jetpack လေးနဲ့မိုးပေါ်မှာပျံသန်းချင်တာပဲ ဖြစ်တယ်။ အဲ့အိပ်မက်ကို Barry Steakfries တစ်ယောက်အကောင်အထည် ဖော်တဲ့အနေနဲ့ အဲ့ Jetpack ကိုဆွဲယူဝတ်ပြီး စီးပါတော့တယ်။ ကဲ Barry Steakfries တစ်ယောက် အဲ့ဒီ Jetpack နဲ့ဘယ်နေရာတွေ သွားမလဲဆိုတာကို ဂိမ်းဆော့ရင်း စောင့်ကြည့်ဖို့ ဖိတ်ခေါ်ပါရစေ။

Endless ဂိမ်းဖြစ်ပေမယ့် စိတ်ဝင်စားစရာက coin လေးတွေစုပြီး Jetpack ဝယ်လို့ရတာပါပဲ။ ပုံစံလေးတွေက အမိုက်စားလေးတွေနော်။ Coin ရှိရင် Jetpack သာမကတခြားအလန်းစား items လေးတွေကိုဝယ်လို့ရသေးတယ်နော်။ ဒီဂိမ်းဟာ size သေးတဲ့အပြင် offline ဂိမ်းလေးလဲ ဖြစ်တာမို့ မိတ်ဆွေတို့အကြိုက်ဖြစ်မှာပါ။ ဒါ့အပြင် Android နဲ့ IOS နှစ်မျိုးလုံး တွင်အလွယ်တကူ ဆော့နိုင်တာမို့ mobile player များအား လေးစားစွာ သတင်းကောင်းပါးလိုက်ပါတယ်။

Image Source:

https://itunes.apple.com/us/app/jetpack-joyride/id457446957?mt=8

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password