ArticleNews

Disney နှင့်လက်တွဲပြီး မိုဘိုင်းလ်ဂိမ်းတွေ ထုတ်လုပ်ဖို့ လက်မှတ်ထိုးလိုက်တဲ့ Jam City

မိုဘိုင်းလ် gaming company ဖြစ်တဲ့ Jam City ဟာ Pixar နဲ့ Walt Disney ကာတွန်းလမ်းတွေထဲက ဇာတ်ကောင်တွေနဲ့ ရုပ်ရှင်တွေကို အခြေတည်ထားတဲ့ မိုဘိုလ်းဂိမ်းတွေကို ဖန်တီးဖို့ သဘောတူညီလိုက်ပြီဖြစ်ကြောင်းကို ကြေညာလိုက်ပါတယ်။

သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ဒေသထဲမှာ Jam City က ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Disney Emoji Blitz puzzle ဂိမ်းကို လွှဲပြောင်းယူမှာလည်းပါပါတယ်။ ဒါ့အပြင် Disney ရဲ့ စတူဒီယိုတစ်ခုဖြစ်တဲ့ Glendale ကို ပိတ်သိမ်းတော့မှာ ဖြစ်ပြီး စတူဒီယိုက ဝန်ထမ်း ၄၃ ယောက်ကို Jam City ဘက်ကို လွှဲပြောင်းပေးမယ်လို့ သိရပါတယ်။

Jam City က Disney နဲ့တွဲပြီး သူတို့ရဲ့ ပထမဦးဆုံး ဂိမ်းအသစ် အဖြစ် Frozen ကို အခြေခံထားတဲ့ Frozen 2 ကို အရင်ထုတ်လုပ်မယ်လို့ သိရပါတယ်။ ဒါပေမယ့် ကုမ္ပဏီဘက်မှ game play ပုံစံ တွေရော ထွက်ရှိမယ့်အချိန်ရော အသေးစိတ်အချက်အလက်တွေအားလုံးကို ဖော်ပြထားခြင်းမရှိသေးပါဘူး။

“Disney Animation နဲ့ Pixar games တို့ရဲ့ စီးပွားရေးလိုင်စင်တွေက ပြီးခဲ့တဲ့ နှစ်မှာ ပိုပြီးတိုးများလာတာကြောင့် ကျွန်တော်တို့ မှာ Disney ဂိမ်းတွေကို ဖန်တီးဖို့ developer တွေ အမြောက်အများရှိပါတယ်။ အခု Jam City ရဲ့ သဘောတူညီချက်က ကျွန်တော်တို့ရဲ့ ဂိမ်းစီးပွားရေး နဲ့ Disney နဲ့ Pixar games တို့ရဲ့ အနာဂတ်အတွက် ရှည်လျားမယ့် အခွင့်အရေးကောင်းတစ်ခုအဖြစ် ဖော်ပြနေပါတယ်။”

လို့ Disney ရဲ့ စီနီယာ vice president ဖြစ်သူ Kyle Laughlin က ပြောထားပါတယ်။

Jam City ကို ၂၀၀၉ ခုနှစ်မှာ Chris DeWolfe (MySpace ရဲ့ CEOဟောင်း) နှင့် Fox executive ဟောင်း ဖြစ်သူ Josh Ygaudo တို့မှ တည်ထောင်ခဲ့တာဖြစ်ပါတယ်။

Jam City က သူ့ရဲ့ ကိုယ်ပိုင် ဂိမ်းတွေ ဖြစ်တဲ့ Cookie Jam နှင့် Panda Pop တွေကို တီထွင်ခဲ့တဲ့အပြင် နာမည်ကြီး franchise တွေကို အခြေခံထားတဲ့ “Snoopy Pop”နဲ့ “Marvel Avengers Academy” တို့ကိုလည်း ထုတ်လုပ်ခဲ့ပါသေးတယ်။ အခုနှစ်အစောပိုင်းတုန်းကလည်း “Harry Potter : Hogwarts Mystery ” ကို ထုတ်လုပ်ဖန်တီးခဲ့ပါတယ်။

Via

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password