News

Netmarble ရဲ့မျိုးဆက်သစ် mobile ဂိမ်း Iron Throne ထွက်နေပြီနော်

Iron Throne အကြောင်းကို မပြောခင်မှာ သူ့ကို ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီ Netmarble အကြောင်းနဲ့ ဘာကြောင့် RTS MMO ဂိမ်းအမျိုးအစား ဖြစ်ရတာလဲဆိုတဲ့ အကြောင်းကို နည်းနည်း မိတ်ဆက်ပေးပါ့မယ်။

Netmarble က အရောင်းပိုင်းနဲ့ ပတ်သက်ပြီး ၂၀၁၇ ရဲ့ ကမ္ဘာ့တတိယအကြီးဆုံးဂိမ်း ကုမ္ပဏီတစ်ခုဖြစ်ခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဦးဆုံး ကမ္ဘာ့top 10 စာရင်းဝင် ကုမ္ပဏီက ထုတ်လုပ်တဲ့ ဂိမ်း ဆိုတော့ အကောင်းဆုံးဖြစ်အောင် ဖန်တီးထားမှာတော့ သေချာပါတယ်။

၂၀၁၅ ကနေ ၂၀၁၇ ခုနှစ် စစ်တမ်းကောက်ယူမှုအရ international gaming market မှာ Strategy MMO ဂိမ်းအမျိုးအစား ၃၈ ရာခိုင်နှုန်းအထိ တိုးမြင့် ဝင်ရောက်လာတယ်လို့ သိရပါတယ်။ အခုလို တိုးတက်ပြောင်းလာမှုနဲ့ ပတ်သတ်ပြီး Netmarble ရဲ့ ဒုတိယဥက္ကဋ္ဌ Lee Seung-won က April 19 ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ –

“Global Strategy game ဈေးကွက် ပြောင်းလဲမှုတွေနဲ့ သူ့ရဲ့ အာရှနိုင်တွေထဲ တိုးချဲ့ ဝင်ရောက်လာမှု ကြောင့် Iron Throne လို RTS MMO ဂိမ်းကို ထုတ်လုပ်နိုင်တာ ကျွန်တော်တို့အတွက် အခွင့်အရေးကောင်း တစ်ခုပါပဲ”

လို့ပြောခဲ့ပါတယ်။

VP Seung ရဲ့ ပြောစကားကို ကြည့်တာနဲ့ Strategy ဂိမ်းတွေရဲ့ အနာဂတ်ကို ကြိုတွေးပြီး Iron Throne ကို ထုတ်ခဲ့တာလို့ထင်ပါတယ်။ တော်တော်လည်း မျှော်လင့်ထားပုံရပါတယ်။

 

 

 

Iron Throne ကို COC ရဲ့ ကျော်ကြားမှု ကို စိန်ခေါ်မယ့် mobile RTS ဂိမ်းတစ်ခုလို့ သတ်မှတ်ထားကြပြီး COC ကို တကယ်ပဲ ယှဉ်နိုင်မှာလားဆိုတာတော့ ဆက်ပြီး စောင့်ကြည့်သွားရမှာပါ။ RTS ဂိမ်းတို့ရဲ့ logic အတိုင်း castle တွေဆောက်၊ စစ်တပ်ကိုအားဖြည့်၊ အဖွဲ့ကို ဦးဆောင်ပြီး အခြား player တွေနဲ့ တိုက်ပွဲအကြီးစားကြီးတွေမှာ ဝင်တိုက်ရမှာပါ။ ဂိမ်းထဲမှာ Battle Royale ,Team Deathmatch ,Dimensional Battle နဲ့ Town Mode ဆိုပြီး မတူညီတဲ့ Mode တွေပါဝင်ပါတယ်။ သာမန်ကာတွန်းပုံတွေထက်ပို အသက်ဝင်တဲ့ ဇာတ်ကောင်တွေကို resolution မြင့်မြင့်နဲ့ ကစားရမှာဆိုတော့ မကစားခင်ကတည်းက စိတ်လှုပ်ရှားမိပါတယ်။ နမူနာ ဗီဒီယိုကို ကြည့်ကြည့်ကြပါဦး။

Trailer ကြည့်ပြီး play ချင်စိတ်တွေပေါက်လာရင်တော့ App Store နဲ့ Play Store တို့မှာ ခုပဲ download သွားလုပ်လို့ ရနေပါပြီနော်။

Download link – Android/ IOS

Ref 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password