ချစ်စရာကောင်းတဲ့ Character တွေနဲ့စက်ရုပ်ကြီးတွေကိုဖိုက်ချင်တဲ့ Mobile Player တို့အတွက် Jetpack Fighter!

ဒီဂိမ်းမှာတော့မိတ်ဆွေက Evil Robot တွေကိုလမ်းတစ်လျှောက် အပီဖိုက်ရမှာပါ။ Jetpack Fighter ဆိုတဲ့အတိုင်း Jetpack တွေနဲ့လေပေါ်ပျံသန်းပြီးစက်ရုပ်တွေကို ချရမှာပါ။ မိတ်ဆွေကိုင်ရမယ့်လက်နက်တွေကလည်း အမိုက်စားတွေပါပဲ။ ဓား၊ သေနတ်၊ လွှ၊ လှံ အပြင်လေဆာသေနတ်တောင်ပါ ပါသေးတယ်။ ဓားနဲ့လေဆာပစ်လို့ရတာတွေ၊ လှံနဲ့လေဆာပစ်နိုင်တာတွေ စတဲ့အထူးအဆန်းတွေကိုလည်းတွေ့ရဦးမှာပါ။ Movement Speed ကလည်းအလွန်မြန်ဆန်ပြီး Combat အလန်းစားတွေလည်းတွေ့ရမှာပါ။

 

 

 

 

 

 

ဒီဂိမ်းမှာ Character များစွာပါဝင်ပါတယ်။ Character တော်တော်များများကချစ်စရာကောင်းနေတာကိုတွေ့ရမှာပါ။ ချစ်စရာကောင်းပေမယ့်အနည်းငယ်ကြောက်ဖို့တော့ကောင်းပါတယ်။ ကြောက်ဖို့ကောင်းတယ်ဆိုတာသူတို့ရဲ့ Combat တွေပါ။ စက်ရုပ်တွေကိုချပြီဆိုရင်လက်နက်ကြီးတွေနဲ့အဆက်မပြတ်ဖိုက်နိုင်တာကြောင့်ပါ။ အဲ့ဒါကြောင့်လူတစ်ယောက်အရည်အချင်းကိုအသွင်ပြင်နဲ့မဆုံးဖြတ်ဖို့ရှေးကလူတွေပြောခဲ့တာဖြစ်မှာပါ။

 

 

 

 

 

 

ဒီဂိမ်းလည်းတခြားဂိမ်းတွေလိုပဲ လက်နက်တွေ၊ Armorတွေ၊ Character တွေကိုလည်းဆော့ရင်းနဲ့မိတ်ဆွေကိုယ့်ဘာသာ Unlock လုပ်ရမှာပဲဖြစ်ပါတယ်။ မိတ်ဆွေစဆော့ပြီဆိုရင်တော့အပေါ်ဆုံးမှာ Hp နဲ့ Stimina အတန်းလေးတွေပြထားပေးမှာပါ။ Hp တန်းကမိတ်ဆွေရဲ့အသက်ပါ။ Stiminaတန်းလေးကတော့ Special Power သုံးနိုင်မယ့် Limit ကိုပြထားတာပဲဖြစ်ပါတယ်။ Stimina တန်းလေးကုန်သွားရင်တော့Special Power တွေ မသုံးနိုင်တော့ပါဘူး။ ဒါပေမဲ့စိတ်ပူစရာတော့မရှိပါဘူး။ ဘာလို့လဲဆိုတော့Stiminaကမိတ်ဆွေစက်ရုပ်တွေကိုသတ်တာနဲ့ပြန်ပြီးရနေမှာမို့လို့ပါ။မိတ်ဆွေကြုံတွေရမှာစက်ရုပ်အသေးလေးတွေဖြစ်နိုင်သလို Boss Killer ဆိုတဲ့စက်ရုပ်အကြီးစားတွေနဲ့လည်းတွေ့လာရမှာပါ။ ထင်သလောက်တော့မလွယ်ကူပါဘူး။

ဒီဂိမ်းကမိတ်ဆွေတစ်ယောက်တည်း ဆော့နိုင်သလို သူငယ်ချင်းတွေနဲ့ဘယ်သူကပိုမြန်အောင်တိုက်ခိုက်နိုင်လဲဆိုတာChallenge လုပ်နိုင်ပါသေးတယ်။ ဒီဂိမ်းဟာ File Size လည်းသေးတဲ့ online game အမျိုးအစားလည်းဖြစ်ပါတယ်။တစ်ခုရှိတာကစစချင်းမှာအသည်းပုံလေးကို ၁၀၀ လောက်ပေးထားမှာပါ။ Mission တစ်ခုဆော့ရင် ၈ ခုကုန်မှာပါ။အဲ့တာကုန်သွားရင်တော့ မိတ်ဆွေ Misson တွေဆော့ဖို့ကိုခဏပြန်စောင့်ရမှာပဲဖြစ်ပါတယ်။

Free To Play ပါ။ Free To Playဆိုပေမယ့် အချို့ Item အလန်းစားတွေကိုတော့ မိတ်ဆွေစိတ်ပါရင် ဝယ်ယူနိုင်ပါတယ်။ Android နဲ့ IOS နှစ်မျိုးလုံးမှာကစားနိုင်တာကြောင့် Mobile Game ကောင်းကောင်းလေးဆော့ချင်တဲ့မိတ်ဆွေတွေကိုသတင်းပေးလိုက်ပါတယ်။

 

Image Source:

https://play.google.com/store/apps/details?id=com.hirezstudios.jpfalpha&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password