Tank ကားကြီးတွေအချင်းချင်းစစ်တိုက်ရမယ့် Multiplayer ဂိမ်းလေးတစ်ခုဖြစ်တဲ့ Iron Force!

Tank ကားကြီးရဲ့ ကွန်မန်ဒါ တစ်ယောက်နေရာကနေဆော့ကစားရမှာဖြစ်ပါတယ်။ ပြောရရင် Tank ကားကြီးကိုထိန်းချုပ်ရမယ့်သူပေါ့ဗျာ။ ရန်သူတွေရဲ့ Tank ကြီးတွေမှာလည်း တခြား Player တွေဖြစ်တဲ့ ကွန်မန်ဒါတွေ ရှိနေပါတယ်။ Tank ကားတွေအချင်းချင်း Multiplayer Battle ဖြစ်နေတာကြောင့် စိတ်ဝင်စားဖို့ကောင်းပါတယ်။

Battle တစ်ခုမှာ Tank ကား ၁၃ စီးပါဝင်မှာဖြစ်ပါတယ်။ Map ကကျယ်နေမှာကြောင့် နေရာကျပ်နေမှာတော့မဟုတ်ပါဘူး။ Player တစ်ယောက်ကို တစ်ဖွဲ့ဖြစ်တာကြောင့် တွေ့တဲ့လူကိုသတ်ရမှာဖြစ်ပါတယ်။ မိတ်ဆွေမသတ်ရင် သူကမိတ်ဆွေကို သတ်မှာဖြစ်တာကြောင့် ညှာတာလို့တော့ မရပါဘူး။ Tank တစ်စီးကိုမိတ်ဆွေသတ်နိုင်ရင် In-game Money ရရှိမှာဖြစ်ပါတယ်။ တစ်ယောက်တစ်ဖွဲ့ဖြစ်တာကြောင့် သူများပစ်ပြီးလို့သွေးလျှော့နေတဲ့ Tank ကြီးကို ချိန်စား ခြင်းဖြင့်အကျင့်ပုပ်နိုင်တဲ့ဂိမ်းလေးလည်းဖြစ်ပါတယ်။

အကယ်၍မိတ်ဆွေက သူများပစ်လို့သေသွားရင်တော့ Gem သုံးပြီး Revive ပြန်လုပ်ရမှာဖြစ်ပါတယ်။ Battle တစ်ပွဲမှာအချိန်သတ်မှတ်ထားမှာဖြစ်ပါတယ်။ အဲ့ဒီအချိန်အတွင်း အများဆုံးသတ်နိုင်တဲ့လူက Score အများဆုံးဖြစ်နေမှာဖြစ်ပြီး ဆုကြေးလည်းပိုမိုရရှိမှာဖြစ်ပါတယ်။ အရေးအကြီးဆုံးကရန်သူရဲ့ အာရုံက မိမိဆီကိုရောက်မနေဖို့ပဲဗျ။ အာရုံရောက်ပြီဆိုရင် မိတ်ဆွေရဲ့Tank ကြီးကိုမပေါက်ကွဲမချင်း လိုက်ပစ်နေမှာပါ။ အဲ့ဒီအချိန်ကျရင် ပုန်းလို့မရသလို ပြေးရင်လည်းမလွတ်နိုင်ပါဘူး။ ပစ်နေရင်း လမ်းတစ်လျှောက်မှာ Speed Up တွေကို Bonus အနေနဲ့ထားပေးထားပါတယ်။ အဲ့ဒီ Speed Up ကိုရရှိပြီးအသုံးပြုလိုက်ရင်တော့ မိတ်ဆွေရဲ့ Tank ကားကြီးက Movement Speed မြန်ဆန်လာမှာဖြစ်ပါတယ်။

In-game System လေးစတင်ပါရစေ။ FFA, Team, Deathmatch, Event စတဲ့ မိတ်ဆွေဆော့နိုင်တဲ့ Option တွေရှိနေမှာပါ။ FFA ကတော့ Free For All ဖြစ်ပြီး စစချင်းမှာ Chapter တစ်ခုသာ Unlock ဖြစ်နေမှာဖြစ်ပါတယ်။ Team လည်း စစချင်းမှာ FFA လိုပဲ Chapter တစ်ခုသာ Unlock ဖြစ်နေမှာပါ။ Team ဆိုတဲ့အတိုင်းအဖွဲ့နဲ့ ဆော့ရမှာဖြစ်ပါတယ်။ Teammate Tank ကားကြီးတွေကတော့ AI တွေပါ။ Deathmatch ကတော့ စစချင်းမှာ Unlock ဖြစ်နေမှာမဟုတ်ပါဘူး။ Event ကတော့ Developer တွေပေးထားတဲ့အချိန်မှသာဆော့နိုင်မှာဖြစ်ပါတယ်။

Tank ကာအမျိုးအစားများစွာပါဝင်ပါတယ်။ Tank ကားကြီးတွေရဲ့အရောင်တချို့ကိုလည်း မိတ်ဆွေစိတ်ကြိုက် လဲလှယ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Power Up Option  လည်းရှိပါသေးတယ်။ အဲ့ဒီ Option မှာတော့ မိတ်ဆွေက Tank ကားကြီးရဲ့ ပစ်ခတ်နိုင်မှု Damage တွေ၊ ပြင်ပ Damage တွေကိုခံနိုင်အောင် Armor တွေတိုးမြှင့်တာတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်မှာဖြစ်ပါတယ်။ ရှင်းရှင်းလင်းလင်းနဲ့ ထိန်းချုပ်ရတာလွယ်ကူတဲ့ဂိမ်းလေးဖြစ်ပြီးဆော့ရတာအဆင်ပြေတာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

 

Image Source : Iron Force 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password