News

အိုလံပစ်ကော်မတီက ဇူလိုင် ၂၁ မှာ eSports နဲ့ပတ်သက်ပြီး ဆွေးနွေးပွဲကျင်းပမည်

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက eSports ဟာ အိုလံပစ်အားကစားနည်းတွေထဲမှာ အပါအဝင်ဖြစ်လာနိင်တယ်ဆိုတဲ့ သတင်းထွက်ရှိလာခဲ့ပါတယ်။ အခုတော့ အဲဒါက သတင်းအဆင့်ကနေ လက်တွေ့အကောင်အထည်ပေါ်လာဖို့ အကြောင်းဖန်လာပါပြီ။ အိုလံပစ်ကော်မတီ (IOC) ဟာ Global Association of International Sports Federations (GAISF) နဲ့ပူးပေါင်းပြီး ဇူလိုင် ၂၁ ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ Lausanne မြို့က အိုလံပစ်ပြတိုက်မှာ eSports အကြောင်းကို အဓိကထားဆွေးနွေးမယ့် Forum တစ်ခု ကျင်းပပြုလုပ်သွားတော့မှာဖြစ်ပါတယ်။

ဒီ Forum ရဲ့ အဓိက ရည်ရွယ်ချက်က eSports/Gaming Industry နဲ့ Olympic Movement တို့ အနာဂတ်မှာ ဘယ်လိုလက်တွဲလုပ်ဆောင်သွားမယ်ဆိုတာကို ညှိနှိုင်းဖော်ထုတ်ကြဖို့ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒီ Forum မှာ IOC နဲ့ GAISF တို့အပါအဝင် ဂိမ်းထုတ်လုပ်သူတွေ၊ eSports Team တွေ၊ ဂိမ်းနဲ့ဆက်နွယ်တဲ့ မီဒီယာတွေ အစရှိသူတွေက ပါဝင်ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။

IOC ရဲ့ အားကစားဒါရိုက်တာ Kit McConnell က ဒီအကြောင်းအရာနဲ့စပ်လျှဉ်းပြီး အောက်ပါအတိုင်း ပြောကြားထားခဲ့ပါတယ်။

ကျွန်တော်တို့အနေနဲ့ ဒီ Forum ကို ကျင်းပခွင့်ရတာ အင်မတန်ပဲ ဝမ်းမြောက်မိပါတယ်။ ဒီဆွေးနွေးပွဲကြောင့် တစ်ဦးအပေါ်တစ်ဦး နားလည်မှုတွေပိုရှိလာမယ်လို့လည်း မျှော်လင့်နေမိပါတယ်။ အဲဒီလို နားလည်မှုတွေရှိလာရင် အနာဂတ်မှာ နှစ်ဦးနှစ်ဖက် လက်တွဲလုပ်ဆောင်ဖို့အခွင့်အလမ်းတွေလည်း အများကြီး ပေါ်ပေါက်လာမှာပါ။ IOC ရော GAISF ရောတို့က eSports ရဲ့ အရှိန်အဟုန်နဲ့ တိုးတက်လာမှုကို မျက်ခြေမပျက် စောင့်ကြည့်နေကြပါတယ်။

ဆွေးနွေးကြမယ့်အကြောင်းအရာတွေထဲမှာ အွန်လိုင်း streaming service တစ်ခုဖြစ်တဲ့ Twitch ဘာကြောင့်အောင်မြင်ရသလဲအနာဂတ်မှာ လက်တွဲလုပ်ဆောင်နိုင်မယ့် အခွင့်အလမ်းများPro ကစားသမားတစ်ယောက်ရဲ့ တစ်နေ့တာ စတာတွေ ပါဝင်တာကို တွေ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တွေချစ်ရတဲ့ eSports ကို တစ်ကမ္ဘာလုံးက လက်ခံတဲ့ Official အားကစားတစ်ရပ်အနေနဲ့ မြင်လာရဖို့က တော်တော်လေးကို နီးစပ်လာနေပါပြီ။ ဇူလိုင် ၂၁ ရက်ဆွေးနွေးပွဲကနေ သတင်းကောင်းတွေ ကြားသိရဖို့လည်း မျှော်လင့်နေမိပါတယ်။ ဆွေးနွေးပွဲရလဒ်တွေကိုလည်း ဒီကနေ ဆက်ဆက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Ref: IOC

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: