Zombie တွေပဲရှိနေတဲ့မြို့တစ်ခုလုံးမှာ ကြိုးစားရှင်သန်ရမယ့် Into The Dead 2!

ပတ်ဝန်းကျင်တစ်ခုလုံးမှာ Zombie တွေပြည့်နှက်နေမှာပါ။ Into The Dead ကိုအခြေခံထားတဲ့ဂိမ်းလေးဖြစ်ပါတယ်။ Into The Dead ကိုအခြေခံထားတာကြောင့် ဆော့ပုံဆော့နည်းကတော့ Into The Dead နဲ့တူနေမှာပါ။ ဒီ Into The Dead 2 ဂိမ်း မှာလည်း Into The Dead ကလိုပဲ Zombie တွေကတစ်မြို့စာလောက်ရှိနေမှာပါ။ တစ်မြို့လုံးစာ Zombie တွေဆီကနေလွတ်အောင်ပြေးရမယ့်လူနေရာမှာမိတ်ဆွေဆိုရင်ဘာလုပ်မလဲမသိပေမယ့်ကျွန်တော်ဆိုရင်တော့မပြေးတော့ပါဘူး။ လွတ်မှာမဟုတ်သလို အားလည်းကုန်ပါတယ်။ ဒါပေမယ့်အဲ့ဒီဂိမ်းထဲကဇာတ်ကောင်ကတော့ Never Give Up ပါပဲ။ အားကုန်တဲ့ထိပြေးမှာပါ။ အားကုန်တဲ့အထိပြေးလည်းလွတ်မှာတော့မဟုတ်ပါဘူး။ Zombie တွေကြားကဖြတ်ပြီးပြေးရတာမို့Zombie တစ်ကောင်ကသူ့ရဲ့အစိတ်အပိုင်းတစ်ခုခုကိုဖမ်းမိရင်မလွှတ်နိုင်တော့ပါဘူး။ ဒါ့အပြင်သူလည်းကျွန်တော်တို့လိုသာမန်လူ၊ Stamina ရှိတဲ့အတွက်အဲ့ဒီ Stamina Limit ရောက်သွားလို့မပြေးနိုင်ရင်လည်း Rest In Peace ပါပဲ။ အဲ့ဒါကြောင့်ဒီဂိမ်းက Endless ဖြစ်နေတာပါ။ Endless ဖြစ်တဲ့အတွက်ကြောင့် မိတ်ဆွေရောက်တဲ့ခရီးပမာဏကိုတွက်ပြီး Score တွေတွက်သွားမှာပါ။ မိတ်ဆွေကမိမိ Best Score ထက်ကျော်အောင်ပြေးရမှာပါ။

 

 

In-game System က Into The Dead နဲ့တူနေပေမဲ့ Story Line ကတော့မတူပါဘူး။ Into The Dead မှာတုန်းကတစ်မြို့လုံး Zombie ဖြစ်နေပြီးမိတ်ဆွေ ရဲ့ Character ကအဲ့ဒီ Zombie တွေဆီကလွတ်အောင်တစ်ယောက်တည်းပြေးရတာပါ။ တစ်ယောက်တည်းရှင်သန်အောင် Zombie တွေကြားကဖြတ်ပြီးပြေးရမှာပါ။ ဒါပေမဲ့ Into The Dead 2 မှာတော့အဲ့လိုမဟုတ်ပါဘူး။ မိတ်ဆွေရဲ့ Character အပြင် သူ့ရဲ့ မိန်းမနဲ့ကလေးပါရှင်သန်နေမှာပါ။ ဒါပေမဲ့တစ်ကွဲတစ်ပြားစီဖြစ်နေပါတယ်။ တစ်ကွဲတစ်ပြားစီဖြစ်နေတာကြောင့် ဘယ်မှာရှိမှန်းလည်းမသိပါဘူး။ အဲ့ဒါကြောင့် Into The Dead 2 မှာမိတ်ဆွေရဲ့ Character ကမိမိကိုယ်ကိုရှင်သန်ဖို့ထက် သူ့ မိန်းမနဲ့ကလေးကိုရှာဖို့ Zombie တွေကြားကဖြတ်ပြေးမှာပါ။

 

                               

Zombie တွေကြားကဖြတ်ပြေးရမှာကြောင့် မိတ်ဆွေကိုလက်နက်တွေတော့ပေးထားမှာပါ။ လက်နက်တွေအနေနဲ့ကတော့ Into The Dead ကလိုပဲ သေနတ်၊ လွှ၊ ဓား စတာအပြင် Into The Dead မှာပါခဲ့တဲ့ လက်နက်တွေအကုန်ပါဦးမှာပါ။ လက်နက်အသစ်တွေအနေနဲ့က မုဆိုးတွေအမဲလိုက်တဲ့အခါသုံးတဲ့ လေးမြှား၊ Machine Gun၊ မီးသေနတ်စတာတွေပါမယ်လို့တော့ သိရပါတယ်။ တချို့လက်နက်တွေကို မိတ်ဆွေကိုယ်တိုင် Unlock လုပ်ရမှာဖြစ်ပြီး၊ တချို့ဟာတွေကိုတော့ Zombie တွေကိုဖြတ်ပြေးရာလမ်းတစ်လျှောက်မှာကောက်ရမှာဖြစ်ပါတယ်။ အဲ့ဒါတွေအပြင်ထပ်တိုးလာနိုင်ပါသေးတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်အခုရေးနေတဲ့ Into The Dead ဂိမ်းကထွက်တောင်မထွက်သေးလို့ပါ။ October 13th  မှထွက်ရှိမှာပါ။ ကျွန်တော်အခုရေးတာ Official Website ကသတင်းအချက်အလက်တွေအရပါ။ October 13th ဆိုတော့သိပ်မလိုတော့တဲ့အတွက် ဒီ Article လေးကို ဖတ်ထားလည်းမိတ်ဆွေအတွက်အရှုံးမရှိပါဘူး။ ဘာလို့လဲဆိုတော့ တတ်နိုင်သလောက်တိကျအောင်ရေးထားပေးလို့ပါ။

Graphic ပိုင်းနဲ့ Sound System ကပြောစရာသိပ်မလိုတာဆော့ဖူးတဲ့လူတွေဆိုသိပါလိမ့်မယ်။ မဆော့ရသေးတဲ့လူတွေအတွက် မိတ်ဆက်ပေးပါ့မယ်။ ဒီဂိမ်း ရဲ့ Graphic ပိုင်းက realistic အရမ်းဆန်တာကြောင့် Zombie တွေရုပ်ထွက်လှပါတယ်။ ချောတာကိုပြောတာမဟုတ်၊ Zombie ရုပ်ပေါက်တာကိုပြောတာပါ ။ Sound System မှာလည်း Zombie တွေရဲ့အသံကိုကြည်ကြည်လင်လင်ကြားရတဲ့အထိပြုလုပ်ပေးထားတာကိုတွေ့ရမှာပါ။ အနည်းဆုံးအသက်က 17 ဖြစ်မှာဒီဂိမ်းကိုဆော့ရင်ပိုကောင်းပါတယ်။ Realistic အရမ်းဆန်တဲ့ Graphics တွေကြောင့်ပါ။ Mood အပြည့်နဲ့ဆော့ချင်သူများအတွက်ညဘက်မှာတစ်ယောက်တည်းနားကြပ်တပ်ဆော့ပါလို့အကြံပေးပါရစေ။

Free To Play လို့ဖော်ပြထားပြီးတချို့အရာတွေကို တကယ့်ပိုက်ဆံနဲ့ဝယ်ရမယ်လို့ဖော်ပြထားပါတယ်။ Android နဲ့ IOS Platform နှစ်မျိုးလုံးမှာဆော့ကစားနိုင်တာကြောင့် PlayStore မှာရော App Store မှာရော Pre-register လုပ်ထားနိုင်ပါတယ်။ ဆော့လို့ကောင်းတဲ့ဂိမ်းကောင်းလေးတစ်ခုဖြစ်တာကြောင့် October 13th ကိုစောင့်ပြီးဆော့ကြည့်ကြပါလို့တိုက်တွန်းပါရစေ။

 

 

Image Source :

https://play.google.com/store/apps/details?id=com.pikpok.dr2.play#details-reviews

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password