သူရဲကောင်းတစ်ယောက်နေရာကနေလမ်းတလျှောက် သားရိုင်းတွေ၊ မိစ္ဆာတွေကိုလိုက်လံသတ်ဖြတ်နေရမဲ့ Iron Blade!

Action နဲ့ RPG နှစ်မျိုးကိုရောစပ်ဖန်တီးထားတဲ့ဂိမ်းလေးဖြစ်ပါတယ်။ Gameloft ကထုတ်တဲ့ဂိမ်းတော်တော်များများ က ကောင်းနေတာကိုမိတ်ဆွေသတိထားမိမှာပါ။ ဒီ Iron Blade ဆိုတဲ့ဂိမ်းကလည်း Gameloft ကထုတ်တဲ့ဂိမ်းထဲကတစ်ခုအပါအဝင်ဖြစ်တာကြောင့် ကောင်းမှာကတော့ 50% လောက်သေချာပါတယ်။ ကျန်တဲ့ 50% ကောင်းမကောင်း ကတော့ အောက်မှာရေးထားတဲ့ In-Game System ကိုကြည့်ခြင်းဖြင့်ဆုံးဖြတ်နိုင်ပါတယ်။ ဂိမ်းမှာမရနိုင်တဲ့ Option တွေ၊ မကောင်းတာကို ကောင်းတယ်လို့ ချဲ့ပြီးပြရေးသွားမှာ မဟုတ်တာကြောင့် မိတ်ဆွေက ဒီ article ကိုယုံကြည်စိတ်ချစွာဖတ်ကြည့်ပြီး ဆော့သင့်၊ မဆော့သင့်ကိုဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။


Story Mode ဖြစ်ပြီး Mission တွေအများအပြားရှိတဲ့ဂိမ်းဖြစ်ပါတယ်။ Story Line နဲ့ Mission တွေက တစ်ဆက်တည်းပါ။ Mission နဲ့ Story Line ကဆက်နေတာကြောင့် Mission တွေအကုန်ပွင့်မှ Story တစ်ခုလုံးကိုသိနိုင်မှာဖြစ်ပါတယ်။

Mission တွေအနေနဲ့ကတော့ ဂိမ်းထဲစစချင်းဝင်ရင် Campaign,  Finish Chapter 2 to unlock,  Events ဆိုပြီး Option 3 ခုပေးထားမှာပါ။

Campaign ထဲကိုဝင်သွားရင် Esquin the Betrayer, Hugo the Crusher, Black William, Abbadon, Victor the Decimator, Geoffrey the Tainted, Deathless Lord, Gerhand the Ancient, Baal, Esquin’s Wraith စတဲ့နာမည်တွေရှိတဲ့ Mission 10 ခုကိုတွေ့ရမှာဖြစ်ပါတယ်။ Mission တစ်ခုချင်းစီမှာ Mission အသေးလေး 5 ခုရှိတာကိုတွေ့ရမှာပါ။ Mission တွေထဲက စစချင်းနှစ်ခုဖြစ်တဲ့ Esquin the Betrayer နဲ့ Hugo the Crusher ထဲမှာ Mission အသေးလေး 5 ခုရှိနေတာကိုတော့ အာမခံပါတယ်။ ကျန်တဲ့ Mission 8 ခုကကျွန်တော်လည်း unlock မဖြစ်သေးတဲ့အတွက် Mission အရေအတွက်ကိုတော့သေချာမပြောနိုင်ပါဘူး။ဒါပေမဲ့ 5 ခုအောက်မရောက်တာတော့ သေချာပါတယ်။

Campaign အောက်က Option တစ်ခုမှာ Finish Chapter 2 to unlock ဆိုပြီးပေါ်နေမှာဖြစ်ပါတယ်။ အဲ့ဒါကတော့အစပိုင်းပါပဲ။ Campaign Mission 10 ခုထဲက 2 ခုအထိအောင်ပြီးရင် Finish Chapter 2 to unlock နေရာ မှာ Fortress လို့ပေါ်လာပြီး Fortress Mission ကိုဆော့နိုင်မှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ Event ပါ။ Event မှာ Level တွေမခွဲထားပါဘူး။ Extra Option အနေနဲ့လုပ်ပေးထားတာကြောင့် ဆော့လည်းဘာမှမဖြစ်သလို မဆော့လည်းကိစ္စမရှိပါဘူး။ Level တွေမခွဲထားတဲ့အတွက် မိတ်ဆွေရဲ့ Character Hero နဲ့မမျှတဲ့ကောင်တွေနဲ့လည်တွေ့ရမှာပါ။

 

မိတ်ဆွေရဲ့ Character ကသာမာန်စစ်တိုက်ရာမှာကျွမ်းကျင်တဲ့ သူရဲကောင်းတစ်ယောက်သာဖြစ်ပါတယ်။ ပြောရရင် သာမာန်လူတစ်ယောက်ပါ။ ဒါပေမဲ့ မိတ်ဆွေဖိုက်ရမှာကလူတွေအပြင် သားရိုင်းတွေ၊ မိစ္ဆာတွေလည်းပါဝင်နေမှာပါ။ ဖိုက်ရမဲ့ မိစ္ဆာ၊ သားရိုင်းအကောင်လေးတွေရဲ့ပုံကိုကြည့်ချင်တယ်ဆိုရင်တော့ Campaign ထဲက Mission ထဲမှာပုံတွေ ပြထားပါတယ်။ ဖိုက်ရမဲ့ထဲမှာ သားရိုင်းတွေ၊ မိစ္ဆာတွေပါနေမှာကြောင့် မျှမျှတတဖြစ်အောင်မိတ်ဆွေရဲ့ Character ကို စစချင်းထဲက လက်နက်တွေအစုံလိုက်ပေးထားပါတယ်။ ဓား၊ လေးမြှား၊ ပုဆိန်အပြင် တစ်ကိုယ်လုံးမှာ Armor တပ်ဆင်ပေးထားမှာဖြစ်ပါတယ်။

ပေးထားတဲ့ လက်နက်တွေ၊ Armor တွေကို ပိုမိုကြမ်းချင်တယ်ဆိုရင်တော့ မိတ်ဆွေကိုယ်တိုင် Upgrade မြင့်ပေးရမှာပဲဖြစ်ပါတယ်။ ဒီဂိမ်းမှာထူးခြားတာက လက်နက်တစ်ခုခုကို Upgrade လုပ်မယ်ဆိုရင် အခြားလက်နက်တစ်ခုပေးဆပ်ရတာပဲဖြစ်ပါတယ်။ Upgrade လုပ်မဲ့လက်နက်နဲ့ ပေးဆပ် ရမဲ့လက်နက် နှစ်ခုကို Fusion လုပ်မှနောက်ထပ် Item အသစ်ထွက်လာမှာဖြစ်ပြီး Damage လည်းပိုကြမ်းလာမှာဖြစ်ပါတယ်။ ဒီဂိမ်းရဲ့ အဆောင်အယောင် အပြင်အဆင်တွေကိုကြည့်ရင်ရောမခေတ်ကိုအမှတ်ရစေမှာပါ။ ပတ်ဝန်းကျင်တစ်ခုလုံးကိုထင်းနေအောင်မြင်နိုင်တဲ့အပြင် ရန်သူတွေကိုချတဲ့အခါသွေးထွက်တာတွေ၊ Combat အလန်းလေးတွေကိုသေသေချာချာမြင်နိုင်တာကြောင့် Graphics ပိုင်းကတော့ပြောစရာသိပ်မရှိပါဘူး။

Free To Play ပါ။ Online ဂိမ်းအမျိုးအစားဖြစ်ပြီး Android နဲ့ IOS platform နှစ်မျိူးလုံးမှာကစားနိုင်ပါတယ်။ 1.88 GB Memory Space ယူပေမဲ့ Console လောက်နီးနီးရုပ်ထွက်ကောင်းတာကြောင့် ဆော့သင့်တဲ့ဂိမ်းတွေထဲကတစ်ခုပါလို့အကြံပေးပါရစေ။

 

Image Source : https://play.google.com/store/apps/details?id=com.gameloft.android.ANMP.GloftHFHM

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password