Zombie တွေလက်ကလွတ်အောင်ပြေးရတာရင်ခုန်ကြတဲ့ Mobile Player များအတွက် Into The Dead!

Zombie ရုပ်ရှင်တွေထဲကလိုပဲတစ်မြို့လုံး ဖုတ်ကောင်ဖြစ်သွားတာကနေစတာပါ။ ရုပ်ရှင်တွေထဲမှာဆိုတစ်မြို့လုံး ဖုတ်ကောင်ဖြစ်သွားရင် လူတစ်အုပ် (သို့) နှစ်ယောက်၊သုံးယောက်လောက် နဲ့ ဖုတ်ကောင်တွေလက်ကလွတ်အောင်ပြေးရတာမိတ်ဆွေသိပါတယ်။ ဒါပေမယ့်ဒီဂိမ်းရဲ့ Zombie တွေဆီကလွတ်အောင် ပြေးရမယ့် Character ကတော့တစ်ယောက်ပါပဲ။ အဲ့ဒါက မိတ်ဆွေပါ။

Zombie တွေကတစ်မြို့စာလောက်ရှိပါတယ်။ တစ်မြို့လုံးစာ Zombie တွေဆီကနေလွတ်အောင်ပြေးရမယ့်လူနေရာမှာမိတ်ဆွေဆိုရင်ဘာလုပ်မလဲမသိပေမယ့်ကျွန်တော်ဆိုရင်တော့မပြေးတော့ပါဘူး။ လွတ်မှာမဟုတ်သလို အားလည်းကုန်ပါတယ်။ ဒါပေမယ့် အဲ့ဒီဂိမ်းထဲကဇာတ်ကောင်ကတော့ Never Give Up ပါပဲ။ အားကုန်တဲ့ထိပြေးမှာပါ။ အားကုန်တဲ့အထိပြေးလည်းလွတ်မှာတော့မဟုတ်ပါဘူး။ Zombie တွေကြားကဖြတ်ပြီးပြေးရတာမို့Zombie တစ်ကောင်ကသူ့ရဲ့အစိတ်အပိုင်းတစ်ခုခုကိုဖမ်းမိရင်မလွှတ်နိုင်တော့ပါဘူး။ ဒါ့အပြင်သူလည်းကျွန်တော်တို့လိုသာမာန်လူ၊ Stamina ရှိတဲ့အတွက်အဲ့ဒီ Stamina Limit ရောက်သွားလို့မပြေးနိုင်ရင်လည်း Rest In Peace ပါပဲ။ အဲ့ဒါကြောင့်ဒီဂိမ်းက Endless ဖြစ်နေတာပါ။

                                              

မိတ်ဆွေရောက်တဲ့ ခရီးပမာဏကိုတွက်ပြီး Score လေးတွေရမှာပါ။ အဲ့တော့မိတ်ဆွေက မိမိရဲ့ Best Score ကို ကျော်အောင်ဆော့နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီဂိမ်းဆော့တဲ့ သူငယ်ချင်းတွေရဲ့ Score နဲ့လည်းပြိုင်ဆိုင်နိုင်ပါတယ်။ မိတ်ဆွေကဒီဂိမ်းမှာ Zombie ကြားထဲကဖြတ်ပြီးပြေးရမှာကြောင့် မိတ်ဆွေလက်ဗလာကြီးနဲ့ပြေးနေရမှာကို Into The Dead Game ရဲ့ Developer တွေကမကြည့်ရက်ပါဘူး။ အဲ့ဒါကြောင့်ပြေးနေတဲ့လမ်းမှာ Zombie တ္ဗေရဲ့သတ်နိုင်တဲ့ လက်နက်လေးတွေပေးထားပါတယ်။ သေနတ်၊ လွှ စတဲ့အကြမ်းစားလက်နက်တွေအပါအဝင်ပေါ့။ လက်နက်တွေပေးထားတာက Zombie လက်ထဲကပြေးရာမှာအထောက်အကူဖြစ်အောင်ပေးထားတာပါ။ Zombie တွေကိုလိုက်သတ်ဖို့မဟုတ်ပါဘူး။ အထင်မလွဲပါနဲ့မိတ်ဆွေ။ မိတ်ဆွေအင်အားနဲ့ Zombie တွေအင်အားက No Match ပါ။ ဒီဂိမ်းမှာတစ်မြို့လုံး Zombie ဖြစ်သွားပြီးမိတ်ဆွေတစ်ယောက်တည်းရှင်ကျန်ခဲ့ပြီ၊ ဘယ်လောက်ကြာကြာထပ်ရှင်သန်နိုင်မလဲဆိုတာတော့ မိတ်ဆွေအပေါ်မှာပဲမူတည်ပါတယ်။

ဒီဂိမ်း ရဲ့ Graphic ပိုင်းက realistic ဆန်တာကြောင့် Zombie တွေရုပ်ထွက်လှပါတယ်။ ချောတာကိုပြောတာမဟုတ်၊ Zombie ရုပ်ပေါက်တာကိုပြောတာပါ။ လက်နက်တွေကိုလည်းမိတ်ဆွေကိုယ်တိုင် unlock လုပ်နိုင်မှာဖြစ်ပြီး လက်နက်တိုင်းမှာ Skin လေးတွေရှိပါတယ်။ Skin ဆိုတာကတော့ လက်နက်ရဲ့အရောင်အသွေးကိုပြောတာပါ။ အရောင်လည်းတော်တော်စုံပါတယ်။ အဲ့ဒါကြောင့်Zombie တွလက်နက်အရောင်လှလှလေးနဲ့ဖိုက်နိုင်မှာဖြစ်ပါတယ်။ Sound System ကိုလည်းသေချာလုပ်ထားတာကြောင့် Zombie တွေရဲ့အသံကိုကြည်ကြည်လင်လင်ကြားရတာကိုတွေ့ရမှာပါ။ Mood အပြည့်နဲ့ဆော့ချင်သူများအတွက်ညဘက်မှာတစ်ယောက်တည်းနားကြပ်တပ်ဆော့ပါလို့အကြံပေးပါရစေ။

Free To Play ပါ။ Android နဲ့ IOS နှစ်မျိုးလုံးကစားနိုင်ပြီး Tablet တွေမှာပါဆော့နိုင်တာကြောင့်မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

Image Source:

https://play.google.com/store/apps/details?id=com.sidheinteractive.sif.DR&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password