ရေပေါ်မှာ Jet Ski စီးပြီး အလှပြကွက်တွေနဲ့ ပြိုင်ပွဲဝင်ရမယ့် RIPTIDE GP2

ဒီတစ်ခါမှာတော့ Playon ပရိသတ်ကြီးကို Racing Game တွေထဲကမှ ခပ်မိုက်မိုက်ဖြစ်နေတဲ့ Riptide GP 2 Android Game နဲ့ မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်။ Riptide GP 1 ကို ကစားဖူးသူတွေအနေနဲ့ အထူးတလည်မိတ်ဆက်ပေးစရာမလိုပေမယ့် အခုမှ 2 ကို စပြီး ကစားမယ့်သူတွေအတွက် လိုအပ်လာမှာပဲဖြစ်ပါတယ်။

သာမန် ဆိုင်ကယ်တစ်စီးမောင်းနှင်သလို မဟုတ်ဘဲ ရေပေါ်ဆိုင်ကယ်ပြိုင်ပွဲဖြစ်ပြီးတော့ အလှပြကွက်အချို့ကို ဖန်တီးကစားရတဲ့ စတန့်အမျိုးအစားဖြစ်ပါတယ်။မောင်းနှင်မှုအတွက် ပေးထားတဲ့ခလုတ်တွေကို အသုံးပြုရမှာဖြစ်ပြီး စတန့်ပြကွက်တွေအတွက် Screen ရဲ့ ကြိုက်တဲ့နေရာကို ထိတွေ့ရုံနဲ့ ဂိမ်းထဲက ကစားသမားဟာ အလှပြကွက်နဲ့ အမှတ်တွေ ယူပေးမှာဖြစ်ပါတယ်။ Riptide GP 2 ဟာ Career Mode အတွက် ပြိုင်ပွဲဝင်ရမယ့် လမ်းပေါင်း 30 ပါရှိပြီး ကြယ်အရေအတွက် လမ်းအားလုံးမှာ 102 ခုပါရှိမှာဖြစ်ပါတယ်။

ဒီဂိမ်းကို ၂ ယောက် ချိတ်ဆက်ပြီးကစားလို့ရတဲ့အတွက် ပြိုင်ပွဲက ပိုမိုပြင်းထန်တဲ့ပျော်စရာတွေ ပေးနိုင်မှာပဲဖြစ်ပါတယ်။ ပြိုင်ပွဲတစ်ခုမှာ ယှဉ်ပြိုင်သူ သင်အပါအဝင် ၄ ယောက်ကနေ ၈ ယောက်ထိ ရှိမှာဖြစ်ပြီး မြန်နှုန်း၊အလှပြကွက်၊အတွန်းအတိုက်နည်းမှုအပေါ်မှာ မူတည်ပြီး Game Money နဲ့ Star တွေ ရရှိမှာဖြစ်ပါတယ်။ပြီးရင် သင်မောင်းနှင်နေတဲ့ ရေပေါ်ဆိုင်ကယ် (Jet Ski) ကို အကောင်းဆုံးပုံစံတွေဖြစ်လာအောင် Upgrade တင်နိုင်ပါတယ်။

Jet Ski ရဲ့ ကာလာနဲ့ မြန်နှုန်းကို စိတ်ကြိုက် Upgrade တင်နိုင်သလို Lock ပွင့်မယ့် Jet ski အသစ်တွေကိုလည်း ပြိုင်ပွဲတစ်လျှောက်မှာ ရရှိသွားမှာဖြစ်ပါတယ်။ ကိုယ့် Gmail နဲ့ Google Play မှာ ချိတ်ဆက်ထားမယ်ဆို အကြောင်းကြောင်းကြောင့် Game App ပျက်တာ၊ဖုန်းပျက်တာမျိုးဆို အသစ်က ပြန်ကစားစရာမလိုဘဲ ချိတ်ထားတဲ့ Mail နဲ့ ပြန်ဝင်ရင် ရောက်နေတဲ့ နေရာမှာ ပြန်ကစားနိုင်မှာဖြစ်ပါတယ်။

Jet Ski မောင်းနှင်မှုကို စိတ်ဝင်စားလို့ Riptide GP 2 ကို ကစားချင်သူ Playon ပရိသတ်ကြီးအနေနဲ့ ဒီမှာ Download ရယူနိုင်မှာပဲဖြစ်ပါတယ်။

image source : riptide-gp2.en.aptoide.com

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password