
Apple ဟာ ၂၀၁၇၊ စက်တင်ဘာလ ၁၉ ရက်နေ့မှာ သူ့ရဲ့ နောက်ဆုံး iOS version ဖြစ်တဲ့ iOS 11 ကို တစ်ကမ္ဘာလုံးက User တွေအတွက် ထုတ်လွှင့်ပေးခဲ့ပါတယ်။ Feature အသစ်တွေအများကြီး သယ်ဆောင်လာတဲ့ iOS 11 ဟာ Apple Device User တွေရဲ့ သောင်းသောင်း ဖြဖြ ကြိုဆိုခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမယ့် လက်ခုပ်သံတွေရဲ့နောက်မှာ ဝမ်းနည်းစရာတွေက တွဲပြီးလိုက်ပါလာပါတယ်။
iOS 11 ဟာ 32 Bit Application တွေကို support မလုပ်ပေးတော့တဲ့အတွက် သိန်းနဲ့ချီတဲ့ Application တွေကို အသုံးပြုလို့မရတော့ဘူး ဖြစ်သွားပါတယ်။ ကျွန်တော်တို့ရဲ့အချစ်တော် Flappy Bird ဟာလည်း အဆိုပါ Application တွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် Developer တွေက သူတို့ရဲ့ Application တွေကို update လုပ်ပေးရင် ဆက်လက်အသုံးပြုလို့ရမှာ ဖြစ်ပေမယ့် Flappy Bird ကို ရေးဆွဲခဲ့သူ Dong Nguyen ကတော့ သူ့ဂိမ်းကို ဆက်လက် support လုပ်တော့မှာ မဟုတ်ဖူးလို့ သူ့ရဲ့ Facebook စာမျက်နှာကနေ ပြောကြားသွားခဲ့ပါတယ်။
Flappy Bird ချစ်သူတွေကလည်း သူတို့ရဲ့ ခံစားချက်တွေကို အောက်ဖော်ပြပါအတိုင်း ဖွင့်ဟခဲ့ကြပါတယ်။
Absolute disaster – no more flappy bird!!! #ios11 #flappybird #RIP pic.twitter.com/Qd2naDcUsy
— Andy (Doog) (@doogwog) September 19, 2017
RIP Flappy Bird. Tried to keep you on my phone the longest I could! #iOS11 #FlappyBird #Games pic.twitter.com/QKH7lGf09l
— A.C. (@ThespAC) September 20, 2017
ယခင်ကတည်းက Flappy Bird ကို အဆုံးသတ်တော့မယ်လို့ ပြောကြားခဲ့ဖူးတဲ့ Dong Nguyen ဟာ ‘ဒီဂိမ်းနဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့ တာဝန်တွေက ၂၀၁၄ ခုနှစ်ကတည်းက ပြီးဆုံးခဲ့ပါပြီ’ လို့ Facebook comment မှာ ထပ်ဆင့်ပြောကြားသွားပါတယ်။ Flappy Bird ချစ်သူတွေအနေနဲ့ iOS 11 ကို Update မလုပ်သရွေ့ Flappy Bird ကို ဆော့ကစားနိုင်မှာဖြစ်ပေမယ့် တစ်နေ့နေ့တစ်ချိန်ချိန်မှာ လုံးဝခွဲခွာဖို့ ကြိုတင်ပြင်ဆင်ထားကြရန် တိုက်တွန်းလိုက်ရပါတယ်။