iOS 11 နဲ့အတူ ရောက်ရှိလာတဲ့ AR ဂိမ်းများ

Apple ဟာ iOS 11 နဲ့အတူ ARKit ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ ARKit ကို အသုံးပြုပြီး Developer တွေဟာ iOS Device တွေ အတွက် Augmented Reality (AR) App တွေကို ရေးဆွဲနိုင်ကြမှာ ဖြစ်ပါတယ်။ iOS 11 ရဲ့ Global Release နဲ့အတူ AR function တွေပါဝင်တဲ့ App တွေလည်း အလျှိုလျှို ပေါ်လာကြပါတယ်။

Game Developer တွေကလည်း ဒီအခွင့်အရေးကို လက်လွှတ်မခံကြပါဘူး။ ဒါကြောင့် iOS 11 ထွက်တာနဲ့ AR Game တွေကလည်း App Store ပေါ်ကို ရောက်ရှိပြီးသား ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ Apple Device တွေပေါ်က AR ဂိမ်းတွေဟာ ဘယ်လိုရှိတယ် ဆိုတာကို အမြည်းအစမ်းအနေနဲ့ စုစည်းဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

တစ်ခုရှိတာက AR Game တွေကို ARKit support လုပ်တဲ့ Apple A9 ၊ A10 နဲ့ A11 chip တွေ ပါဝင်တဲ့ Device တွေမှာပဲ ဆော့ကစားလို့ရမှာပါ။ A9 ၊ A10 နဲ့ A11 chip ပါဝင်တဲ့ Device တွေကတော့ –

  • iPhone 6s and 6s plus
  • iPhone 7 and 7 plus
  • iPhone SE
  • iPhone 8 and 8 plus
  • iPhone X
  • iPad Pro (9.7, 10.5, 12.9)
  • iPad (2017)

Conduct AR! ($3.99)

ရထားမောင်းတဲ့ simulation ဂိမ်းတစ်ခု ဖြစ်ပါတယ်။

 

Warhammer 40,000: Freeblade (Free)

Warhammer 40,000 က သူ့ရဲ့ update အသစ်မှာ သင့်ရဲ့ Knight နဲ့ AR ဓာတ်ပုံရိုက်လို့ရအောင် ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။

 

AR Dragon (Free)

နဂါးလေးတစ်ကောင်ကို pet အနေနဲ့ စောင့်ရှောက်မွေးမြူရမယ့် ဂိမ်းတစ်ခု ဖြစ်ပါတယ်။

 

Mammoth Mini Golf AR ($4.99)

မိသားစုနဲ့ ပျော်ပျော်ပါးပါး ဆော့ကစားနိုင်မယ့် Golf ဂိမ်းလေး ဖြစ်ပါတယ်။ ကစားသူ ၄ ဦးအထိ pass-and-play ပုံစံနဲ့ အတူဆော့ကစားနိုင်မှာပါ။ ချစ်စရာ အကောင်လေးတွေပါဝင်တာမို့ သားသားမီးမီးတွေပါ နှစ်သက်ကြမှာပါ။

 

Euclidean Lands ($3.99)

3D Puzzle တွေကို ဖြေရှင်းရင်း ရန်သူတွေကို တိုက်ခိုက်ရမယ့် ဂိမ်းတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ နောက်ဆုံးထွက် update မှာ AR mode ကို ထည့်သွင်းပေးလာခဲ့တဲ့အတွက် ယခင်က ကစားခဲ့တဲ့ level တွေအားလုံးကို အလန်းစား AR မြင်ကွင်းနဲ့ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

 

Egg, Inc. (Free)

ကြက်မွေးမြူရတဲ့ Simulation ဂိမ်းတစ်ခု ဖြစ်ပါတယ်။ နောက်ဆုံးထွက် update နဲ့အတူ AR mode ပါဝင်လာတာမို့ သင့်ရဲ့မွေးမြူရေးခြံကို သင့်စားပွဲပေါ်မှာ ခန့်ခန့်ငြားငြား မြင်တွေ့ရမှာ ဖြစ်ပါတယ်။

 

Flat Pack (Free)

2D နဲ့ 3D မြင်ကွင်းတွေကို ပေါင်းစပ်ထားတဲ့ platform ဂိမ်းတစ်ခု ဖြစ်ပါတယ်။ iOS 11 မှာတော့ AR mode ကို အသုံးပြုပြီး ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

 

Zombie Gunship Revenant (Free)

Zombie Gunship ဂိမ်းကလည်း AR hype-train ပေါ်ကို အရင်ဆုံးတက်တဲ့ သူတွေထဲမှာ ပါဝင်ပါတယ်။ ပုံမှန် Zombie Gunship ဂိမ်းကို AR အသွင်ပြောင်းထားတာ ဖြစ်ပါတယ်။ လောလောဆယ် ဆော့ကြည့်ပြီးသလောက်မှာတော့ control ပိုင်း အဆင်အပြေဆုံးဂိမ်း ဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password