News

PC ပေါ်မှာ နာမည်ကြီးတဲ့ Jade Dynasty ကို mobile ပေါ်မှာ ကစားလို့ရနေပြီဆိုတာ သိပြီးကြပြီလား?

Jade Dynasty Mobile ကို mobile ပေါ်မှာ ကစားလို့ရနေပြီဖြစ်တယ်လို့ Perfect World Entertainment နှင့် 101XP တို့ က ကြေညာလိုက်ပါပြီ။ ဂိမ်းထဲမှာဆိုရင် Jade Dynasty ကို online version ထဲမှာ ပါဝင်တဲ့ အသင်းအဖွဲ့ game play ပုံစံ၊ အားရကျေနပ်ဖွယ်ကောင်းတဲ့ ဇာတ်ကောင် ဖန်တီးမှုတို့ အပြင် Four schools of combat training၊ advance clans နဲ့ အခြား အရာတွေကိုပါ တွေ့ရမှာဖြစ်ပါတယ်။ အသစ်ထွက်လာတဲ့ MMORPG ဂိမ်းကောင်းတွေထဲက တစ်ခုဖြစ်တာကြောင့် ဘော်ဒါတို့အတွက် လုံးဝကို ကစားသင့်တဲ့ ဂိမ်းပါ။ MMORPG ဂိမ်းတွေကို စိတ်ဝင်စားရင်တော့ ဒီ အကြောင်းအရာလေးကို အဆုံးထိ ဖတ်သွားပေးပါနော်။

Jade Dynasty Mobile ပါဝင်မယ့် Key feature များ ကတော့ –

  • စိတ်ကြိုက် နယ်မြေ ချဲ့ထွင်နိုင်ခြင်း။
  • အမြင့် သတ်မှတ်မထားတဲ့ 3d flight နှင့်အတူ ကိုယ်ပျံသန်းချင်တဲ့ နေရာကို ပျံနိုင်ခြင်း။
  • Jade Dynasty world ထဲမှာ တစ်ယောက်တည်း အထီးကျန်မှုကို မခံစားရခြင်း (ကောင်းကင်ပေါ်မှာ သူငယ်ချင်းတွေနဲ့အတူ ပျံသန်းရမှာပါ။)
  • ကျယ်ပြန့်တဲ့ ဇာတ်ကောင် ဖန်တီးမှု options များ
  • Cosmetic items နဲ့ accessories တွေကို အလိုရှိသလို အသုံးပြုပြီး ကိုယ်ပိုင် ဇာတ်ကောင် ပုံစံတွေ ဖန်တီးလို့ရနိုင်ခြင်း
  • ထူးခြားတဲ့ cross-server PVP battle များ။ စတဲ့ feature တွေအပြင်

ဆွဲဆောင်မှုရှိတဲ့ အခြားအရာတွေကိုပါ ဂိမ်းကစားရင် မြင်တွေ့ရမှာဖြစ်ပါတယ်။ ဂိမ်းထဲမှာ သင့်ရဲ့ Clan က သင့်ရဲ့ မိသားစုပါပဲ။ အဲ့တာကြောင့် မင်္ဂလာဆောင်တာတွေ၊ အဖွဲ့ ဝင်အသစ်စုဆောင်းတာတွေ၊ clan ထောင်တာတွေ နဲ့ special event တွေကို unlock လုပ်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ်။ MMORPG တို့ရဲ့ ပုံစံအတိုင်း ဆွဲဆောင်မှုကတော့ အပြည့်ပါပဲ။ ဒါ့အပြင် ဂိမ်းထဲမှာ တွေ့ရှိရမယ့် ကြွရွတဲ့ အလန်းစား HD graphics ပုံစံက လည်း သင့်ကို စိတ်ကျေနပ်မှု အပြည့်အဝပေးမှာပါ။ သူ့ပုံစံကို သိချင်ရင် အောက်က နမူနာ ဗီဒီယိုလေးထဲမှာ ကြည့်လို့ရပါတယ်။

Wow!!! ဒီဇိုင်း ကာလာ အနေအထားကတော့ Trailer နဲ့တင် ကြွေလောက်တယ်နော်။ 😎) စိတ်ဝင်စားလို့ ကစားကြည့်ချင်တယ်ဆိုရင်တော့ အခုပဲ App Store နဲ့ Google Play Store တို့ ဆီကို အခုပဲ သွားပြီး ဒေါင့်လုပ်ခ်ရယူနိုင်နေပါပြီ။

Download link – Android/ iOS

Ref: 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password