Japan Game Awards 2017 မှာ အိမ်ပြန်မျက်နှာပန်း လှသွားသူများ

၂၀၁၇ ခုနှစ်ရဲ့ Tokyo Game Show (TGS) ကတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။ TGS ပြီးဆုံးသွားတာနဲ့အတူ ၂၀၁၇ ခုနှစ်အတွက် Japan Game Award တွေ ဆွတ်ခူးရရှိသွားသူတွေကလည်း ဆုတံဆိပ်တွေပိုက်ပြီး ပျော်ပျော်ပါးပါး အိမ်ပြန်သွားကြပြီ ဖြစ်ပါတယ်။

ဒီနှစ်ရဲ့ Game of the Year: Grand Award ကိုတော့ Nintendo က သူ့ရဲ့ “The Legend of Zelda: Breath of the Wild” နဲ့ ဆွတ်ခူးသွားခဲ့ပါတယ်။ ဒါဟာ Nintendo အတွက်တော့ ၂ နှစ်ဆက်တိုက် Grand Award ကို ရရှိခြင်းဖြစ်လို့ ပြုံးပြုံးကြီး အိမ်ပြန်သွားမှာ အသေအချာပါပဲ။ ဒီဂိမ်းကို ရွေးချယ်ခဲ့ရခြင်း အကြောင်းကို အကဲဖြတ်အဖွဲ့က အောက်ပါအတိုင်း မှတ်ချက်ပေးခဲ့ပါတယ်။

In the general votes, the game received overwhelming supports from 5 to 74 year-old players regardless of sexes and generations and won the award.

Source: Japan Game Awards:2017

Sony ကတော့ သူ့ရဲ့ ရေပန်းစားနေတဲ့ PlayStation®VR နဲ့ Special Award ကို ဆွတ်ခူးသွားခဲ့ပါတယ်။ သူ့ရဲ့ နည်းပညာကိုအသုံးပြုပြီး ဂိမ်းတွေကို ပိုပြီး ဆန်းသစ်နိုင်တာကြောင့် ဒီဆုကို ပေးအပ်ခဲ့ခြင်းဖြစ်တယ်လို့ အကဲဖြတ်အဖွဲ့က မှတ်ချက်ချခဲ့ပါတယ်။

PlayStation VR is highly evaluated for enhancing the possibility of games and presents a new way to enjoy themselves to players.

Source: Japan Game Awards:2017

Pokémon GO ကို ရေးဆွဲခဲ့တဲ့ အဖွဲ့ကတော့ “The Minister of Economy, Trade and Industry Award” ကို ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ Pokémon GO ဟာ AR Technology ကို အသုံးပြုပြီး ဆန်းသစ်တဲ့ Gaming Experience ကို ပေးစွမ်းနိုင်ခဲ့တာကြောင့် ကမ္ဘာတစ်ဝန်းမှာ အထူးတလည် အောင်မြင်ခဲ့ပါတယ်။ သူ့ရဲ့ အောင်မြင်မှုဟာ ဂျပန်နိုင်ငံရဲ့ Gaming Industry တိုးတက်အောင် အများကြီး အထောက်အကူပြုခဲ့တဲ့အတွက် ဒီဆုကို ဆွတ်ခူးရရှိသွားခဲ့တာ ဖြစ်ပါတယ်။

The game uses AR technology to merge with the real world and provide a new fun to a game, greatly enhances the range of game users, and contributes to the development of the industry.

Source: Japan Game Awards:2017

Japan Game Awards 2017 ရဲ့ Games of the Year Division မှာ ဆုတွေ ဆွတ်ခူးရရှိခဲ့သူတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Grand Award

The Legend of Zelda: Breath of the Wild

Game Designers Award

INSIDE

Award for excellence

Overwatch

The Legend of Zelda: Breath of the Wild

NieR: Automata

Nioh

Resident  Evil 7: Biohazard

The Last Guardian

FINAL FANTASY XV

Persona5

Horizon Zero Dawn

Pokémon Sun and Pokémon Moon

MONSTER HUNTER XX

Special Award

PlayStation®VR

Best Sales Award

Pokémon Sun and Pokémon Moon

Global Award Japanese Product

Pokémon Sun and Pokémon Moon

Global Award Foreign Product

FIFA 17

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password