News

ကျွန်တော်တို့ မျှော်လင့်ထားတာနဲ့ တပ်တူကျပါ့မလား Harry Potter: Hogwarts Mystery

ပထမဆုံး Trailer ထွက်ရှိပြီး လူအများရဲ့ အာရုံစူးစိုက်မှုကို ရရှိထားတဲ့ ဒီဂိမ်းလေးဟာ အခုဆိုရင် Game Play များထွက်ရှိလာပြီဖြစ်ပါတယ်။ Playon အနေနဲ့လည်း ဒီဂိမ်းကို ဒီနှစ်အတွင်းမှာ ထွက်ရှိမယ်လို့ ကြေညာတဲ့ အချိန်မှာလည်း မိတ်ဆွေများအတွက် ဖော်ပြထားခဲ့ပါတယ်။

အဲ့အချိန်ကတည်းက ကျွန်တော်လည်း ဒီဂိမ်းကို စောင့်မျှော်နေသူထဲက တစ်ယောက်ပေါ့ဗျာ။ Harry Potter Fans များအနေနဲ့လည်း ဒီဂိမ်းကို စောင့်မျှော်နေမယ်ဆိုတာ ယုံကြည်ပါတယ်။ အကယ်၍ သင့်အနေနဲ့ Harry Potter ကို ကြိုက်နှစ်သူတစ်ယောက် မဟုတ်ဘူးဆိုရင်တော့ သာမန်ထက်သာလွန်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ ဂိမ်းလေးလို့ ဆိုကောင်းဆိုနိုင်ပေမယ့် Harry Potter စာအုပ်များ၊ ဇာတ်လမ်းတွဲများ နဲ့ ကြီးပြင်းခဲ့သူ တစ်ယောက်အဖို့တော့ စိတ်ဝင်စားဖွယ် ဂိမ်းတစ်ခုလို့တောင် သတ်မှတ်နိုင်တယ်မဟုတ်လား။

ဂိမ်းမထွက်ရှိခင်က RPG adventure ပုံစံနဲ့ ဖန်တီးထားမယ်လို့ ပြောထားတဲ့အတိုင်း Trailer ထွက်ပြီးနောက်ပိုင်း ထွက်ရှိလာတဲ့ Gameplay များအရ များသောအားဖြင့် point and clink ပုံစံနဲ့ တွေ့မြင်ရမှာဖြစ်ပြီး RPG ပုံစံ အနည်းငယ်သာ တွေ့ရှိရတဲ့အတွက် စဉ်းစားစရာတစ်ခုဖြစ်ရှိနေပါတယ်။

သို့ပေမယ့် ကျွန်တော်တို့ အနေနဲ့ အပြစ်တင်ဖို့ စောအုံးမယ်လို့ ထင်ပါတယ်။ Free to play အနေနဲ့ ရရှိတဲ့ ဒီဂိမ်းကိုတော့ Platform များမှာ ရောက်ရှိနေ ကြားသိရပါတယ်။ Android အနေနဲ့ကတော့ Google Play မှာ (unreleased) အနေနဲ့ ရောက်ရှိနေပြီ ဖြစ်တဲ့ အတွက် Playon မိတ်ဆွေများကို အသိပေးရင်း ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အရာများနဲ့ တပ်တူကျမလားဆိုတာ မျှော်နေရင်း Developer အနေနဲ့လည်း ကျွန်တော်တို့ကို ဘယ်လို ကောင်းမွန်တဲ့ အရာများနဲ့ တင်ဆက်သွားမလဲ ဆိုတာကို မိတ်ဆွေများအနေနဲ့ Playon နဲ့အတူ ရှိနေဖို့ ဖိတ်ခေါ် လိုက်ရပါတယ် ခင်ဗျာ။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password